Saturday, September 14, 2013

ဖေ့ဘုတ်စစ်မြေပြင်

,

တပ်မတော်က အရာရှိလေးကျဆုံးသွားတဲ့ သတင်းပေါ်လာအပြီးမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်း(အဓိက ကတော့ ကေအိုင်အေပေါ့လေ)များရဲ့ တုံ့ပြန်မှုကို လေ့လာမိပါတယ်။

ဆရာဝန်-လူနာဆက်ဆံရေးမှာ Breaking bad news ဆိုတာ ၇ှိတယ်လေ။ ဥပမာ-မျှော်လင့်မထားပဲ လူနာတစ်ဦးကွယ်လွန်သွားလို့ လူနာရှင်ကို ရှင်းပြရတဲ့အခါမျိုးပေါ့။ အဲဒီအခါမှာ တုံ့ပြန်ပုံ အဆင့်လေးတွေ ရှိပါတယ်တဲ့။

၁) Denial (လက်မခံတာ)၊ ဟုတ်လို့လားဆိုပြီး ပြန်ငြင်းတာပါ။

၂) Angry (စိတ်တိုတာ)၊ တကယ်ဖြစ်သွားပြီလို့ သိလိုက်တော့ ဘာကြောင့် ငါတို့တွေမှာမှ ဒီလိုဝမ်းနည်းစရာတွေဖြစ်ရတာလဲ ဆိုပြီး စိတ်ထိန်းမရ၊ ရမယ်ရှာ၊ ထွက်ပေါက်လုပ်တာပေါ့။

၃) Sadness (၀မ်းနည်းတာ) စိတ်လှုပ်ရှားလွန်းပြီး ပြန်လည်တည်ငြိမ်စမှာ
သြော်၊သူတကယ်မရှိတော့ဘူး ဆိုပြီး ၀မ်းနည်းစိတ်ပြန်ဝင်လာတာ။

၎) Acceptance(လက်ခံတာ) အားလုံးတည်ငြိမ်သွားပြီးတော့ အမှန်တရားကို လက်ခံသွားတာ။

တပ်က အရာရှိလေးကျဆုံးတာ တဖက်အဖွဲ့အစည်းအတွက် ၀မ်းနည်းစရာ မဟုတ်ပါ။ ဒါပေမယ့် သူတို့ Denial လုပ်ကြပါတယ်။ ၀ါဒဖြန့်နေတာလား။ စစ်တပ်တွေ ရောက်လာတော့မှာလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ငြင်းဆိုကြတာပါ။
ဒါပေမယ့် ကျဆုံးသွားရှာသူများကတော့ သွားနှင့်ကြပါပြီ။ စစ်သား စစ်မြေပြင်မှာ ကျဆုံးတာ မဆန်းပေမယ့် မကြာခင်က ဆီးရီးယားမှာ ခရစ်ယာန်ဘုန်းကြီးတွေခေါင်းဖြတ်သတ်ခံရသလို အညှင်းဆဲခံရတယ်လို့သတင်းတွေထွက်ခဲ့တာကြောင့် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲတွေကို
စိုးရိမ်ပြီး ကေအိုင်အေအဖွဲ့တွေ ငြင်းဆိုကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ကွန်မန့်တွေကို လေ့လာကြည့်တဲ့အခါ တပ်မတော်သားတွေ သူတို့ကြောင့် ကျဆုံးတာကို ၀မ်းသာဂုဏ်ယူတာမျိုး မဟုတ်ပဲ တိုင်းရင်းသားတွေ အချင်းချင်း ရန်တိုက်ပေးတာမျိုးတွေပဲ တွေ့ရပါတယ်။ သဘောက သူတို့စစ်မတိုက်လိုပါဘူး။ သို့ပေမယ့် ငြိမ်းချမ်းရေး အရေခြုံပြီးတော့ တပ်မတော်သားတွေကို အမှည့်ခြွေ ခြွေလိုတဲ့ ဆန္ဒရှိတယ်လို့ မြင်မိတယ်။

နောက်တစ်ချက်က ကေအိုင်အေဟာ regular army မဟုတ်ပါဘူး။ အမိန့်နာခံမှု အားမကောင်းပါဘူး။ ယူကျူ့မှာ ကြည့်လိုက်ရင် ကေအိုင်အေစစ်တပ်ထဲမှာ မူးယစ်ဆေးစွဲနေသူတွေ အများကြီး ရှိကြောင်း
သတင်းတိုလေးတွေ တွေ့ရပါတယ်။ တစ်ခု စဉ်းစားဖို့ ရှိတာက အကြမ်းဖက်စစ်ရာဇ၀တ်မှု ကျူးလွန်သူ ကေအိုင်အေစစ်သည်တွေဟာ ဖြစ်ပွားစဉ်မှာ စိတ်ကြွဆေး၊မူးယစ်ဆေးတွေ မှီဝဲထားကြသလားဆိုတဲ့ အချက်ပါ။ ကေအိုင်အေက ဒီဖြစ်စဉ်ကို တရားဝင် ငြင်းချက်တွေ ထုတ်လာခဲ့ရင် ဒီမူးယစ်ဆေးနဲ့ အကြောင်းပြမယ်လို့ မျှော်လင့်ရပါတယ်။တချို့ စိုးရိမ်ကြသလို ကေအိုင်အေထဲမှာ အယ်လ်ကိုင်ဒါလို ဘာသာရေး အစွန်းရောက်တွေ ရှိနေသလားဆိုတာတော့ Different story ပေါ့လေ။

အမိန့်နာခံမှုအားကောင်းတဲ့ အတွက်ကြောင့် တပ်မတော်ဘက်က ရိုက်တဲ့ပုံတွေ၊ သက်ဆိုင်ရာတပ်တွေက သီးသန့်ဖြေကြားတာတွေကတဆင့် ဘယ်တော့မှ သတင်းရမှာ မဟုတ်ပါ။ (အခုပျံ့နှံ့နေတဲ့ပုံက ကေအိုင်အေ ဘက်က တက်လာတယ်ဆိုတာကို သတိထားကြည့်ပါ) ဒီတော့ ၀ါဒဖြန့်တယ်လို့ ဝေဖန်သူတွေ စဉ်းစားဖို့က ဒီဓာတ်ပုံတွေဟာ ဘယ်အရင်းအမြစ်က တက်လာသလဲဆိုတာကို ကြည့်ရင်ပေါ်ပါတယ်။ ကိုယ့်ကေအိုင်အေရဲဘော်ကိုယ်ထိန်းမရလို့ အင်တာနက်ပေါ် ပုံတွေတက်ကုန်တာ ဖြစ်နိုင်ပါတယ်။

ကဲ..တပ်မတော်အသိုင်းအ၀ိုင်းက ပုဂ္ဂလိက တုံ့ပြန်မှုတွေကို ကြည့်ရအောင်။တပ်ထဲမှာက သွေးသောက်ရဲဘော်စနစ်နဲ့ သွားတာမျိုးဖြစ်တယ်။ အပတ်စဉ်တူ၊ ဇာတိတူ၊ တပ်ခွဲတူစတာတွေ အကြောင်းပြုလို့ အလွန်ရင်းနှီးကြပြီး အတော့်ကို ကြီးမားတဲ့ ကွန်ယက်ကြီးတွေ ရှိနေတာဖြစ်ပါတယ်။ဒီတော့ ဒီသတင်းဆိုးတက်လာတာနှဲ့မှန်ရဲ့လား၊ မဖြစ်နိုင်ဘူး ဆိုတဲ့Denial မဖြစ်ပါ။ စိတ်တိုကြခြင်း Angry အဆင့်ကို တန်းရောက်သွားပါတယ်။စိတ်တိုခြင်းနဲ့အတူ ကျဆုံးစစ်သည်များအတွက် ၀မ်းနည်းမှု(Sadness) တွေလိုက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ကေအိုင်အေကို အမြစ်ပြတ်တောင်
သုတ်သင်လိုက်မဟဲ့ဆိုတဲ့ Determination တွေ ပေါ်လာပါတယ်။

ဒါပေမယ့် ကေအိုင်အေအဖွဲ့များ သိပ်မကြောက်ကြပါနဲ့။ Sadness ပြီးရင်ဘာလာမလဲ။ Acceptance အမှန်တရားကို လက်ခံမှုဆိုတာ လာပါလိမ့်မယ်။ယနေ့တပ်မတော်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးများအတွက်လက်ရှိအာဏာရအစိုးရရဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာနေတယ်လို့ မြင်မိပါတယ်။

အမိန့်နာခံမှုအားကောင်းတဲ့အတွက်ကြောင့် ကေအိုင်အေရဲဘော်တွေ လုပ်သလို အကြမ်းဖက်သမားဆန်ဆန် အပြုအမူတွေနဲ့ တုံ့ပြန်လိမ့်မယ် မထင်မိပါ။ စနစ်ကျတဲ့ အစီအစဉ်များနဲ့ပဲ တုံ့ပြန်လိမ့်မယ် ယူဆပါတယ်။

တုံ့ပြန်မယ်ဆိုတာ လေယာဉ်ပျံနဲ့ ဗုံးကျဲမှာ၊အမြောက်နဲ့ ပစ်မှာ ဆိုလိုတာမဟုတ်ပါ။ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ တုံ့ပြန်မှုတွေလဲ ဖြစ်နိုင်ပါတယ်။တပ်မတော်ရဲ့ သဘောထားကြီးမှုတွေကိုလည်း မြင်ရဖွယ်ရှိတယ်လို့ထင်ပါတယ်။

နိုင်ငံတစ်ခုဟာ အပြောင်းအလဲ လုပ်လာတဲ့အခါ အစိုးရတစ်ခုထဲ ပြောင်းလဲဖို့လိုတာမဟုတ်ပဲ ပြည်သူပြည်သားတွေကလည်း လိုက်ပါပြောင်းလဲဖို့လိုပါတယ်တဲ့။ နောက်ကြောင်းပြန်လှည့်ခြင်း၊ မလှည့်ခြင်းဟာ အစိုးရ၊ တပ်မတော်မှာသာ တာဝန်ရှိနေတာမဟုတ်ပဲ အများပြည်သူလူထုနဲ့ လူမှုအဖွဲ့အစည်းတွေမှာလည်းတာဝန်ရှိနေတာဖြစ်ပါတယ်။

စာရေးသူရဲ့ ကိုယ်ပိုင်အမြင်များသာ ဖြစ်ပါတယ်။ သို့ပေမယ့် လူသားတစ်ယောက်ရဲ့ အမြင်ဆိုတာ သူကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ စာအုပ်စာပေများရဲ့ လွှမ်းမိုးမှုကို ခံရစမြဲမို့ စာဖတ်သူများရဲ့ အမြင်နဲ့ ကွာဟမှုတွေ ရှိနိုင်ပါတယ်။

စာရေးသူရဲ့ ပေဂ်ျ့ဟာ ဒီသတင်းတွေကို မျှဝေပေးကတည်းက ဖေ့ဘုတ်စစ်မြေပြင် ဖြစ်နေတာမို့ လာရောက်ဖတ်ရှုသူများလည်း ဗြဟ္မာစိုတရားလေးပါးကို ကျည်ကာအကျီလုပ်ဝတ်ပြီး ဖတ်လှည့်ကြပါလို့ အကြံပြုလိုပါတယ် ခင်ဗျား။

အားလုံး ငြိမ်းချမ်းကြပါစေ။

0 comments to “ဖေ့ဘုတ်စစ်မြေပြင်”

Post a Comment