UWSA (၀) အဖွဲ့ နဲ့ NDAA (မိုင်းလား) အဖွဲ့တို့ဟာ လတ်တလောအခြေအနေမှာသဘောထား တင်းမာ မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မကြာသေးခင် ကာလ က UWSA (၀) အဖွဲ့၏ မူးယစ်ဆေးဝါးတွေကို NDAA(မိုင်းလား)တပ်ဖွဲ့ က ဖမ်းဆီးလိုက်တဲ့အပေါ်မှာ သဘောထားတင်းမာလာမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ၂၀၁၀ ပြည့်နှစ် က အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကာလအတွင်း မှာ နယ်မြေလုံခြုံရေးအတွက် အင်အားနည်းပါးနေတဲ့ မိုင်းလားတပ်ဖွဲ့တွေ အတွက် (၀)တပ်ဖွဲ့တွေက အင်အားဖြည့်တင်းပေးခဲ့ပြီး ၊ ယခုလို အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ထူထောင်နေတဲ့ကာလအထိ (၀)တပ်ဖွဲ့ က ပြန်လည်ထွက်ခွါပေးခြင်းမရှိတဲ့ အပေါ်မှာလည်း အခြေခံတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ တာချီလိတ်-ကျိုင်းတုံ ဒေသခံတစ်ချို့ကို မေးမြန်း
ခဲ့ရာဒေသခံတစ်ဦးကမူ
“ဟုတ်တယ်ဗျ ၊ UWSA (၀)အဖွဲ့တွေနဲ့ NDAA(မိုင်းလား)အဖွဲ့တွေ မသင့်မမြတ်ဖြစ်တာတွေ တွေ့ရတယ်။ ကျွန်တော် သိသလောက်ကတော့ မိုင်းလား နယ်မြေကိုဝင်ရင် ဖြတ်သန်းအခွန်ပေးရတယ် ဒါပေမယ့် ၀ အဖွဲ့တွေကမပေးဘူးဗျ။နောက်ပြီး မိုင်းလား နယ်ထဲကို ၀င်လာတဲ့ (၀)တွေကလဲ နေချင်သလောက်နေတယ်
ပြန်ချင်မှလည်းပြန်တယ် အဲ့တာတွေ ဟာ မိုင်းလား အဖွဲ့ကို ထည့်မတွက်တဲ့ သဘောဖြစ်ပြီး (၀) တပ်ဖွဲ့တွေ အပေါ် မကျေမနပ်ဖြစ်ကြတာ လို့ထင်ပါတယ် ”
ပြောကြားခဲ့ပါတယ်။အခုလို သဘောထားတင်းမာမှုတွေ နဲ့ ပတ်သတ်ပြီးတော့လည်း UWSA (၀)နဲ့ NDAA (မိုင်းလား) တပ်ဖွဲ့ က ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံ ဆွေးနွေးသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။
ခက်ဇန်ကို(ကျိုင်းတုံ)