၈ ရက်နေ့ က Eleven ဂျာနယ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်မှုမထမ်း မနေရ ဥပဒေပြဋ္ဌာန်း သင့်တယ်လို့ ရှမ်း တိုင်းရင်းသား ဒီမို ကရက်တစ်(ကျားဖြူ) ပါတီ ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းက ပြောလိုက်ကို ဖတ်လိုက်ရပါတယ်.။သူပြောသွားတဲ့ အထဲမှာတော့. မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်းမှသာ ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာပြီး ပြည်သူနှင့်တပ်မတော်အကြားတစ်သားတည်းဖြစ်ကာ ပြည်သူ့တပ်မတော် ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား ပြည်သူများအပေါ် ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်းဆိုတာတွေ ဖြစ်ပါတယ်။ဒါကိုတော့ အမြင်တစ်ခု အနေနဲ့တစ်ပိုင်းသတ်သတ်ခွဲထားလိုက်မယ်။
နောက်ထပ်တစ်ပိုင်း က ၆ ရက်နေ့ ထုတ် The Flowers News မှာ လူအခွင့်အရေးကာကွယ်မြှင့်
တင်သူများအဖွဲ့ (HWDP) အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ကလေးစစ်သားများပပျောက်အောင် စစ်သားစုဆောင်ရေးတပ်တွေ ဖျက်သိမ်းသင့်တယ်လို့ ပြောဆိုလိုက်တာလဲ ဖတ်ရပါတယ်။သူပြောတဲ့အထဲ
မှာတော့ ကလေးစစ်သားတွေ ပပျောက်ဖို့ဆိုရင် စစ်သားစုဆောင်းရေးတပ်တွေ ဖျက်သိမ်းပစ်ရမယ်လို့ ဆိုထားတာဖြစ်ပါတယ်။ဒါကတော့ သူ့အမြင် တစ်ပိုင်းပေါ့။
ဒီနှစ်ခု ဆက်စပ်တွေးကြည့်လိုက်တဲ့အခါမှာ စစ်မှုမထမ်းမနေရ စနစ် က တကယ်ရှိဖို့လိုလာပြီလို့
ထောက်ပြသလို ဖြစ်နေပါတယ်။ကလေးစစ်သားပပျောက်ရေး အတွက် စစ်သားစုဆောင်းရေးတပ်တွေဖျက်
သိမ်းဖြစ်ဖို့လို့ ပြောဆိုလိုက်တော့စစ်သားစုဆောင်းရေးတပ်တွေ မရှိတော့ရင် (သူတို့အဆို) ကလေးစစ်သား
တွေ တကယ်ပပျောက်မှာလား ၊ ပြည်ထောင်စု မြန်မာ နိုင်ငံလို မိမိစိတ်ဆန္ဒ အလျောက်သာ တပ်မတော်သို့
ဝင်ခွင့်ပေးထားတဲ့ နိုင်ငံမှာ စစ်သားစုဆောင်းရေးတပ်တွေ မရှိရင် ဘယ်ကနေ တပ်သားသစ်အင်အားတွေ ရမလဲ ဒါတွေကိုလဲ ထည့်သွင်းစဉ်းစားစရာဖြစ်သလို၊ စစ်သားစုဆောင်းရေးတပ်တွေဟာ ကလေးတွေကိုပဲ
စုဆောင်းနေလို့လား ၊ စုဆောင်းလို့ ရရှိတဲ့ တပ်သားသစ် ၁၀ ယောက်မှာ အသက်မပြည့်မှီသေးတဲ့ သူ ၂၊၃
ယောက် လောက်ပါနေလို့လား ဆိုတာတွေလဲ စဉ်းစားစရာဖြစ်ပါတယ်။ပြီးတော့ နိုင်ငံတော် ကာကွယ်ဖို့
တာဝန်ယူထားတဲ့ တပ်မတော် မှာ ကလေးစစ်သားတွေ ရှိတယ်ဆိုတာ နဲ့ ပတ်သတ်ပြီးတော့လည်း
တပ်မတော် အပိုင်း က အကြီးအကဲတွေ က သက်ဆိုင်ရာ တပ်တွေမှာ တပ်မတော် အနေနဲ့၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂနဲ့ အရွယ်မရောက်သေးသူများ တပ်မတော်တွင်အမှုထမ်းဆောင်ခြင်းအား စိစစ်ဖို့ သဘောတူလက်မှတ်ရေးထိုးပြီး ၁၃ လ အတွင်းအစိုးရက စစ်မှုထမ်းဆောင်ရန် အသက်မမှီသေးသူ စုစုပေါင်း ၁၇၆ ဦးကို ၄ ကြိမ်ခွဲပြီး လွတ်ငြိမ်းခွင့် ပေးခဲ့တယ်။ ပထမအကြိမ် ၂၀၁၂ စက်တင်ဘာလ တုန်းက ၄၂ ဦး၊ ဒုတိယကြိမ် ၂၀၁၃ ဖေဖဝါရီလမှာ ၂၄ ဦး၊ နောက်တကြိမ် ၂၀၁၃ ဇူလိုင်လက ၄၂ ဦးနဲ့ အခုအကြိမ် ၆၈ ဦး စုစုပေါင်း ၁၇၆ ဦး အသီးသီး မိဘနေရပ်ဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ၊ ကျန်ရှိနေသေးရင်လည်း တပ်လိပ်စာ၊ မိဘ စုံလင်စွာတို့နဲ့ လာရောက်ပြောကြားပါက ထွက်ခွင့်ပေးမယ်လို့ တရားဝင် ကြေငြားထားပြီးဖြစ်ပါတယ်။….

ကဲဟုတ်ပါပီ တပ်မတော် မှာ ကလေးစစ်သားတွေ ရှိနေဆဲ ရှိနေသေးတယ်လို့ စွပ်စွဲနေကြတယ်။ ရှိရင် ဘယ်သူတွေလဲပြပါ ၊ ကျွန်တော် တို့ ချက်ခြင်း ထွက်ခွင့်ပေးပြီး တော့ မိဘအုပ်ထိန်းသူဆီ ပြန်ပို့ပေးပါ့မယ်လို့ ဆိုတော့လဲဘယ်သူဘယ်ဝါ မှ ထောက်ပြလမ်းညွှန် ကူညီပေးခြင်းမရှိပြန်ဘူး။ဒီအတွက်လဲ မေးစရာတွေရှိလာတယ်။နောက်ပြီးတော့ ကလေးစစ်သားတွေ ပပျောက်ဖို့ တပ်မတော် ရဲ့ စစ်သားစုဆောင်းရေးတပ်တွေကိုတောင်ဖျက်သိမ်းဖို့ လိုတယ်ဆိုရင်အခုပြည်တွင်းအကြမ်းဖက်သောင်းကျန်းသူတွေထဲကကလေးစစ်သားတွေကိုရောလူအခွင့်အရေးကာကွယ်
မြှင့်တင်သူများအဖွဲ့ ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေး အနေနဲ့ ဘယ်လိုမှတ်ချက် မျိုးပေးမလဲ တကယ် သိချင်စိတ်ဖြစ်မိတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သား လို့ စကားသံထွက်လိုက်ရင် တပ်မတော် ဘက် ကို မျက်စောင်းထိုးပြီးသားဖြစ်ဖြစ်နေတယ်။ ဦးမြင့်အေး ရဲ့ အယူအဆ အရဆိုရင် ကလေးစစ်သားတွေ ပပျောက်ဖို့ စုဆောင်းရေးတပ်တွေ ဖျက်ဖို့လိုတယ်ဆိုရင် အကြမ်းဖက်သောင်းကျန်းသူတွေ ထဲ ကလေး စစ်သားတွေ ပပျောက်ဖို့အတွက် ဆိုလည်း အဲ့ဒီအဖွဲ့အစည်းတွေဖျက်ပစ်ဖို့ လိုမှာအသေအချာပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ အဖွဲ့အစည်းကိုယ်တိုင် က မ၀င်မနေရ အတင်းအကြပ်ဝင်ခိုင်းနေကြတာမို့ပါ။
မောင်ချိန်ခွင်