လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးမှု ဌာန (ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်) တွင် နိုင်ငံခြား ဘာ သာ စကား ညနေ သင်တန်း များ ဖွင့်လှစ် မည်ဟု သတင်း ရရှိသည်။ ဖွင့်လှစ် မည့် ဘာသာစကား သင်တန်း များ မှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ် ( ဘာသာပြန်၊ စကားပြန် ) ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား ၊ ရုရှား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသား များ အတွက် သီးသန့်) တို့ဖြစ် သည်။
သင်တန်းသို့ တက္ကသိုလ် ဝင် စာမေးပွဲ အောင်မြင် ထားသူ များ လျှောက် ထားနိုင်ပြီး လျှောက်လွှာ များ ကို စက်တင်ဘာ လ ၂၄ ရက် တွင် စတင် လက်ခံမည် ဟု သိရပြီး နောက်ဆုံး လက်ခံ မည့်နေ့ မှာ စက်တင်ဘာလ ၂၇ ရက်ဖြစ် သည်။ အင်္ဂလိပ် ဘာသာ အတွက် သတ်မှတ် ထား သည့် သင် တန်း သား ဦးရေ ပြည့် ပါက လျှောက်လွှာ လက်ခံ မည် မဟုတ် ဟု သတ်မှတ် ထားသည်။ အသေး စိတ် သိရှိ လို သူများ အနေဖြင့် ဖုန်း - ၀၁ - ၅၁၄၃၇၂ ( လိုင်းခွဲ - ၈၀၉ ) သို့ ဆက် သွယ်မေးမြန်း စုံ စမ်းနိုင်ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ ထုတ် Internet ဂျာနယ်တွင် ဖော်ပြ ထား ပါသည်။