၈.၉.၂၀၁၃ ရက်နေ့ (၂၀၃၀)အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်နေ
တရုတ်ကြီး(ခ) ဦးလှသိန်းသည်သုဝဏ္ဏ(ဂ)ရပ်ကွက်နေ
ဒေါ်ညိုမာလာခိုင်၏နေအိမ်သို့သွားရောက်စဉ်နေအိမ်ရှေ့တွင်ရပ်ထားသော စက်ဘီးအား မျက်နှာချင်းဆိုင်နေအိမ်ရှိ အမျိုးသမီး၏ကားဖြင့် တိုက်မိခဲ့၍ အဆိုပါယာဉ်မောင်းအမျိုးသမီးနှင့်
ပြောဆိုနေချိန် ပေါကြီး(ခ) မြင့်အောင် ဆိုသူ ရောက်ရှိလာပြီးဘာဖြစ်တာလဲဟုမေး၍ ဖြစ်စဉ်အားပြောပြရာမှ စကားများစဉ်ပေါကြီး(ခ)မြင့်အောင်မှ ဦးလှသိန်းအားဓါးဖြင့်ထိုးပြီးထွက်ပြေးသွားသဖြင့် ဦးလှသိန်းတွင် ယာခါးအောက်ထိုးသွင်းဒဏ်ရာရရှိကာ စံပြဆေးရုံတွင်အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသရသောကြောင့် သုဝဏ္ဏနယ်မြေရဲစခန်း(ပ) ၂၈၂/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူခဲ့ပါသည်။
တိုင်း၊ ခရိုင် ၊မြို့နယ်တို့မှတပ်ဖွဲ့ဝင်များသည် အမှုမှထွက်ပြေးတိမ်းရှောင်နေသော တရားခံပေါကြီး(ခ)မြင့်အောင်၊(ဘ)ဦးမောင်လေး၊သုဝဏ္ဏ(ဂ)ရပ်ကွက်နေသူအား ဖမ်းဆီးရမိရေးအတွက်
စုံစမ်းဆောင်ရွက်ခဲ့ရာ ၉.၉.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် သာကေတမြို့နယ်၊ (၁၀)တောင် ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်ထရံကြားတွင် ၀ှက်သိမ်းထားသည့် သက်သေခံဓါးအား သိမ်းဆည်းရမိခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၂၈၃/၂၀၁၃၊လက်နက်ဥပဒေပုဒ်မ၁၉(င)ဖြင့်ထပ်မံအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police