နေပြည်တော် စက်တင်ဘာ ၈
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် စက်တင်ဘာ ၈ရက်တွင် လားရှိုး- သိန်းနီ ပြည်ထောင်စု ကားလမ်း
ပေါ်ရှိ နမ့်မျော်ချောင်းကူး တံတားအနီး ရေကျော်မှု ဖြစ်ပွားပြီး ယာဉ်များ
သွားလာမှု ရပ်တန့်ခဲ့ရာ ခရီး သွား ပြည်သူများ အဆင်ပြေစေရေး အတွက် တပ်မတော်
သားများ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ တပ်မတော်
ရေယာဉ် များဖြင့် တစ်ဖက်ကမ်းသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်းနှင့် အဆိုပါ
နေရာသို့ အရှေ့မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး
သွားရောက်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။