မြန်မာနိုင်ငံ ၏ ကျောင်း ဝင်သက် မှာ ၅ နှစ် ဖြစ်နေ၍ ကလေးငယ်များ ၏ ကျောင်းဝင် သက် ကို လက်ရှိ သတ်မှတ် ထားသော ၅ နှစ် မှ ၆ နှစ်သို့ ပြောင်းလဲ ရန် သြဂုတ် ၃၀ ရက် မနက်ပိုင်း က နေပြည်တော် MICC တွင် ကျင်း ပသော ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်းအဆင့် ၁ အစီရင် ခံစာ ( မူကြမ်း ) ရှင်းလင်းပွဲ တွင် မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ ဦးစီး ဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီး က ထောက်ခံ အကြံပြု ပြောကြား ခဲ့သည်။
ကလေးငယ် များ သည် အသက် ၆ နှစ်ပြည့် မှသာ ဦးနှောက်၊ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး မှု ပြည့်စုံ သဖြင့် အခြေခံ ပညာ သင်ရိုး ညွှန်းတမ်း များ ကို သင်ယူ ရန် အဆင် သင့် ဖြ စ်ခြင်းကြောင့် အာဆီယံနိုင်ငံ အပါ အဝင် နိုင်ငံတကာ တွင် အသက် ၆ နှစ်ပြည့် မှ သာ အခြေခံပ ညာ မူလတန်း ဝင် အဖြစ် ကျောင်းဝင် သက် သတ်မှတ် ထားသော် လည်း မြန်မာနိုင်ငံ တွင် အသ က် အရွယ် ၅ နှစ် ဟု သတ်မှတ် ထားကြောင်း သိရ သည်။
ထို့ကြောင့် နိုင်ငံတကာနှင့် လိုက်လျော ညီထွေအောင် မူလတန်းကျောင်း ဝင်သက် ကို လည်း ယခု ၅ နှစ် အရွယ်မှ ၆ နှစ် အရွယ် သို့ ပြောင်းလဲ ရ န် အတွက် CESR အကြံပြု ထားကြောင်း သိရ သည်။ “အာဆီယံ နိုင်ငံတွေ မှာ Grade 1 ကျောင်းဝင် သက်ကို ၆ နှစ် သက်မှတ် ထားပြီး မြန် မာနို င်ငံ တစ်နိုင်ငံ တည်းသာ တစ်နှစ် စောနေ ပါတယ်။ ကျောင်းဝင်သက်အပြင် သူငယ်တန်း (Grade1) သင်ရိုး ညွှန်းတမ်းတွေ ကို လည်း အသက် အရွယ်နဲ့ ကိုက်ညီေ အာင် ပြုပြင် ရေးဆွဲ သင့် ပါတယ်” ဟု ဒေါက်တာ မျိုးသိမ်းကြီး က ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘက်စုံ လွှမ်းခြုံနိုင်ေ သာ ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း ( CESA ) ကို နိုင်ငံ တကာ မှ ငွေကြေးနှင့် နည်း ပညာ အကူ အညီဖြင့် (၂၀၁၂-၂၀၁၄) ဆောင်ရွက် လျက် ရှိသည်။ အဆိုပါ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရေး အဖွဲ့ အတွင်းေ ရးမှူး ဖြစ်သော ဒေါက်တာ မျိုးသိမ်းကြီး က အဆင့် ( ၁ ) အစီရင် ခံစာ ( မူကြမ်း ) ကို သြဂုတ်လ ၃၀ ရက် က နေပြည်တော် ရှိ MICC တွင် ဖတ်ကြား ရှင်းလင်း ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စက် တင်ဘာ ၁၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြ ထား ပါသည်။