Thursday, September 12, 2013

၁၁ ဘီလီယံ ကိစ္စ မှာ မမှန်သတင်းဖြစ်ကြောင်း ရှင်းလင်း

,



ကမ္ဘာ့ဘဏ်၊ အကြီးတန်းမန်နေဂျာတစ်ဦးကပြောတယ်ဆိုတဲ့ ၁၁ ဘီလီယံဒေါ်လာကိစ္စသတင်းဟာ သတင်းမှားဖြစ်ကြောင်းဒီပွဲကိုကိုယ်တိုင်တက်ရောက်သူတစ်ဦးကပြောပါတယ်၊

(၁၁) ဘီလျံကိစ္စ ကမ္ဘာ့ဘဏ်ကပြောတယ်ဆိုတဲ့ သတင်းထွက်လာတဲ့ link ပါ



"ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia" ဆိုတာ ရာထူးမှားနေပါတယ်..... Mr. Jelson က Bank Information Center (BIC) က အာရှဒေသဆိုင်ရာဒါရိုက်တာပါ.... ဒါကြောင့် (၁၁) ဘီလျံကိစ္စကို
ကမ္ဘာ့ ဘဏ်ကပြောတာ မဟုတ်ပါဘူး.... BIC ကပြောတာပါ "

" အဲဒီ ပွဲကို (၁၀) ရက် နဲ့ (၁၁) ရက် မှာလုပ်ပါတယ်။Eleven က သတင်းထောက်မလေး ၃ ယောက်လာတယ်။
မြန်မာတင်ထားတဲ့အကြွေးတွေဆပ်ဖို့ Option ၃ ခုရှိတယ်လို့ BIC က လူက ရှင်းပြတာပါ……ကမ္ဘာ့ဘဏ်က မဟုတ်ပါဘူး။

မြန်မာတင်ထားတဲ့အကြွေးတွေလျှော်ပစ်ဖို့ Option ၃ ခုရှိတာမှာ ပထမ Option က အဲဒီဘဏ်အကောင့် ၅ ခုထဲကနေ ပေးလို့ရတယ်လို့ပြောသွားတာပါ။ BIC ကလူက ဒေါက်တာနိုင်အောင် + မခင်ဥမ္မာတို့လုပ်နေတဲ့
Burma Partnership နဲ့ပေါင်းပြီးလာတာ….. အဲဒီပွဲမှာ မခင်ဥမ္မာက Interpreter လုပ်ပေးပါတယ်…. "
လို့ရှင်းလင်းပြခဲ့ပါတယ်၊

** ဒါ့ကြောင့် ဘဏ်အကောင့်ငါးခုနဲ့ ၁၁ ဘီလီယံအပ်ထားတယ်လို့တိတိကျကျ ရေးနေကြတဲ့သတင်းများဟာ အခြေမခိုင်သောအရင်းအမြစ်မှလာသောသတင်းသာဖြစ်ပါကြောင်း ****

လေးစားခင်မင်လျက် -

Michael Hlaing 


ဓာတ်ပုံ=

1 comments:

  1. ခေါင်းစဉ် မမှန်ဘူး ဆိုတာ က စပြီးမှားနေတာပဲ။ ဘဏ် အကောင့်ငါးခုထဲမှာ ရှိလို့ အဲဒီအောပရှင်ကို ရွေးခိုင်းတဲ့ထဲ ထည့်ထားတာပဲ မှန်တာပေါ့။ ကမ္ဘာ့ဘဏ်က မပြောဘူး BIC က ပြောတယ်လို့သာ ခေါင်းစဉ်တပ်သင့်တာ။ သတင်းမှားတာမှမဟုတ်ပဲ။

    ReplyDelete