Wednesday, September 18, 2013

Times မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Website

,

Times မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Websiteစာရင်းဖြစ်ပါတယ်။
upworthy

Upworthy (http://www.upworthy.com/)

လူမှုရေးကွန်ရက် Site အသစ်တစ်ခု ဖြစ်ပါတယ်။ တစ်နှစ်သားလောက်ပဲ သက်တမ်း ရှိသေးတယ်။ သူ့ဆီမှာ သတင်းထူး သတင်းဆန်းလေးတွေ တင်ပေးထားတာတွေ ရှိတယ်။ ဥပမာ- “ဒေါ်လာ ၅၀၀ ဆုကြေးရသွားတဲ့ စားပွဲထိုးမလေး”၊ “ဖက်တီးလို့ ခေါ်တာကြောင့် ပြန်တိုက်ခိုက်” ဆိုတဲ့ အရပ်သတင်း၊ ပါးစပ်သတင်းတွေ အတော်များများ တင်ထားတာ တွေ့ရတယ်။ ဒီဇိုင်းအဆင်အပြင် ရိုးသားပြီး ခေါင်းစည်း ပေးထားပုံလေးတွေ ဆန်းလို့ သဘောကျစရာကောင်းတယ်။
quartz

Quartz (http://qz.com/)

စီပွားရေး လုပ်ငန်းဆိုင်ရာ သတင်းတွေ အစုံအလင် တင်ပြထားတဲ့ Site ဖြစ်ပါ တယ်။ အားလုံးကို Touch အနေနဲ့ နှိပ်လိုက်တာနဲ့ ပွင့်အောင် စီစဉ်ထားတဲ့အတွက် တက်ဘလက်တွေနဲ့ ဖုန်းတွေမှာ အဆင်အပြေဆုံး သုံးနိုင်ဖို့ စီစဉ်ထားကြောင်း သိသာတယ်။ စီးပွားရေးဆိုင်ရာ သဘောတရား၊ ဆန်းစစ် ဝေဖန်ချက်၊ နည်းပညာဆိုင်ရာ စီးပွားအကြောင်းတွေ အပြည့်စုံဆုံး ဖော်ပြထားတဲ့အတွက် ကမ္ဘာ့စီးပွားနဲ့ မျက်ခြေမပြတ်ချင်သူတွေ တက်ကြည့်သင့်ပါတယ်။
narratively

Narratively (http://narrative.ly/)

သတင်းစာတွေမှာ စာလုံးရေ အကန့်အသတ်ကြောင့် အပြည့်အစုံ မဖော်ပြနိုင်တာတွေကို ဒီ Site ထဲမှာ အပြည့်စုံဆုံး ဖတ်နိုင်အောင် စီစဉ်ပေးထားတယ်။ အကြောင်းအရာတွေ၊ စိတ်ကူးတွေကို အစုံလင်ဆုံး ရေးသားပေးထားတယ်။ လူတွေက သတင်းလောက်နဲ့ အားမရရင် ပုံပြင် ဇာတ်လမ်း ဆန်ဆန် ရေးသားထားတဲ့ ဇာတ်လမ်းတွေ ဖတ်ရမယ်။ ဥပမာ – ယောက်ျား အစောင့်နဲ့ မိန်းမ တက္ကစီ မောင်းသမားဆိုတာကို ဇာတ်လမ်းဖွဲ့ပြီး တင်ပြတာတွေ ဖတ်ရမယ်။ အင်တာနက် ဇာတ်လမ်းတွေကို မှတ်တမ်းတင်ထားတာတွေ ဖတ်ရပါလိမ့်မယ်။

Digital Public Library of America (http://dp.la/)

ဆယ်မိနစ်လောက် အချိန်ရလို့ အွန်လိုင်းပေါ် တက်ခဲ့မယ်ဆိုရင် ဒီ Site ကို ဝင်ကြည့်စေချင်ပါတယ်။ အချက်အလက်ပေါင်းများစွာ၊ ဓာတ်ပုံပေါင်းများစွာကို ပြည်တွင်းမှာရှိတဲ့ စာကြည့်တိုက် ပေါင်းစုံကနေ စုဆောင်း တင်ဆက်ထားတာ ဖြစ်ပါတယ်။ ရှေးဟောင်း သမိုင်းဝင် မှတ်တမ်းဓာတ်ပုံပေါင်း ၂ ဒသမ ၄ သန်းလောက်ကို ခေတ်အလိုက် ကြည့်ရှုနိုင်တဲ့ အဖိုးတန် Site တစ်ခု ဖြစ်ပါတယ်။

Sound Cloud (http://soundcloud.com/)

၂၀၀၇ ခုနှစ်လောက်ကတည်းက ထူထောင်ထားပြီး သီချင်းပေါင်းများစွာကို Share ပေးနေတဲ့ Site တစ်ခု ဖြစ်ပါတယ်။ ဂီတ ပညာရှင်ပေါင်းများစွာရဲ့ သီချင်းတွေရှိတယ်။ ၂၀၁၂ ခုနှစ်ကစပြီး Upload လုပ်ချင်သူတွေ အတွက်လည်း လမ်းဖွင့်ပေးထားပြီး သီချင်းအပြင် အခြား အသံဖိုင်ပေါင်း များစွာကို လည်း စုဆောင်းထားပါတယ်။ သူ့ Site မှာမရှိတာကိုလည်း အခြား Site ကို Link တွေနဲ့ ညွှန်းထား ပါတယ်။

TWWiT (http://twit.tv/)

နည်းပညာနဲ့ ပတ်သက်ပြီး TV လိုင်းတွေမှာ ဖော်ပြထားတာတွေကို ပြန်ပြီး တင်ပေးထားပါတယ်။ TechTV ဆိုပြီး ယခင်က အစီအစဉ်တစ်ခု ရှိခဲ့ဖူးတယ်။ သူ့ထက် ပိုကောင်းအောင် အွန်လိုင်း အစီအစဉ် တစ်ခုအနေနဲ့ တင်ဆက် ပေးထားတာပါ။ တစ်ပတ်အတွင်း Tech သတင်းဆိုတာတွေ၊ ယနေ့ နည်းပညာသတင်း ဆိုတာတွေကို စောင့်ကြည့်နိုင်ပါတယ်။ တစ်ပတ်ကို နည်းပညာနဲ့ ပတ်သက် ပြီး ၂၀ လောက် တင်ပေးနေတာ တွေ့ရတယ်။

5-Second Films (http://5secondfilms.com/)

ရုပ်ရှင် တစ်ကားကို ငါးစက္ကန့်စာလေးတွေ တင်ပေးပြီး မိတ်ဆက်ထားပါတယ်။ တစ်ကြိမ် ဝင်ကြည့်ရင် လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ငါးစက္ကန့်ပေါင်းများစွာကို နာရီနဲ့ချီပြီး ကြာသွားနိုင်တယ်။ အချိန်ပိုင်း လေးတွေအတွင်း တန်ဖိုး မဖြတ်နိုင်လောက်တဲ့ ကားတိုလေးတွေကို ခံစား ကြည့်ရှုနိုင်မှာပါ။ အချို့ ဇာတ်လမ်းတိုလေးတွေက စိတ်ကူး ဖန်တီးချက်တွေဖြစ်လို့ ခိုက်သွားပါလိမ့်မယ်။

NPR First Listen (http://www.npr.org/series/98679384/first-listen)

သီချင်းပေါင်းများ သိမ်းဆည်းပေးထားတဲ့ Site တစ်ခု ဖြစ်ပါတယ်။ ရှားပါးတာတွေပါတယ်။ နောက်ဆုံး ပေါ် ရုပ်ရှင် သီချင်းတွေကို တင်ပေးထားတယ်။ လူအများစု မကြားဘူးသေးတဲ့ သီချင်းတွေကိုပါ ရနိုင် တယ်။ Saharan Guitar Rock ရှားပါး သီချင်းကိုတောင် ရတယ်။ အချိန်ကာလအလိုက် ပျောက်ကွယ် သွားပြီဖြစ်တဲ့ သီချင်းတွေကို ပြန်နားထောင်နိုင်မှာ ဖြစ်တဲ့အတွက် သီချင်းကြိုက်သူတွေ သဘောကျ မယ့် Site ဖြစ်ပါတယ်။

Super Simple Learning (http://supersimplelearning.com/)

လူကြိုက်များတဲ့ ဗီဒီယို Site တစ်ခု ဖြစ်ပါတယ်။ ကလေးတွေအကြိုက် သီချင်းလေးတွေ ရနိုင်တယ်။ အထူးသဖြင့် ပညာရေးဆိုင်ရာ ပညာပေး သီချင်းလေးတွေကို ရယူနိုင်ပါတယ်။ သင်္ချာ၊ အင်္ဂလိပ်စာ အသံထွက်နဲ့ ပတ်သက်တဲ့ သီချင်းတွေကို ရနိုင်တယ်။ ဗီဒီယို တေးသရုပ်ဖော် သီချင်းတွေ ဖြစ်တဲ့ အတွက် ကလေးတွေ သဘောကျမှာ သေချာတယ်။


Outgrow.me (http://outgrow.me/)

ပစ္စည်းဆန်းလေးတွေကို နှစ်သက် သဘောကျသူတွေအတွက် ဘယ်မှာထုတ်တယ်၊ ဘယ်မှာရောင်းတယ် ဆိုတာတွေ ညွှန်ပြထားပါတယ်။ ထူးဆန်းတဲ့ ပစ္စည်းမျိုးစုံကို ရှာဖွေနိုင်ပြီး အမှာကိုလည်း အွန်လိုင်းကနေ လုပ်နိုင်အောင် Link တွေကို ဖော်ပြပေးထားတဲ့အတွက် ဈေးဝယ်ချင်သူတွေ အကျိုး များပါတယ်။

0 comments to “Times မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Website”

Post a Comment