Tuesday, September 24, 2013

အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလား

,

----------------------------------------
ကမ္ဘာပေါ်မှာ လူတိုင်းပြောဖူးတဲ့ စကားတခွန်းရှိပါတယ်ချစ်တယ် တဲ့မိတ်ဆွေတို့ အချစ်အကြောင်းဖတ်ဖူးကြမှာပါအချစ်အကြောင်းကို ရေးသားဖွဲ့နွဲ့သူအတော်များပါတယ်ကျွန်တော်တောင် အချစ်အမျိုးအစားများ ဆိုပြီး ရေးဖူးပါသေးတယ်တချို့တွေက အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့တချို့ကျတော့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းတဲ့

ကျွန်တော်တို့လဲ လေ့လာကြည့်ရအောင်

အချစ် (Love) ဆိုတဲ့ စကားကရှေး Sanskrit ဘာသာစကား ဖြစ်တဲ့Lubhyati က ဆင်းသက်လာတာပါ
အဓိပ္ပါယ်က (Desire) ရမ္မက် ပေါ့ဟုတ်တယ်လေ ၁၅၀၀ အချစ်ဆိုတာsex desire ပါကိုပါပါတယ်
ဘယ်လောက်ပဲ ကွေ့ပတ်လျှောက်လျှောက်နောက်ဆုံး ဒီဘူတာပဲ ရောက်မှာပါပဲ

ယောက်ျား မိန်းမ မှန်သမျှဟာ ချစ်တဲ့စိတ် ရှိရပါတယ် ချစ်တတ်ရပါမယ် ဒါက ဓမ္မတာကိုးအကယ်လို့ တစ်စုံတစ်ယောက်ဟာမချစ်တတ်ဘူး မချစ်ဘူး အချစ်ကို မခံစားဖူးဘူးဆိုရင်သူဟာ normal person မဟုတ်ပါဘူးHypopituitarism ရောဂါရှိသူပါတဲ့အချစ်ဟော်မုန်း နည်းတဲ့ရောဂါပေါ့

အချစ်ဟော်မုန်း ဆိုတာ ဘာလဲ
အချစ်ဟော်မုန်းဆိုတာ ဦးနှောက်ရဲ့ ventral tegmental area VTA ကထုတ်ပေးတဲ့Dopamine (ဒိုပါမင်း) ပါတဲ့
ကျွန်တော်တို့ လူသားတွေ ချစ်ကြိုက် ရင်ခုန် ပျော်ရွှင် ပေါင်းဖက်တာတွေဟာ အဲ့သည့်ဟော်မုန်းကြောင့်ပါ
သူက ခန္ဓာကိုယ်အတွက်မရှိမဖြစ် ဟော်မုန်းဖြစ်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းတွေမှာသာမကသွေးကြောတွေ
ဆီးလမ်းကြောင်းတွေအစာအိမ် အူလမ်းကြောင်းတွေမှာ အရေးပါသူပါ

စိတ်ထောင်းကိုယ်ကြေ ဆိုတာ ကြားဖူးတယ်ဟုတ်သူက အကုန်လုံးနဲ့ ဆိုင်မှတော့ သူအဆင်မပြေရင် တခြားအဂါင်္တွေလဲ ပြဿနာတက်တာပေါ့

ကဲ ကျွန်တော်တို့ အချစ်ကို စသိချိန် ဆိုပါတော့သဘောကျသူကို တွေ့ရင် ရင်ခုန်တယ်ခိုးကြည့်တယ် မိန်းခလေးတွေဆို ရှက်သလိုလိုဖြစ်လာတယ်ဘာ့ကြောင့်လဲဒိုပါမင်း ကြောင့်ပါပဲသူ့ကို မြင်တဲ့ မျက်လုံးသူ့အသံကြားတဲ့ နား စတာတွေကစောစောက VTA ကို ချက်ချင်း သတင်းပို့ပါတယ်VTA ကလည်း ဒိုပါမင်းကို ချက်ချင်းထုတ်ပါတယ်ထွက်လာတဲ့ ဒိုပါမင်းက နှလုံးကိုသွားပြီး နှလုံးခုန်တာမြန်စေပါတယ်
သွေးကြောတွေကျယ်လာစေတယ်ဦးနှောက်က caudate nucleus ကိုထိပြီးကယောက်ကယက် ဖြစ်စေပါတယ်
ပျော်ရွှင်လာစေပါတယ်

ဒါကြောင့် လူတွေကမင်းကိုတွေ့ မင်းအသံလေးကြားတာနဲ့ရင်ခုန်လွန်းလို့ ဘာလုပ်ရမှန်းတောင် မသိဘူးလို့
မင်းကိုတွေ့နေ ကြည့်နေရရင်ကျေနပ်နေတယ် လို့ပြောကြပါတယ်ပျက်ရယ်မပြုနဲ့နော် သူတကယ်ခံစားရလို့ ပြောတာပါ

မိတ်ဆွေတို့ ဘိန်းတို့ ကိုကင်းတို့ သုံးဖူးပါသလားဘာလို့ဖြတ်မရအောင် စွဲလဲဆိုတာကော သိပါသလား
ပြောပြပါ့မယ်မူးယစ်ဆေးဝါးဟာ ခန္ဓာကိုယ်ထဲရောက်လာတာနဲ့ စောစောက VTA ကိုသွားပြီး
ဒိုပါမင်းတွေ မတရား ထွက်စေပါတယ်ဒါ့ကြောင့် ဆေးစွဲတဲ့သူတွေဟာ ပျော်ရွှင်တဲ့ feeling ခံစားလာရပြီး
အဲ့သည့် feeling ကို ပြန်လဲမပြောတတ်ပါဘူးကျေနပ်နေတာပဲ သိပါတော့တယ်
ဒါပေမယ့်သူ့ဟာက လုပ်ယူထားတဲ့ feeling ဆိုတော့ဆေးပျယ်သွားတာနဲ့ feeling လဲ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရပါတယ်ဒါ့ကြောင့် ပြန်သုံးချင်လာတာပေါ့

အသည်းကွဲရင်ရော ဘာလို့နာကျင်သလဲအသည်းကွဲခံစားရရင် ဒိုပါမင်း အနည်းအကျဉ်းတော့ ထွက်ပါတယ်
ဒါပေမယ့် ဦးနှောက်ရဲ့ Insular Cortex ဆိုတဲ့အပိုင်းက ပိုလှုပ်ရှားပါတယ်သူ့က နှလုံးကြွက်သားတွေ လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပါတယ်ဒိုပါမင်းရဲ့ အလုပ်တွေကို လိုက်ဖျက်ပါတယ်

ဒါ့ကြောင့် ရင်နာရတယ် ရင်ဘတ်အောင့်တယ်ငိုချင်တယ် ဆိုတာတွေဖြစ်လာရတော့တာပေါ့

ချစ်တယ်ဆိုတာ လူသားမျိုးနွယ် ဆက်လက်တည်မြဲဖို့ သဘာဝတရားကြီးက ဖန်တီးပေးထားတာပါ
အချစ်မရှိရှိအောင်ကို လုပ်ထားတာပါဆက်လေ့လာကြည့်ရအောင်

ယောက်ျားတစ်ယောက် နဲ့ မိန်းမတစ်ယောက်ဟာ သာမာန်အခြေအနေထက် အန္တရာယ်ရှိတဲ့ အခြေအနေမှာပိုချစ်မိသတဲ့
ဥပမာ
6 days and 7 nights ဇာတ်ကားထဲကလို လေယာဉ်ပျက်ကျပြီး ကျွန်းပေါ်မှာနှစ်ယောက်ထဲ ရောက်နေတဲ့ အနေအထားမျိုး
The God must be crazy II ထဲကလို နှစ်ယောက်ထဲ သဲကန္တာရမှာ လမ်းပျောက်နေတဲ့အခါမျိုးမှာလိုပေါ့
ဘာလို့လဲဆိုတော့
ယောက်ျားတွေရဲ့ ဦးနှောက်မှာ အကာအကွယ်ပေးလိုစိတ် နဲ့ မိန်းမတွေရဲ့ ဦးနှောက်မှာ မှီခိုအားထားလိုစိတ် က မွေးကတည်းက များလို့ပါတဲ့
ဒါ့ကြောင့် လိုအပ်သူနှင့် ဖြည့်ဆည်းသူ တွေ့လေသတည်းဖြစ်သွားပါရော

မိန်းမတွေက ယောက်ျားလေးတွေ
ထက်မြက်တာ
သြဇာရှိတာ
သန့်ပြန့်ယဉ်ကျေးတာ
ဟာသညဏ်ရှိတာ
အရပ်ရှည်တာ
မေးရိုးကားတာ
ဗလတောင့်တာ
လူကောင်ထွားတာ တွေ ကြိုက်တတ်ပါတယ်
ဘာလို့လဲ
သေသေချာချာမေးရင် ဘာဖြေလို့ဖြေရမှန်း သိမှာမဟုတ်ပါဘူး
တကယ်က အဲ့သည့်အချက်တွေဟာ Testosterone ခေါ်တဲ့ ယောက်ျားဟော်မုန်းများတဲ့ လက္ခဏာတွေပါ
တည့်တည့်ပဲ ပြောရရင်အိမ်ထောင်ရေးသုခ ကောင်းကောင်းပေးနိုင်မယ့် သူတွေပေါ့
အဲ့လိုယောက်ျားတွေကို မိန်းမတွေ ကြိုက်အောင်ကိုသဘာဝတရားကြီးက ဖန်တီးထားတာပါ
ဒါမှ မျိုးဆက်ပွားဖို့ အခွင့်အလမ်းများမှာကိုး

ဆက်ပြောမယ်နော်ယောက်ျားတွေကကောတင်လှတဲ့သူ ခါးသေးတဲ့သူ ရင်လှတဲ့သူ
အသားအရေလှတဲ့သူ
ရုပ်ချောတဲ့သူ ဘာလို့ကြိုက်တာလဲ
လေးလေးနက်နက်စဉ်းစားကြည့်နော်
ဘာလို့ကြိုက်မှန်းမသိဘူး
ကြိုက်တော့ကြိုက်နေတာပဲ
တချို့တွေဆို မိန်းကလေး တင်အလှတွေ လိုက်ကြည့် သွားရေကျ
ဘာလဲဆိုတော့ မပြောတတ်ဘူး

ဒါကဒီလိုပါ
မိန်းမတွေရုပ်ချော အသားအရေလှတာတွေက
oestrogen ဆိုတဲ့ မိန်းမဟော်မုန်းကြောင့်ပါ
အဲ့ ဟော်မုန်းများရင် လှလာမယ် ချောလာမယ် အသားအရေစိုပြေလာမယ် မိန်းမပီသလာမယ်
အိမ်ထောင်ရေးသုခ ပေးစွမ်းနိုင်လာပါမယ်
နောက်ပြီး တင်ကား ရင်ဖွံ့ ခါးသေးသူများဟာ
ခလေးရဖို့ အရမ်းလွယ်ပါသတဲ့

ဒါ့ကြောင့် သဘာဝတရားကြီးက မျိုးဆက်ပွားဖို့အတွက် ခလေးရဖို့များတဲ့ မိန်းမကို ယောက်ျားတွေ ဝိုင်းကြိုက်စေပြီး
ခလေးရဖို့အားထုတ်ပေးနိုင်တဲ့ အားကောင်းမောင်းသန်ယောက်ျားကို မိန်းမတွေ ဝိုင်းကြိုက်စေတာပါပဲ

ဘယ်လောက်တောင်ဖြစ်စေလဲဆိုတော့
မိန်းမတွေနဲ့တွေ့ရင် စောစောက ရင်တွေတင်တွေ ရုပ်တွေ အာရုံခံဖို့
ယောက်ျားတွေရဲ့ အမြင်အာရုံဟာ သူ့အလိုလိုတိုးလာပါသတဲ့
ကာတွန်းတွေထဲက မျက်လုံးပြုးလာတယ်ဆိုတာ တကယ်ပါ

မိန်းမတွေဟာလည်း ဒီလိုပါပဲ
လစဉ်ရာသီသွေးပေါ်ပြီး တစ်ပါတ်အကြာ သားဥကြွေချိန်ဟာ ခလေးရနိုင်တဲ့အချိန်ပါ
ဒါ့ကြောင့် အဲ့သည့်အချိန်ကာလမှာ မိန်းမတွေရဲ့စိတ်ဟာ နူးညံ့နေတတ်ပြီး
ယောက်ျားတစ်ယောက်ရဲ့ ယုယမှုကို မသိစိတ်ကလိုချင်နေပါတယ်
လိုချင်အောင်လဲ သဘာဝက ဖန်တီးထားတာပါ
ဒါမှမျိုးဆက်ပွားမှာကိုး
သင့် ကောင်မလေး ကို ချစ်ခွင့်ပန်မယ်ဆို အဲ့သည့်ရက်မျိုးကို ရွေးသင့်ပါသတဲ့
အဖြေပြန်ရဖို့ Chance များတာကိုး
အဲ့သည့်ရက်တွေမှာ စိတ်နာအောင်လုပ်မိရင်လဲ အငြိုးကြီး အမှတ်ကြီးတတ်ပါတယ်

လေ့လာမှုများအရ မိန်းကလေးတွေဟာ ချစ်သူနဲ့
face to face မျက်နှာချင်းဆိုင်နေရတာကို နှစ်သက်ပြီး
ယောက်ျားလေးတွေကတော့ ချစ်ရသူနဲ့ side by side ယှဉ်တွဲထိုင်ရတာကို သဘောကျပါသတဲ့

အချစ်နဲ့ တဏှာနဲ့က ကွဲပါသေးတယ်
အချစ်ရော တဏှာရောမှာ sex ပါပေမယ့်
ကိုင်တွယ်တဲ့ ဦးနှောက်အစိတ်အပိုင်းချင်း မတူပါဘူး
လူတစ်ယောက်ကို မဖွယ်မရာပုံတွေ ဇာတ်ကားတွေပြရင် ဦးနှောက်ရဲ့ hypothalamus က အရမ်းတက်ကြွနေပါသတဲ့
သူက ရေငတ်တဲ့ ဗိုက်ဆာတဲ့ feeling တွေကိုင်တဲ့ ဌာနပါ
ဒါပေမယ့် သူ့ချစ်သူနဲ့ ပေးတွေ့တဲ့အခါကျတော့ စောစောက VTA နဲ့ ဒိုပါမင်း တို့ပဲ active ဖြစ်ပါတယ်
ဒါကတော့ love and sex မတူဘူးဆိုတဲ့ ခိုင်လုံတဲ့ သက်သေပါ

တဖန်လေ့လာမှုများအရ အရမ်းချစ်နေတဲ့စုံတွဲတွေဟာ ဟန်ဆောင်မှုများတဲ့အတွက် ကြာရှည်မတည်မြဲပါဘူး တဲ့
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စုံတွဲတွေက ကွဲဖို့ခဲယဉ်းပါသတဲ့

ချစ်သူတွေဟာ အစ ပထမတော့ အသဲအသန် မခွဲနိုင်မခွာရက်ဖြစ်ပြီး နောက်မှ သွေးအေးသွားတာကလဲ ဒီလိုရှိပါတယ်
ချစ်စကြင်စမှာ နှစ်ယောက်စလုံး ဒိုပါမင်းတွေ အရမ်းထွက်ပါသတဲ့
သဝန်တွေတို အူတို
စိတ်ကောက် ရန်ဖြစ်
ပြန်ချစ်နဲ့ သံသရာလည်နေပါတော့တယ်
VTA က လုံးဝကို active ကိုး

ဒါပေမယ့် တစ်နှစ်ကျော်လာတဲ့အခါ ကျတော့
serotonin ဆိုတဲ့ ဟော်မုန်းတမျိုး ပြန်တက်လာပြီး
ဒိုပါမင်း ကို ဖိပါတယ်
မဖိလို့မရဘူးလေ
ဒီအတိုင်းဆက်သွားရင် ဘယ်ဖြစ်မလဲ
လူဆိုတာရင့်ကျက်ရဦးမှာလေ တချိန်လုံး ခလေးတွေလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချွဲနွဲ့လိုက်လုပ်လို့မရဘူးလေ
မျိုးဆက်သစ်တွေကို ပျိုးထောင်ရဦးမှာကိုး

တကယ်လိုသင်က အချစ်တွေ အေးခဲမသွားချင်ဘူး
ဒိုပါမင်း ကို ဆက်ထွက်စေချင်နေတယ်ဆိုရင်တော့
မူးယစ်ဆေး သုံးမှပဲဖြစ်မှာပါ
ဟော်မုန်းတစ်မျိုးဟာ ရပ်သင့်တဲ့အချိန်မှာ မရပ်ပဲ
ဆက်ထုတ်နေမယ်ဆို လူကိုထိခိုက်ပါတယ်
ကျွန်တော် ရာမ အကြောင်းရေးထားတဲ့ ဆောင်းပါးထဲမှာ ဖတ်ဖူးမှာပါ
ဆေးသုံးရင် အချစ်တွေကတော့ အေးခဲမသွားပါဘူး
ဒါပေမယ့် လူကတော့ ကြောင်သွားမှာပါပဲ
ကွန်ပျူတာစကားနဲ့ ပြောရင် RAM မနိုင်လို့ စက်ဟန်းသလိုပေါ့

ဒါ့ကြောင့် ပညာရှင်တွေက ချစ်သူသက်တမ်းတစ်နှစ်ကျော်လာရင် လက်ထပ်ဖို့တိုက်တွန်းပါတယ်
အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်ရင် ကလေးယူဖို့တိုက်တွန်းပါတယ်

ဘာလို့လဲဆိုတော့
အိမ်ထောင်သက် အစောပိုင်းတွေမှာ လင်ရောမယားရော ကျား/မ ဟော်မုန်း Testosterone/oestrogen တွေ တက်နေပါတယ်
မာနတွေ တံခွန်ထူပြီး အိမ်ထောင်ကွဲဖို့များပါတယ်
သားသမီးရလာရင်တော့
နှစ်ယောက်စလုံးရဲ့ ဦးနှောက်က ventral pallidum နဲ့ Raphe nucleus အစိတ်အပိုင်းတွေ active ဖြစ်လာပြီး
serotonin ဟော်မုန်းတွေထွက်လာပါတယ်
ကျားမ ဟော်မုန်းတွေ ကျသွားပြီး
အေးဆေးတည်ငြိမ်တဲ့ ဘဝ ကို ပိုင်ဆိုင်ပါပြီ
ကလေးမွေးပြီး ရုပ်ရင့်တာကတော့ cortisol.ဟော်မုန်းဆောင်းပါ
(လှထုံကိုချစ်မလား ဂျမ်းပုံကိုချစ်မလား) မှာရေးဖူးပါတယ်

လေ့လာသူများကတော့ relationship တစ်ခုတာရှည်ခိုင်မြဲဖို့ အချစ်ကို အားမကိုးပဲ
နားလည်မှုကိုသာ အားကိုးဖို့ မှာပါတယ်
ဘာလို့လဲဆိုတော့ သဘာဝတရားကြီးကိုယ်တိုင်က အချစ်ဆိုတာ ပူလောင်လွန်းလို့ ကြာရှည်မခံဖို့ စီမံထားလို့ပါ
သူတို့ကပြောပါတယ်
တာရှည်ခိုင်မြဲဖို့ဆိုတာ အချက်များများမလိုပါဘူး
၁။ သူပြောသမျှ နားထောင်ပေးပါ
၂။ သူ့ကိုချီးကျူးပါ အသိအမှတ်ပြုပါ
၃။ မိမိကိုယ်တိုင် smart ဖြစ်ပါစေ
၎။ ရိုးသားပါ မလှို့ဝှက်ပါနှင့်
၅။ လေးစားပါ
၆။ သူများနဲ့ ဘယ်တော့မှယှဉ်မပြောပါနှင့် တဲ့ဗျ

ဒါတွေကတော့ ကျွန်တော်လေ့လာမိသလောက်ပါ
နောက်သိထားသင့်တာ တစ်ခုက Valentine day မှာ ချောကလက်ကျွေးတဲ့ အကြောင်းရင်းပါ
ဘာလို့လဲဆိုတော့
ချောကလက်ကိုယ်တိုင်က အချစ်ဟော်မုန်း ဒိုပါမင်းကို တက်စေသလို သူနဲ့ဆင်တူတဲ့ Norepinephrine ကို တက်စေလို့ပါပဲ
အပြင်ကနေထိုးတဲ့ Dopamine ကတော့ ဦးနှောက်ကိုမရောက်တဲ့အတွက် effect မဖြစ်ပါဘူး
နောက်ဆုံးလေ့လာချက်အရ တရားထိုင်ခြင်းဟာလည်း Dopamine ထွက်ပါသတဲ့
မူးယစ်ဆေးနဲ့မတူတာက သူကကြာရှည်ခံပါတယ်တဲ့ဗျ

ဒါနဲ့ ဆောင်းပါးရဲ့ပထမဆုံးမေးခွန်းကို ပြန်ဖြေပါတော့မယ်

အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်ပါဘူး
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလည်း မဟုတ်ပါဘူး
အချစ်ဆိုတာ ဒိုပါမင်း ပါပဲခင်ဗျာ


ကိုဆေး
Ref:

Cohen, Elizabeth. "Loving with All Your Brain"
February,2007.

"Why we Love:the nature and chemistry of romantic love"
2004.

"Love Not Enought To Keep Couples Together"
July, 2009.

0 comments to “အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလား”

Post a Comment