ယာဉ်စည်းကမ်းကျူးလွန်ဖောက်ဖျက်သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၉၅)ဦးကို ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်သည့်အထိ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်းမထသ(ဗဟို)ကတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယခုလိုထုတ်ပယ်လိုက်သော ယာဉ်လုပ်သား (၁၉၅)ဦးသည် ဇန်န၀ါရီလမှ စက်တင်ဘာလထိ ကိုးလတာအတွင်းယာဉ်စည်းကမ်းကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းကြောင့်ယာဉ်လိုင်းကထုတ်ပယ်သည့်အထိ ပြစ်ဒဏ်ချမှတ်အရေး
ယူခဲ့သည့်အပြင် အချို့ယာဉ်နောက်လိုက်များကိုလည်း ယာဉ်စည်းကမ်းဖောက်ဖျက်လျှင် သတ်မှတ်ထားသောစည်းကမ်းချက်(၁၃၈)ချက်နှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း
သိရသည်။ မထသ(ဗဟို)က ဇန်န၀ါရီလမှ စက်တင်ဘာလအထိ အရေးယူထုတ်ပယ်ခဲ့သည့်အမှုများကတော့ ယာဉ်မတော်ဆမှုကြောင့် (၅၈)ဦး၊ကြွေးကျန်မှုကြောင့် ပါရမီယာဉ်လိုင်းမှ(၅)ဦး၊ ယာဉ်လုပ်သားအချင်းချင်း
ကိုယ်ထိလက်ရောက်ကျူးလွန်မှု(၁၀)ဦး၊ ခရီးသည်နှင့် ခိုက်ရန်ဖြစ်ပွားမှု(၁၃)ဦး၊ ယာဉ်စွန့်ခွာရန်ခွင့်မဲ့ပျက်ကွက်မှု(၁၅)ဦး၊ ယာဉ်မောင်းလိုင်စင်မပါရှိမှု(၂၀)ဦး၊ ခရီးသည်ကိုမချေမငံဆက်ဆံမှု(၇)ဦးတို့ ဖြစ်ကြောင်း သတင်းရရှိသည်။