
သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးစဉ်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် သမ္မတ၊ ဒုတိယ သမ္မတများနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ ကိုယ်တိုင် လက်မှတ်ရေးထိုး သွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတဟောင်းများကိုပါ လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်ကို ကိုးကားပြီး သျှမ်းသံတော်ဆင့် မီဒီယာ အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောကြားသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ အောက်တိုဘာလအတွင်း ပြုလုပ်နိုင်ရန် ကြိုးစားနေပြီး
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ကရင်အမျိုးသား
အစည်းအရုံး (KNU) တို့နှင့် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး
လုပ်ငန်းဗဟိုဌာန (MPC) ၌ တွေ့ဆုံစဉ် ၀န်ကြီးဦးအောင်မင်းက ယင်းကဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ RCSS/SSA နှင့် KNU တို့သည် အဆိုပါ
မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟို (MPC) ၌ တွေ့ဆုံမှုအပြီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး
ယင်းဆွေးနွေးပွဲတွင် ၎င်းတို့က ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု
ဦးခွန်စိုင်းက ပြောကြားသည်။
''စတွေ့တုန်းက လေးယောက်ပဲ ဒီဘက်က တင်ပြတာ။ သမ္မတရယ်၊ အထက်လွှတ်တော်၊
အောက်လွှတ်တော် ဥက္ကဋ္ဌတွေရယ်၊ ကာချုပ်ရယ် လေးယောက်ကို တင်တယ်။ အဲဒီတော့
သူတို့က နိုင်ငံတော် ရှေ့နေချုပ်လည်း ပါဖို့ကောင်းတယ်ဆိုပြီး ပြောတယ်။
ဒါပေမဲ့ နောက်ပိုင်းကျတော့ ထပ်ဖြည့်ရင်း ဖြည့်ရင်းနဲ့ ဒုသမ္မတတို့၊
တရားသူကြီးချုပ်တို့ပါ ပါလာတယ်။ ဒါပေမဲ့ တရားသူကြီးချုပ် ကိုတော့
လက်နက်ကိုင် အဖွဲ့တွေဘက်က သက်သေပဲ ဖြစ်ဖို့သင့်တယ်။ သူက တာဝန်ခံတဲ့
လက်မှတ်အနေနဲ့ သွားထိုးမယ်ဆိုရင် သူ့ရဲ့ ကြားနေမှု၊ သူ့ရဲ့လွတ်လပ်မှုကို
ထိပါးနိုင်တယ်ဆိုပြီး အသိသက်သေ အနေနဲ့ပဲ ထည့်ချင်တယ်။ အသိသက်သေထဲမှာ
ဦးအောင်မင်းတို့ ကိုယ်တိုင် အဆိုပြုထားတာက ဒေါ်အောင်ဆန်းစုကြည်၊
ဦးခွန်ထွန်းဦး၊ တခြားနိုင်ငံရေး ခေါင်းဆောင်တွေပါ ထည့်မယ်လို့ သိရတယ်''
ဟု ဦးခွန်စိုင်းက ဆိုသည်။
အဲဒါနဲ့ ပတ်သက်ပြီး ညှိတဲ့ကိစ္စတွေကတော့ လုပ်နေကြပါတယ်။ ဘန်ကီမွန်းကိုတော့ အဲဒါလုပ်ဖြစ်ရင် တက်ပေးပါလို့ ပြောထားတာ ရှိပါတယ်။ အဲဒီကိစ္စတွေကို တိုင်းရင်းသားတွေနဲ့ ညှိနေတာတော့ ကြာပါပြီ။ အဓိကကတော့ ကေအင်န်ယူက တခြားအဖွဲ့တွေနဲ့ ပြောထားတာတွေ ရှိတယ်။ တခြားအဖွဲ့တွေ လိုချင်တဲ့ ကိစ္စတွေကို ချုပ်ထားတာ ရှိတယ်... |
အခြား အသိသက်သေ များအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တက်ရောက်ရန်
ဖိတ်ကြားထားပြီး ဖြစ်ကြောင်းနှင့် အမေရိကန် သမ္မတဟောင်းများ ဖြစ်သည့်
ဂျင်မီကာတာ၊ ဘီလ်ကလင်တန်နှင့် ၎င်း၏ ဇနီးဖြစ်သည့် နိုင်ငံခြားရေး
ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ
တို့ကိုလည်း ဖိတ်ကြားသွားမည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့ကြောင်း
သိရသည်။
''အဲဒါနဲ့ ပတ်သက်ပြီး ညှိတဲ့ကိစ္စတွေကတော့ လုပ်နေကြပါတယ်။
ဘန်ကီမွန်းကိုတော့ အဲဒါလုပ်ဖြစ်ရင် တက်ပေးပါလို့ ပြောထားတာ ရှိပါတယ်။
အဲဒီကိစ္စတွေကို တိုင်းရင်းသားတွေနဲ့ ညှိနေတာတော့ ကြာပါပြီ။ အဓိကကတော့
ကေအင်န်ယူက တခြားအဖွဲ့တွေနဲ့ ပြောထားတာတွေ ရှိတယ်။ တခြားအဖွဲ့တွေ
လိုချင်တဲ့ ကိစ္စတွေကို ချုပ်ထားတာ ရှိတယ်။ အဲဒီတော့ အဲဒီနှစ်ဖွဲ့တည်း
မဟုတ်ဘူး။ အားလုံးကိုချုပ်ပြီး ဆွေးနွေးကြတာပါ။ မစ္စတာ ဘန်ကီမွန်းကိုတော့
ရက်တွေဘာတွေ သတ်မှတ်ပြီးပြီ။ ဘယ်အဖွဲ့တွေ တက်မယ်ဆိုတာ သိပြီးရင်တော့
တရားဝင် အကြောင်းကြားရမှာပါ'' ဟု MPC မှ ဒေါက်တာမင်းဇော်ဦးက အတည်ပြု
ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားများသာ ပါဝင်ပါက အဆိုပါ ကတိက၀တ်မှာ
မမျှော်လင့်ဘဲ ပျက်ပြယ် သွားနိုင်သည့် အတွက် နိုင်ငံတကာ အသိအမှတ်ပြု
ခေါင်းဆောင်များရှေ့ တွင် လက်မှတ်ရေးထိုးခြင်းကို ၎င်းတို့အနေဖြင့်
လိုလားကြောင်း၊ အဆိုပါ ခေါင်းဆောင်များ ပါဝင်လာမည်ဟု ၀န်ကြီးဦးအောင်မင်း
ပြောကြားခဲ့သည်မှာ မှန်ကန်ကြောင်း ကေအင်န်ယူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဖဒိုမန်းငြိမ်းမောင်က အတည်ပြု ပြောကြားသည်။