အနုပညာနဲ့ ပတ်သက်ပြီး တခြားတိုင်းပြည် တွေမှာဆိုရင် သူတို့ရိုက်တဲ့ ဇာတ်ကားက
ဘယ်လိုဇာတ် ကားမျိုးဖြစ်တယ်ဆိုတာ ပွင့်ပွင့်လင်း လင်းပဲပြောပြထားတယ်။
ကြည့်ချင်ရင်ကြည့် မကြည့်ချင်ရင်နေ ဒါပဲပေါ့။ ကျွန်တော်တို့ ဆီမှာကျတော့
အဲဒီလို ဇာတ်ကားအမျိုးအစားကို ဘာလဲ ဆိုတာ ခေါင်းစဉ်တပ်မထားဘူး။ အဲဒီတော့
ကြည့်လိုက်မိတယ်။ သူတို့ မနှစ်သက်တာတွေ ပါနေတယ်။ ကျွန်တော်တို့က
အနုပညာအလုပ် လုပ်နေတာပါ။ အဲဒါကို ဘာမလုပ် ရဘူး။ ညာမလုပ်ရဘူးဆိုပြီး ဘောင်
တွေလိုက်ခတ်နေတာကို ကျွန်တော့် စိတ်က မကြိုက်ဘူး။ အမှန်အတိုင်း ပြောရရင်
ကြည့်တဲ့သူကလည်း ကိုယ်ကြိုက်တာကို ရွေးချယ်ပြီး ကြည့်လို့ရသလို
ရိုက်တဲ့သူကလည်း ကိုယ်ဖန်တီးချင်တဲ့ အနုပညာကို ဖန် တီးခွင့်ရရမယ်။ အဲဒါမှ
အနုပညာက ရေရှည်မှာ ဖန်တီးရတာ အဆင်ပြေမှာပါ။
ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရင် ကျွန်တော့်မှာ မှတ်သား စရာ
ဘာညာတစ်ခုမှမရှိဘူး။ သင်ခန်းစာ ယူတာမျိုးလည်းမရှိဘူး။ ရုပ်ရှင်ကား
တစ်ကားကို ရုပ်ရှင်တစ်ကား လိုပဲခံစားပြီး ကျွန်တော်ကြည့်တယ်။
တခြားသူတွေကိုလည်း အဲဒီလိုပဲ ခံစားစေချင်တယ်။ ကျွန်တော်တို့
ရုပ်ရှင်ရိုက်ပြနေတယ်ဆိုတာ ပရိ သတ်ကို တစ်ခုခုသင်ပေးနေတာမ ဟုတ်ဘူး။
လမ်းပြနေတာမဟုတ် ဘူး။ တစ်ခုခုမှတ်သားစရာလိုချင် တယ်ဆိုရင်
ဗဟုသုတရမယ့်စာအုပ် မျိုးဖတ်သင့်တယ်။ သင်တန်းတစ်ခု ခုတက်သင့်တယ်။
နောက်ပြီးလူငယ် တွေက ဇာတ်ကားကြည့်ပြီး အတုခိုး မှားမယ်ဆိုတာ
အဓိပ္ပာယ်ကိုမရှိဘူး။ ရုပ်ရှင်ကြည့်ပြီး အတုခိုးမှားမယ်ဘာ ညာဆိုတာက
တော်တော်စဉ်းစား ဉာဏ်မရှိတဲ့ကိစ္စ၊ ရုပ်ရှင်ဆိုမှတော့ ခေါ်တာပေါ့။
အဲဒါကိုကြည့်ပြီးအတု ခိုးမှားမယ်ဆိုတာက မဖြစ်နိုင်ဘူး။
အနုပညာဖန်တီးတဲ့သူကတော့ သူ ကြိုက်တာကိုဖန်တီးမှာပဲ။ ကြည့်တဲ့
သူကသာခွဲခြားပြီးကြည့်ရမှာ။ အဲဒါ မျိုးပါတယ်ဆိုတာသိရင် မကြည့်နဲ့ လေ
ရှင်းနေတာပဲကို။ တချို့က အဲဒီလိုမျိုးပါတယ် လည်းပြောသေးတယ်။ အတင်း
လိုက်ငှားပြီးလည်း ကြည့်သေးတယ်။ အပြစ်ကလည်းပြော သေးတယ်။ ဒါက ဘဝမှာအရေးကြီး
တဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ မသင့် တော်ဘူးထင်ရင် မကြည့်နဲ့ပေါ့။
နောက်တစ်ခုရှိတာက ရိုက်တဲ့သူ ဘက်ကလည်း ကိုယ်ရိုက်လိုက်တဲ့ ကားကို
ပွင့်ပွင့်လင်းလင်း ခေါင်းစဉ် တပ်ပေးလိုက်ဖို့လိုတယ်။ အဲဒါဆိုရင်
ကြည့်တဲ့သူဘက်ကလည်း သူ့ဘာ သာသူခွဲခြားပြီးကြည့်နိုင်သွားမှာပါ။