နေပြည်တော်၊ စက်တင်ဘာ ၂၃
၂၃-၆-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဧည့်ခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ၀င်းခေါင်အား အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အထူးဆက်ဆံရေးအရာရှိ Mr.Re'my OLIVE DE L'AUTE နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်(၃)ဦးတို့ လာရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာ၌ ရဲဦးစီးအရာရှိချုပ်နှင့်အတူ လုံခြုံရေးနှင့်မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး မျိုးသန်း၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး အောင်ဌေးမြင့်နှင့် ရဲအရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲ၌ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာ အင်တာပိုလ်စွမ်းရည်မြှင့်တင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းများနှင့်စပ်လျဉ်း၍ အကူအညီပေးနိုင်ရေးဆိုင်ရာများ၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍အသေးစိတ်ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ၂၄-၉-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
