ကလေးတို့ အသည်း ကျော် ပါဝါရိန်းဂျား ဇာတ်ကောင် များကို သိကြပေလိမ့်မည်။ အများ အကျိုး အတွက် သူ့မှာရှိတဲ့ ဆူပါဟီးရိုးပါဝါများကို သုံးပြီး ကူညီပေးကြ သူများ ဖြစ်ကြသည်။ ကြီးလာရင် ပါဝါရိန်းဂျား လုပ်မယ် ဟု ပြောကြသည့် ကလေးများပင် ရှိသည်။ ကြီးလာသောအခါ ပါဝါရိန်းဂျား လုပ်ဦးမလားဟု ပြန်မေးလျှင်တော့ ငယ်ငယ်က မဖြစ်နိုင်တာကို ပြောမိတာ ပြန်တွေးမိရင်း ရှက်ေ ကာင်း ရှက်မိပေလိမ့်မည်။
သို့သော် ကလေး တွေ ပါဝါရိန်းဂျား ဖြစ်လာ နိုင် သည် ကို ဂျပန် က လူငယ် တစ်ဦး ကတော့ သက်ေ သ ပြခဲ့ ပါသည်။ သူတကယ် လည်း ပါဝါရိန်းဂျား ဖြစ်ခဲ့သည်။ ပါဝါရိန်းဂျား ဇာတ်ကောင် က သူ့မှာ ရှိသည့် စွမ်းရည်ကို သုံးပြီး အများ ကို ကူညီခြင်း မျိုး ဆိုလျှင် သူက လည်း ပါဝါရိန်းဂျား ပင် ဖြစ်ပေ တော့သည်။ သူ့အမည် က တာဒါဟီရိုကာနီမာဆု ဖြစ်သည်။ အသက်က ၂၇ နှစ် ဝန်း ကျင်။ အစိမ်း ရောင် ကုန်စုံဆိုင် တစ်ဆိုင် တွင် စီးပွားရှာ အလုပ် လုပ်ကိုင် သည်။ သူ့ အားလပ်ချိန် ကလေးများ တွင် ပါဝါရိန်းဂျား အဖြစ် ပြောင်း သွားပြီး အများ အကျိုး ကို ကူညီသည်။
သူနေသည့် မြို့တော် တိုကျို ရှိ အချို့မြေအောက် ဘူတာ များက အနက်ကြီး ဆင်းရကာ ဓာတ်လှေ ကား မရှိ၊ စက်လှေ ကား မရှိနှင့် မစားသာ လှပေ။ အထုပ် အပိုးများ နှင့် ဆိုလျှင် တော်တော် ပင် ပန်း သည်။ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီး များ၊ သားသည် အမေများ ဆိုလျှင် အထုပ် တစ် ဖက်နှ င့် ခက်ခက်ခဲခဲ ဆင်းရ သည်။ ပါဝါရိန်းဂျား သည် ကမ္ဘာကြီး ကို မကယ်တင် နိုင် သော် လည်း အထုပ်အပိုး များ ကိုတော့ ဝိုင်းဆွဲ ပေး နိုင်သည်။ သူက စေတနာ့ ၀န်ထမ်း မြေအောက် ရထား လမ်း လှေကား တွေမှာ အထုပ် လိုက်ဆွဲ ပေးနေတုန်း ပါဝါရိန်းဂျား ပုံစံ ဝတ်ထား သည်။ အစိမ်းေ ရာင် ပါဝါ ရိန်းဂျား ဝတ်စုံ နဲ့ သူ့ပုံက ရုပ်ရှင် ထဲက သူရဲကောင်း အလားပင်။ ပေါကြောင်ကြောင် ရယ်စရာ ကြီး ဖြစ်နေ ပေမယ့် သူ ကူသယ် ပေးတာ ကို ရလိုက် သည့် ခရီးသည်များ ကတော့ေ တာ်ေ တာ် ကျေးဇူးတင် ပေလိမ့်မည်။ "ကျွန်တော် တို့ ဂျပန် တွေက သူတစ်ပါး ကျေးဇူး ခံ ကျေးဇူး စား ဖြစ်ရမှာ တော်တော် ဝန်လေး ကြတယ်။
ဒီတော့ ဒီမျက်နှာ ဖုံးလေး စွပ်ထား လိုက်တော့ အဆင်ပြေ သွားရော" တဲ့။ တာဒါဟီရိုကာနီမာဆု က ပြောကြား သည်။ တိုကျို မြေအောက် ရထားလမ်း လှေကား တွေ မှာ သူ စေတနာ့ ဝန်ထမ်း လုပ်ချိန်ဆို သွားထိုင် စောင့်ပြီး သက်ကြီး ရွယ်အိုများ၊ အထုပ် မနိုင်မနင်း ဖြင့် လာသည့် သူများ နှင့် သားသည် မိခင်များ ကို ကူညီလေ့ ရှိသည်။ သူ ဒီလိုမျိုး သူတတ်နိုင် သလောက် အများ အကျိုးဆောင် ကူညီ ပေးနေ သည်မှာ လ အတန် ကြာပြီ ဖြစ်သည်။ အားလပ် တဲ့ အချိန်လေး တွေ သွား ကူညီ ပေး သည်။
သူက ပါဝါရိန်းဂျား ဆိုသည် မှာ တစ်ရောင်တည်း ရှိသည် မဟုတ်၊ အခြား အရောင်များ လည်း ရှိသည် မို့ အဖော် အပေါင်း အသင်း အလို ရှိသည်ဟု ပြောထား သည်။ ပါဝါ ရိန်းဂျား နောက်ထပ် အရောင် တွေပေါ့။ ပန်းရောင် နှင့် အနီရောင်တို့ လာရောက် စုံစမ်း နေပြီ လို့လည်း ဆိုသည်။ ကုန်စုံဆိုင် တွင် သူနှင့် အလုပ်အတူ လုပ်ကိုင် သည့် ဟာရာတိုအီတို က တာဒါဟီရို သည် သူတစ် ပါး အပေါ် ကြင်နာ တတ်သူ ဖြစ်ပြီး သူ့ကိုယ်ကျိုး ကို လုံးလုံး စိတ် မဝင်စား သူ ဖြစ်ကြော င်း ပြောပြ သည်။ "သူ ဒါကို လုပ်မယ် လို့ လ တော်တော် ကြာ က တည်း ကပြောပြီး တကယ် လည်း လုပ်ပါ တယ်။ ခု ဆိုရင် သူဟာ ဆူပါ ဟီးရိုးကြီး တစ်ယောက် ကို ဖြစ်နေ ပါပြီ" ဟု ဟာရာတို အီတို က ပြော ကြား သည်။
စစချင်း ကူညီ တုန်း ကတော့ ပါဝါ ရိန်းဂျား လည်း တော်တော် ခက်ခဲ ခဲ့သည်။ လူတွေ က အရူး များလား၊ ဘာလားဟု လန့်ကြသည်။ "ခုထိ လူတွေက ကျွန်တော့် ကို ရူးကြောင် ကြောင် လို့ မြင် ကြတာ ရှိတယ်။ ဒါပေမဲ့ ကောင်းသော ရူးခြင်း ပေါ့ဗျာ"ဟု တာဒါဟီရို က ပြောပါ သည်။ သူကတော့ သူလုပ် နေတဲ့ ပါဝါရိန်းဂျား အလုပ် သည် သူတစ်ပါး ကို ကူညီ ခြင်း လည်း ဖြစ်သလို အနု ပညာ ပါဖောမန့် လည်း ဖြစ်သည် ဟု သူ၏ Facebook စာမျက်နှာ တွင် ပြောထား သည်။ သူ့ကို အချိန် ပိုင်း ဝိုင်းကူ ပေးချင် တဲ့ တခြား ပါဝါရိန်းဂျား တွေ လည်း လာပြီး သူ့ဆီ စာရင်း သွင်း နေကြ တယ် လို့ သတင်း တွေက ရေးသား ကြပါ တယ်။ သူဟာ ရူးကြောင်ကြောင် လုပ်နေ တာပဲ ဖြစ်ဖြစ်၊ လုပ် ချင်ရာ လုပ်တတ် တဲ့ အနုပညာ သည် တစ်ယောက်ပဲ ဖြစ်ဖြစ် တိုကျို ဘူတာ တစ်ခုမှာ သူ့ကြောင့် ရထားစီး သက်ကြီး ရွယ်အို တွေ တော်တော် အသက်ရှူ ချောင် တာတော့ အမှန် ပါပဲ။ ကဲ .. လူ တိုင်း ပါဝါရိန်းဂျား ဖြစ်နိုင် တာ ကို သက်သေပြ သွားခြင်း ပင် မဟုတ်လော။
The Voice Journal