သိပ္ပံ မောင်ဝ သည် ၁၉၂၉ ခုနှစ်တွင် နယ်ပိုင် ၊ အရေးပိုင်ဘ၀ ဖြင့် ဒေသအနှံ တာဝန်ထမ်းဆောင်ရသည်။ဒုတိယကမ္ဘာစစ်ဖြစ်လာချိန်တွင် ရွှေဘိုဘက်သို့ရောက်သည်။အခြားအရာရှိများ
နည်တူ အိန္ဒိယသို့ သွားရောက်တိမ်းရှောင်နေရန် ရည်ရွယ်သည်
မိသာစု တစ်ခုလုံး မြစ်ကြီးနားသို့ မီးရထားဖြင့် ခရီးထွက်ခဲ့ သည် ။ကန့်ဘလူဘူတာတွင် သိပ္ပံမောင်ဝတို့ မိသားစု စီးနင်းလာသော ရထားတွဲဖြုတ်ထားခံရသည်။သောင်တင်နေစဉ်နယ်ပိုင်ဝန်ထောက်ဦးဘသန်း နှင့် ဆုံမိသည်။ ဦးဘသန်းခေါ်၍ ကန့်ဘလူ နှင့် ဆယ်မိုင်ခန့်အကွာ ရှိ ဂါတာဆည်ကြီးရွာသို့ လိုက်သွားသည်။ အခြားစစ်ပြေးများနှင့်အတူ သိပ္ပံမောင်ဝတို့ မိသားစု ဘိုတဲတွင်နေထိုင်ကြသည်။
၁၉၄၂ ခုနှစ် ၊ ဇွန်လ (၆) ရက်နေ့ နံနက် ၅ နာရီတွင် သက်ထွန်းခေါင်းဆောင်သောအင်အား (၁၀၀) ရှိ ဓားပြများသည် ဘိုတဲကို ၀ိုင်းဝန်းပစ်ခတ်ကြသည်။ဘိုတဲပေါ်တွင် သေနတ်အနည်းငယ်သာရှိသည် လူအင်အားနည်းလွန်းသည်။ မိန်းမသားများ နှင့် ကလေးငယ်များ ပါဝင်သည်။ ထို့ကြောင့်အရာရှိများသည် မိမိတို့၏ သေနတ်ကို ဘိုတဲအောက်သို့ ပစ်ချလိုက်သည်။ အားလုံး လက်နက်ချကြသည် ။ ဓားပြများဘိုတဲပေါ်သို့တက်လာသည် သစ်တောဘက် လူများနှင့် အုပ်ချုပ်ရေးဘက်မှလူများ ခွဲခြားရပ်ခိုင်းသည်။
ဦးဘသန်း နှင့် သိပ္ပံမောင်ဝ ကို အောက်သို့ ဆင်းခိုင်းသည်။ သိပ္ပံမောင်ဝ သည် သားငယ်ကိုဆွဲလျက် ဘိုတဲလှေခါးအတိုင်းဆင်း သွားသည် ။ သိပ္ပံမောင်ဝ နောက်က ဦးဘသန်း ကပ်လျက်ဆင်းသည်။ထိုစဉ် ဘိုတဲပေါ်မှ ဓားပြတစ်ယောက်က နယ်ပိုင်ဝန်ထောက် ဦးဘသန်ကို နောက်ကျောဘက်မှ နေ၍ ပစ်သတ်သည်။သိပ္ပံမောင်ဝကလေးငယ်ကိုဆွဲလျက် ထွက်ပြေးမည်လုပ်သည်။ ထိုစဉ်ဘိုတဲပေါ်တွင် ကျန်ရစ်သောဇနီး သည် ဒေါ်ခင်မြင့်အော်သံကြားသည်။ မောင်ဝသည် ကလေးကို လက်ဆွဲလျက် လွတ်ရာသို့ ထွက်ပြေးရန် ဟန်ပြင်လိုက်ပြီးမှ ခြေလှမ်းများကို ရပ်လိုက်သည်။ဘိုတဲ ဘက်သို့ ပြန်လျှောက်လာသည်။ ထိုအခိုက်မှာပင် ရေရိုးစိန်ကြီးဆိုသူ ဓားပြတစ်ဦးက သိပ္ပံမောင်ဝ ကို ပစ်ချလိုက်သည်။ကလေးငယ်ကိုဆွဲ၍ပြေးသောကားမောင်းသူကိုလည်းပစ်သတ်လိုက်လေသည်။သိပ္ပံမောင်ဝ ကွယ်လွန်ပြီး (၂၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သိပ္ပံမောင်ဝ ရုပ်အလောင်းကိုပြန်ဖော်သည်။အမှန်တကယ် သေနတ်ထိမှန်သေဆုံးသည့်နေရာတွင် ပြန်လည်မြှုပ်နှံသည်။

အုတ်ဂူသွင်းသည်။ “သိပ္ပံမောင်ဝ” (ဦးစိန်တင်)၁၂၆၀-၁၃၀၄ (၁၈၉၉-၁၉၄၂) ဂါဒါးရွာဘိုတဲ၌ ဓာပြလူဆိုးတို့၏အထင်မှားလက်လွန်မှုကြောင့်အနိစ္စရောက်ရှာသည်”ဟုကဗ္ဗည်းထိုးထားသည်။