လုံးဝ တူစရာ အကြောင်းမရှိပါဘူး။ ကိုယ်က ဈေးကြီးပေးဝယ်ထားရတဲ့ လက်စွပ်လေး
တစ်ယောက်ယောက်က ခိုးသွားတယ်ဆိုပါစို့။ ပြန်တွေ့တဲ့ အခါကျ ဟိုက
ဒါနင့်လက်စွပ်မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး။ သက်သေ အထောက်အထားနဲ့တောင်
သူခိုးကိုဖမ်းလို့ရပါတယ်။ ယင်းသက်သေ ကတော့ လက်စွပ်မှာပါတဲ့ Waveform ပဲ
ဖြစ်ပါတယ်။
အနောက်တိုင်းက ဘုရားကျောင်းတွေမှာ လက်ထက်တဲ့အခါ အိုအောင် မင်းအောင်
ပေါင်းသင်းပါ့မလားလို့ ခရစ်ယာန်ဘုန်းတော်ကြီး က မေးတဲ့အခါ I do
လို့ပြန်ဖြေပါတယ်။ ယင်း I do ဆိုတဲ့ အသံကိုပဲ အသံလှိုင်း စနစ်နဲ့ Graph
ထုတ်တဲ့ မိုက်ခရိုအတိုင်းမှ မလွဲအောင် လက်စွပ်အဖြစ်သို့
ပြန်လည်ပြောင်းလဲခြင်း ဖြစ်ပါတယ်။
ဒီတော့ ကောင်မလေးက ပြောတဲ့ I do နဲ့ ကောင်မလေးက ပြောတဲ့ I do ကို
အသံလှိုင်းပြဇယားပုံ ထုတ်၊ ရွှေပန်းထိန်သည်က ကွန်ပြူတာ စနစ်နဲ့ 3D
ပုံဖော်ပြီး နောက်ဆုံး လက်ထက် လက်စွပ်ပုံလေးကို ယခုလို ဖော်ထုတ် ပါတယ်။
ဒါဆိုရင် ဘယ်တော့မှ မှားစရာ အကြောင်း မရှိပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ 
အသံက မတူနိုင်တော့ တစ်ယောက်က ထွက်တဲ့ Waveform နဲ့ အခြားတစ်ယောက်ထွက်တဲ့
Waveform က တူကို မတူနိုင်ပါဘူး။
ယင်းအချက်ကို အခြေခံလို့ စိတ်ကူးဆန်းဆန်းနဲ့ အနောက်တိုင်းက ပညာရှင်များက ယခုလို လက်စွပ်လုပ်ပါတယ်။
