နေပြည်တော် စက်တင်ဘာ ၁၂
တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) အုပ်စု
ပါဆာရွာရှိ လွန်းလိန်း ဘုန်းတော်ကြီး ကျောင်းအနီး တောစပ်တွင် မူးယစ် တရားခံ
စိုင်းနော်ခမ်း ရှိစဉ်က ခဲယမ်းများ မြှုပ်နှံထားကြောင်း သတင်းရရှိသဖြင့်
စက်တင်ဘာ ၁၁ရက် မွန်းလွဲပိုင်းက တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင် များက
သွားရောက် စစ်ဆေး ရှာဖွေရာ မြေကြီးအောက် အနက် ၂ပေခန့်မှ ပလတ်စတစ် ပုံး
အစိမ်းအတွင်း ထည့်ထားသော ၈၁မမ ဗုံးသီး ၂၂လုံးအား ဖော်ထုတ် သိမ်းဆည်း
ရမိခဲ့သည်။
သိမ်းဆည်းရမိ ဗုံးသီးများအား ခဲယမ်းစစ်
အဖွဲ့များဖြင့် စစ်ဆေးပြီး သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံနိုင်ရေး ဆောင်
ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။