နေပြည်တော်၊ စက်တင်ဘာ ၁၃
၁၃-၉-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ရပ်ကွက်(၂)နေ ၀င်းစိုး(၃၀)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်တွင် ၀င်းစိုး၏ဇနီးဖြစ်သူ မစိုး(၂၇)နှစ်အားတွေ့ရှိရပြီး နေအိမ်အိပ်ခန်းသေတ်္တာအတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ အလေးချိန်(၂၃၃)ဂရမ်၊ တန်ဘိုးငွေကျပ်(၂၂၁၃၅၀၀၀ိ/-)၊ မူးယစ်ဆေးဝါးရောင်းရငွေကျပ် သိန်း(၃၅၀)နှင့် ရွှေ(၂၂)ကျပ်(၈)ပဲသားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မစိုးအား ဖားကန့်မြို့မရဲစခန်း မယ(ပ)၆၆/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။