Tuesday, September 10, 2013

ဆီးရီးယားကို တိုက်မယ် ပစ်မယ် ခတ်မယ် လုပ်နေတဲ့ အမေရိကန် သမ္မတကြီး ဘာဆက်လုပ်မှာလည်း။

,


ဆီးရီးယားမှာ ဓာတုလက်နက်တွေကို နိုင်ငံတကာအဖွဲ.အစည်း၏ စောင့်ရှောက်မှုအောက်မှာ ပြောင်းလဲ ထားရှိပြီး တဖြည်းဖြည်းနဲ. ဖျက်ဆီးပစ်ဖို. ရုရှရဲ့ ကမ်းလှမ်းချက်အဆို ကို ဆီးရီးယားက ကြိုဆိုလက်ခံလိုက်ပါပြီ။

တချိန်တည်းမှာ အမေရိကန် နိုင်ငံခြားရေး ၈ျွန်ကယ်ရီက တကယ် လုပ်မယ်လို. ထင်မထားပါ--- ဆီးရီးယားအနေဖြင့် စစ်ပွဲတွေကို ရှောင်ရှားမယ်ဆိုရင် သူ.ရဲ့ ဓာတုလက်နက်တွေကို တပတ်အတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းထံ အပ်နှံပါ-- မဟုတ်ရင်တော့ တိုက်ခိုက်မှုတွေ ဖြစ်စေမယ်လို. အမှတ် မထင် လူသိထင်ရှား ပြောလိုက်ပြီး တချိန်တည်းမှာ ရှရှက ကြားကနေ ၀င်ပြီး ၂ ဦး ၂ဖက် လက်ခံနိုင်မည့် အဆိုမျိုးကို ဆီးရီးယားနှင့် စကားပြောပြီး သံတမန် ကစားကွက်တွေ ပြောင်းသွားစေခဲ့သည်။

ဒီတော့ အမေရိကန်ဖက်မှာ ပြသာနာတွေ တက်ကုန်ပြီ။ အခုလို ပြောတာ ဂျွန်ကယ်ရီရဲ့ Idea ဖြစ်တယ်လို. ဟယ်လရီကလင်တန်က ပြောလိုက်ပြီး တကယ်တော့ ဂျွန်ကရီရဲ့ အကြံလား အမေရိကန်အစိုးရရဲ့အကြံလားဆိုတာတော့ သူတို.အချင်းချင်းပဲ အသိဆုံးဖြစ်မည်။

အမေရိကန်က တိုက်မယ် ခိုက်မယ် တကဲကဲ လုပ်နေတဲ့အချိန်မှာ ရုရှက Compromise မူနဲ. ကြားက ၀င်ပြီး လုပ်လို.တော့ အမေရိကန်တွေ လူမိုက်ကြီး ဖြစ်ပြီး ရုရှတွေက သံတမန်အကွက်မှာ အမှတ်ရသွားပါသည်။

ကုလသမဂ္ဂကလည်း ရုရှရဲ့အဆိုကို ကြိုဆိုပြီး ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ပြန်တက်လာမှာမို. အမေရိကန်တွေ စစ်တိုက်မှာကို ကန်.ကွက်ပြီး ရုရှရဲ့ အဆိုကို အားပေးရမည့် အခြေအနေကို ရောက်စေပါ။

ဒီတော့ ကန်ကြီးတို. လူသိရှင်ကြား ငပွကြီးဆိုတာ သိသွားတဲ့အပြင် တကယ်လို. ဆီးရီးယားက သူ.ဓာတုလက်နက်တွေကို နိုင်ငံတကာထံ အပ်မယ်ဆိုရင် အမေရိကန်တွေ ဘာလုပ်မှာလည်း။ ဆက်ပြီး ဆီးရီးယားကို တိုက်မှာလား မတိုက်ပဲနဲ. ရုရှရဲ့ အကြံကို လက်ခံပြီး မတိုက်ဖူး ဆိုရင်လည်း အမေရိကန် သမ္မတရဲ့ မျက်နှာကို ဓါးနဲ. လှီးဖို.ပဲ ကျန်တော့တယ် ဘယ်လောက် ရှက်စရာ ဖြစ်မလဲ။

ဒီတော့ ဂျွန်ကယ်ရီနှင့် အိမ်ဖြူတော်တွေ ထပ်ပြီး သဘောထား ကွဲရတော့မှာလား။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ အမှတ်တမက် ပြောထွက်သွားတဲ့ စကားကို ကောက်ပြီး ဆီးရီးယားနှင့် ရုရှားက သံတမန်ရေး ကစားသွားတော့ ဂျွန်ကယ်ရီကြီး ခံလိုက်ရပြီလား။ စစ်တိုက်ဖို. ၃ ရက်နဲ. အပြတ် တိုက်ဖို. ကြံနေတဲ့ အိမ်ဖြူတော်နဲ. ပင်တဂွင်တို.က အရာရှိတွေ ဂျွန်ကရီကို Shit လုပ်ကျတော့မှာလား။ ။

နိုင်ငံရေးသမားတွေ စကားပြောရင် ဘယ်လို ဆင်ဆင်ချင်ချင် ပြောဖို. အရေးကြီးသလဲဆိုတာ ဂျွန်ကယ်ရီရဲ့ မှတ်ချက်ကို လေ့လာပြီး သင်ခန်းစာ ယူရမယ်။ အခု အချိန်ဟာ အရာအားလုံးက မှတ်တမ်းတင်ပြီး ၂၄ နာရီး လုံးလုံး သတင်းတွေက လည်ပတ်နေတဲ့ ခေတ်ပါ။

Every thing is Recorded and 24-News Circle Life, Be careful what you say and what you talk, Every thing is recorded.

(Udp Myanmar)

0 comments to “ဆီးရီးယားကို တိုက်မယ် ပစ်မယ် ခတ်မယ် လုပ်နေတဲ့ အမေရိကန် သမ္မတကြီး ဘာဆက်လုပ်မှာလည်း။”

Post a Comment