Monday, September 23, 2013

ဒီဗီဒီခွေကူးစက်များဖမ်းဆီးရမိ

,


ရန်ကုန်၊ စက်တင်ဘာ၂၃

၂၂.၉.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့
နယ်၊ ဧရာဝဏ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ခွေများ
ခိုးကူးနေကြောင်း သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်၊ ရွှေမဉ္ဇူလမ်းနေ မလှလှရီ၊ (ဘ)ဦးပေါ်ထွန်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ နေအိမ်နောက်ဖေးခန်း
အတွင်းမှ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၁၀)ဘောက်ပါ (၂)လုံး၊ e.copyဒီဗီဒီခွေကူးစက် ဘောက်(၈)ဘောက်ပါ (၁)လုံးနှင့်
ဆက်စပ်ကြိုးများ ၊ နိုင်ငံခြားဒီဗီဒီဇာတ်လမ်းခွေ (၂၅၄၀)ချပ်၊ ဒီဗီဒီခွေအလွတ် (၁၀၀၀)ချပ်၊ ပလပ်စတစ်အိတ်ထုပ်(၄)ထုပ်၊ ပလပ်စတစ်ခြင်း(၇)ခြင်း၊ SVC စာတမ်းပါအင်ဗာတာ(၁)လုံး၊ ခိုးကူးခွေစာရင်းရေးမှတ်ထားသည့် ဘောင်ချာစာရွက်(၄)ရွက်နှင့်
စာအုပ်(၇)အုပ်၊ ဘောလ်ပင်(၁) ချောင်း၊ ငွေကျပ် (၂၀၀၀၀)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒဂုံတောင်မြို့မရဲစခန်း(ပ)၇၉၁/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments to “ဒီဗီဒီခွေကူးစက်များဖမ်းဆီးရမိ”

Post a Comment