Thursday, September 12, 2013

စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ

,


ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအေခြခံ ဥပေဒပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမေနရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကျားဖြူပါတီ ခေါင်းဆောင်တွေဟာ တောင်ကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေက့နေ ဒီနေ့အထိ ကျင်းပခဲ့တာပါ။ စစ်မှုမထမ်းမေနရ ပြဌာန်းချက်ကို ထည့်သွင်းစေလိုတဲ့ အကြောင်းကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က အခုလိုပြောပါတယ်။

“တပ်နဲ့ ပြည်သူ တသားတည်းကျအောဆငိုပြီး အသက် ၁၈ နှစ်ေကန ၃၅ နှစ်အရွယ်ရောက် အမျိုးသားတွေ အနည်းဆုံး စစ်မှုနှစ်နှစ်ထမ်းစေချတင်ဲ့ဆန္ဒရှိတယ်လေ၊ နိုငင်ံတကာမှာလည်း ဒီလိုကျင့်သုံးနေတာရှိတယ်လေ၊ အခုက တပ်ကသီးခြားဖြစ်နေတယ်၊ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အေတွ့အကြုံအရဆိုရင် တော်တော်လေးကင်းကွာကြတာပေါ့နော်”

ဒါ့အပြင် ပြည်ထောစင်ုအစိုးရနဲ့ ပြည်နယ်အစိုးရ လုပ်ပိုခင်ွင့်ဆိုရင်ာခွဲဝေမှုအပြင်ေမြေပါ်ေမြေအာက် သယံဇာတ ခွဲဝေရးဆိုရင်ာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမယ့် အေသးစိတ်ကို သူကထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။

0 comments to “စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ”

Post a Comment