ABSDFအဖွဲ့မှအတွင်းရေးမှူးဆန်နီဦးစီးအဖွဲ့နှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းတို့ သမ္မတရုံးဝန်ကြီး ဌာနမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီတွေ့ဆုံမှု မှာ ABSDF အဖွဲ့နဲ့ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ဟာ မြ၀တီမြို့မှာ ဆက်ဆံရေး ရုံးဖွင့်လှစ်ဖို့ နဲ့ နိုဝင်ဘာလထဲမှာလုပ်ဆောင်မယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်အကြိုဆွေးနွေးခြင်းတွေပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။
ယခုသတင်းနဲ့ ပတ်သတ်ပြီးတော့ ABSDF က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ
“ ကျွန်တော်တို့ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းနဲ့ သွားရောက်တွေ့ဆုံဆိုတာ မှန်ပါတယ်။ တွေ့ဆုံတယ်ဆိုတာကလည်း ကျွန်တော် တို့ဘက်က မြ၀တီမှာ ဆက်ဆံရေးရုံးဖွင့်ဖို့အတွက် သွားရောက်ဆွေးနွေးခဲ့တာပါ ”လို့ပြောကြားခဲ့ပါတယ်။
မောင်မျိုး(နေပြည်တော်)