Thursday, September 19, 2013

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြား ခရီးစဉ်တွေက မြန်မာလူထု ဘာတွေရလိုက်သလဲ (အပိုင်း - ၁)

,

ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာလှုပ်ရှားပြီး ကမ္ဘာတခွင် ခြေဆန့်ခဲ့သည်မှာ နောက် နှစ်လ ဆိုလျှင် ၃ နှစ်ပြည့်ပြီဖြစ်သည်။ (၃) နှစ်အတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံ သို့ (၂) ခေါက်၊ အမေရိကန်နိုင်ငံ သို့ (၂) ခေါက်၊ ဥရောပ သို့ (၂) ခေါက် နှင့် ဂျပန်၊ ကိုရီးယား နှင့် အိန္ဒိယနိုင်ငံများသို့ ခရီးများ ထွက်ခဲ့သည်။  ရက်ပိုင်းအတွင်း စင်္ကာပူနိုင်ငံသို့ ဆက်လက်ထွက်ခွာအုံးမည်ဖြစ်သည်။ ခရီးစဉ်အားလုံးသည် ရက်ရှည်ခရီးစဉ်များဖြစ်ပြီး လေယဉ်စရိတ် နှင့် ဟော်တယ် စရိတ်များကို မည်မျှ သုံးစွဲ ကြောင်း၊ မည်သည့်နေရာများမှ ရရှိသည့် ပိုက်ဆံများကို အသုံးပြုကြောင်းကိုတော့ တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ပြောကြားခဲ့ဖူးခြင်း မရှိခြေ။

၂၀၁၂ မေလ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ ထိုင်းလေဆိပ် ဂိတ် ၁၀ မှ အများနည်းတူ တန်းစီခဲ့ရပြီး မှတ်တမ်းများ ဖြည့်စွက်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်ပေးခဲ့သည်။ မေလ ၃၀ ရက်နေ့တွင် မဟာချိုင် ရှိ မြန်မာအလုပ်သမားများ နှင့် တွေ့ဆုံခဲ့သည်။ သို့သော် ယနေ့ အချိန်ထိ ထိုင်းရောက် မြန်မာ ဒုက္ခသည်များ နှင့် အလုပ်သမားများ ဘဝ မှာ ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။
 

 



 ထိုင်းနိုင်ငံမှ ပြန်ရောက်အပြီး ရက်ပိုင်းအတွင်း ၂၀၁၂ ဇွန်လ ၁၃ ရက်နေ့တွင် နော်ဝေ၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံများသို့ လှည့်လည်သွားရောက်ခဲ့ပြန်သည်။ ဇွန်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ နော်ဝေနိုင်ငံတွင် လည်ပတ်ခဲ့ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် မိန့်ခွန်းပြောကြားခဲ့သည်။ တိုက်ဆိုင်စွာဖြင့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးဆုယူ နေချိန်က မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသတွင် မငြိမ်းမချမ်းဖြစ်နေချိန်ဖြစ်သည်။ 

 
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အား နိုင်ငံခြားသတင်းစာတစ်ခုမှ သရော်ထားသည့် ကာတွန်း

မိသားစု ဆရာဝန်မှ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ကြောင်း အကြိမ်ကြိမ် ပြောနေသော် လည်း ဆွစ်ဇာလန် နိုင်ငံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ဒေါ်အောင်ဆန်း စုကြည် အော့အန်ခဲ့ သဖြင့် သတင်းစာရှင်းလင်းပွဲကို ရေးပေါ် ရပ်တန့်ခဲ့ရသည်။



ကျန်းမာရေးဒေါင်ဒေါင်မြည်သည့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ၌ မူးဝေ အော့်အန်စဉ်


ဒေါ်အောင်ဆန်းစုကြည်သည် ဗြိန်နိုင်ငံတွင် ၁၀ ရက်ခန့်နေထိုင်ခဲ့ ပြီး မြန်မာစကားမပြောတတ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေး ကမ်အဲရစ် တို့ မိသားစု နှင့် အတူ အချိန်ကုန်ခဲ့သည်။ ဗြိတိန်အိမ်ရှေ့မင်းသား အိမ်တွင်လည်း သစ်ပင် စိုက်ပေးခဲ့ရသည်။ မြန်မာနိုင်ငံသို့ ကင်မ်အဲရစ် ရောက်ရှိချိန် တစ်လျှောက်လုံး သတင်းမီဒီယာများက  နောက်က တစ်ကောက်ကောသက်လိုက်ကာ သတင်းများ ဖော်ပြခဲ့ကြသော်လည်း ဗြိတိန်ရောက် ဒေါ်အောင်ဆန်းစုကြည် ၏ သား၊ ချွေးမ၊ မြေးများနှင့် တွေ့ဆုံမှုကို မည်သည့် ဗြိတိန် မီဒီယာကမှ မဖော်ပြခဲ့ကြခြေ။ UK သို့ ရောက်ရှိစဉ် မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့ရာ ပြဿနာ များရှိခဲ့ပြီး နောက်တစ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် UK မှ သံဃာများထံသို့ သွားရောက်တောင်းပန် ခဲ့ရသည်။

ဇာဂနာမှ တောင်းပန်သည့် စာ နှင့်

ဒေါ်အောင်ဆန်းစုကြည်မှ တောင်းပန်နေစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာအရေး လှုပ်ရှားနေသည့် BC UK မှ အစ္စလမ်ဘာသာဝင် ဝေနှင်းပွင့်သုန်၊ ဇိုရာဖမ်း တို့နှင့် တွေ့ဆုံခဲ့သည့် အပြင် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ်ဟု ရေးသားခဲ့သည့် BBC ဝိုင်းတော်သားများနှင့်လည်း တွေ့ဆုံခဲ့သည်။ သတင်းဌာနများမှ ရိုဟင်ဂျာ နှင့် ပတ်သက်ပြီး မေးမြန်းရာတွင်  ရိုဟင်ဂျာ သည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ငြင်းဆိုခဲ့ခြင်း လုံးဝမရှိ ပဲ ရိုဟင်ဂျာ ရှိမရှိ မသိကြောင်း ကိုသာ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားခဲ့သည်။

 
ရိုဟင်ဂျာအား မြန်မာတိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားသူများအား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးစဉ်
ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပန်းချီဆရာတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ မြေပုံ ဆွဲခိုင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ မြေပုံ မဆွဲတတ်ခဲ့ပေ။ မြန်မာ သမ္မတ လုပ်မည်ပြောပြီး မြန်မာပြည်မြေပုံ မဆွဲတတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်ခံခဲ့ရသည်။


၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် လေဆိပ်မှ ထွက်ခွာလာစဉ်လမ်း ရှစ်မိုင် လမ်းဆုံတွင် တိုင်းရင်းသား အချို့မှ "ကုလားမ စုကြည် အလိုမရှိ" ဟုစာတန်း ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို NLD ပါတီဝင်များနှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ လိုက်ပါလာသူများက ထိုးကြိတ်တိုက်ခိုက်ကာ ဆိုင်းဘုတ်များကို လုယူသွားကြသည်။

 
တိုင်းရင်းသား လူငယ်များက ဒေါ်အောင်ဆန်း စုကြည်အား ဆန္ဒပြကြစဉ်


 ဥရောပခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် အမတ် ဇေယျာသော်ကို ခေါ်ဆောင်သွားခဲ့ပြီး အဝတ်ထုတ် ဆွဲခိုင်းသည့် ကိစ္စနှင့် နိုင်ငံခြားသားများ၏ အနမ်းခံသည့် ကိစ္စများကြောင့် ထိုအချိန်က ဒေါ်အောင်ဆန်း စုကြည် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။
 
ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော် မှ ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်ထုတ်များကို သယ်ဆောင်နေစဉ်

 
လက်ကို အနမ်းခံရချိန် ကျေနပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အပြုံး အားတွေ့ရစဉ်

ငြိမ်းချမ်းရေး နိုဘယ်ဆုပေးသည့် ခမ်းမတွင် မိန့်ခွန်း ပြောဆိုခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံ ပြန်ရောက်ပြီးသော်လည်း မငြိမ်းမချမ်း ဖြစ်နေသည့် ရခိုင်ဒေသသို့ သွားရောက်ခဲ့ခြင်းမရှိခြေ။ ခရီးစဉ်တလျှောက် လုံးတွင်လည်း လူပေါင်းစုံနှင့်တွေ့ဆုံကာ မိန့်ခွန်းပေါင်းစုံ ပြောဆို ခဲ့သော်လည်း မြန်မာပြည်သူတို့အတွက် အကျိုးရှိစေမည့် တောင်းဆိုမှု၊ ဆွေးနွေးမှု တစ်စုံတစ်ရာမရှိခဲ့ခြေ။ ဥရောပခရီးစဉ် မှ ပြန်လာပြီးနောက်တွင်လည်း ရောပ ရောက် မြန်မာများ ဘဝ သာမက ပြည်တွင်းရှိ မြန်မာလူထု ဘဝ များမှာလည်း ဘာမှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

(ဆက်လက်ဖော်ပြမည်)

ဦးမောင်တိုး

0 comments to “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြား ခရီးစဉ်တွေက မြန်မာလူထု ဘာတွေရလိုက်သလဲ (အပိုင်း - ၁)”

Post a Comment