Wednesday, July 31, 2013

......မျက်ရည်တွေထဲက မင်္ဂလာပွဲ.....

,

 
==================
တကယ်တော့ သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေဟာ
၁ လပဲ ခံမယ်ဆိုတာ သိခဲ့ရင်..
သူတို့နှစ်ယောက် ဒီလောက် ပြုံးရွှင်နိုင်ခဲ့မှာ မဟုတ်ပါဘူး.
နှစ်ယောက်အတူလက်တွဲမယ်လို့ ဆုံးဖြတ်ပြီး..
အနာဂတ်ကို ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့..
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲက ၁၅ ရက် ၇ လ ၂၀၁၂ တဲ့။
ချစ်စခင်စ ကြင်နာစမှာ စစ်သည်ယောက်ျားအတွက် .
လက်ထပ်ခွင့် ရတဲ့ရက်က ၁၅ ရက်တဲ့..
ခွင့် ရက်ပြည့်လို့ တပ်ကို ပြန်.. ရှေ့တန်းကို ထွက်ရအုံးမယ်ဆိုတဲ့ သတင်း ..
သူ သူ့ရဲ့ဇနီးကို ဘယ်လိုပြောခဲ့ပါလိမ့်…
စစ်ပွဲဆိုတာ အနိဌာရုံလို့ သိထားတဲ့ သာမန်ပြည်သူ မိန်းကလေးက..
ယခုမှ ယူပြီးစ ရှေ့တန်းပြန်သွားမည့် ယောက်ျားအတွက်…
ဘယ်လို သတိပေး စိုးရိမ်စကားတွေ ပြောခဲ့ပါလိမ့်…

တိုက်ပွဲမှာ ဒဏ်ရာရ… မသေဆုံးခင် အခိုက်အတန့်မှာ..
အဖေ၊အမေ မိဘ မောင်နှမ တွေနဲ့…
ကျန်ရစ်ရမယ့် ဇနီးသည်အတွက်…
ဘယ်လိုအတွေးတွေ တွေးပြီး သူသေဆုံးခဲ့ပါလိမ့်…
စစ်သည်ယောက်ျား ကျန်းမာစေဖို့..
Read more →

“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်

,

ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။ သာသနာရောက်ကထဲကစ ရှိတဲ့''သိမ်တော်ကြီး''ပါ။ ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံတောင် ဘက်နားမှာ ရှိတယ်။

ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။ ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။
Read more →

Eleven Media သိစေအပ်ပါသည်

,


မြန်မာနိုင်ငံမှာ လက်ရှိ ရွေးကောက်ခံ အစိုးရ တက်လာပြီး နောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် ပေးလိုက် ပါတယ်။ အဲဒီလို မီဒီယာ လွတ်လပ် ခွင့်ပေးပြီးနောက် ပိုင်း အပတ်စဉ်ထုတ်ဂျာနယ်တွေ၊ အခုနောက်ပိုင်း နေ့စဉ်ထုတ် သတင်း စာတွေ ဟာ သတင်းစာကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်တွေကို ဘေးချိတ်ပြီး အထိန်း အကွပ်မဲ့ လာတာတွေ့ရပါတယ်။ မီဒီယာသမားအချို့ဟာ '' မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်'' ဆိုပြီး ပုဂ္ဂိုလ်ရေး မကျေနပ် မှုတွေကို ရှေ့တန်းတင်ပြီး ပြည်သူလူထုကြား သွေးထိုး လှုံ့ဆော်တဲ့ လုပ်ရပ်တွေ လုပ်လာတာတွေ့ရပါတယ်။ အဆိုးဆုံးက ပြည်သူလူထုက တပ်မတော် အပေါ်မှာ အထင်အမြင်လွဲအောင်၊ တစ်နည်းအားဖြင့် ယခင်က ပုဂ္ဂိုလ်ရေး မကျေနပ် မှုတွေကို ပြန်တူးဆွပြီး တပ်မတော်နဲ့ ပြည်သူတို့ ထိပ် တိုက်တွေ့အောင် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုမီဒီယာတွေထဲမှာ အဆိုး ဆုံးကတော့ Eleven Media ဖြစ်ပါတယ်။ Eleven Media က တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ ၁၉၈၈ ခုနှစ်ဖြစ်စဉ်နဲ့အဲဒီကာလ နောက်ပိုင်း ဘယ်လိုပါဝင်ပတ်သက်ခဲ့တယ်၊ ဘယ်လိုအဖွဲ့ အစည်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင် မှုကြောင့် တပ်မတော်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ အငြိုးထား နေတာလဲ ဆိုတာ အဲဒီပုဂ္ဂိုလ်များသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ လက်ရှိတိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးနဲ့ နိုင်ငံတော်ပြန်လည် တည်ဆောက်ရေး၊ ပြည်သူတွေကြားမှာ ဒီမိုကရေစီ အမူအကျင့်တွေ လုပ်နည်း လုပ်ဟန်တွေရှင်သန်အောင်ဆောင်ရွက်ရေးမှာ Eleven Media လို စတုတ္ထမဏ္ဏိုင်က အပြုသဘောအမြင်နဲ့ ဘယ်လောက်ပါဝင်ခဲ့ ဖူးလဲ ဆိုတာမေး လိုပါတယ်။
Read more →