Showing posts with label ရင်ဖွင့်စာ. Show all posts
Showing posts with label ရင်ဖွင့်စာ. Show all posts

Thursday, October 10, 2013

နာမည် ငါး ခု နဲ့ ကျွန်တော်

,


မေမေရေ...
ကျနော် ကျောင်းဆင်းခါစက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်ခဲ့ရတယ်...။ တကယ့်ကို တောနက်ကြီးထဲမှာ ပေါ့ ကျနော်တို့တတွေ ၂ပတ်လောက်ရိက္ခာကို တလလောက်ဆန့်ပြီးစားရတယ်...။ဒီလောက် တောင်တွေဝန်းရံနေတဲ့ ပူပြင်းတဲ့နွေရာသီမှာ မျက်နှာ သစ်ရေချိုးဖို့ဆိုတာဝေးစွ..၊ ကော်ဖီရောင် ရွံရေတွေကို အနည်ထိုင်အောင် စောင့်သောက်ရတယ်လေ....။ငှက်ပျောအူကို ဟင်းလုပ်ပြီး ရန်သူတွေကို တိုက်ထုတ်ခဲ့ရတာပါ...။အဲဒီနားကရွာတွေကလဲ ရွားသားအယောင်ဆောင် သူပုန်တွေပဲမို့ ကျနော်တို့သတင်းတွေကို အမြဲနားစွင့်ပြီး ဆွဲမိုင်းဆွဲခြင်း ၊ချုံခိုတိုက်ခိုက်ခြင်းတွေ လုပ်နေကြတော့ ကျနော်တို့ရဲဘော်တွေ လည်း တော်တော် ကျဆုံးကုန်ခဲ့ပြီ ...ကျနော်တို့အတွက်တော့ နိုင်ငံတော် အလံခြုံပြီး သဂြိုလ်လိုက်ရုံမှ လွဲ၍ ဘာမှမတတ်နိုင်ခဲ့ ပါဘူး..။သူတို့ဘက်က တယောက်နှစ်ယောက်ထိပြီဆိုရင် လေဒီယိုတွေထဲမှာ ပါလာပြီ ...။ ခမရ () က ဗိုလ်() ဦးစီးက ရွာသားဘယ်နှစ်ယောက်ကို ဘယ်လိုသတ်လိုက်တာ ဆိုပြီး မဟုတ်သတင်းလွှင့်ကြတယ်လေ....ပြီးတော့ ကျနော်တို့ကို လူသတ်ကောင်တွေဆိုပြီး အမည်တပ်တယ်ပြောပါစေမေမေ ကျနော် တို့က သူတို့အမြင်တော့ လူသတ်ကောင်ပေါ့....။

မေမေရေ...
ဘယ်သူမဆို ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ သစ္စာရှိရှိ မှန်မှန်ကန်ကန်လုပ်ခဲ့လို့ ရာထူးတက်ရင် ပျော်ကြတာပဲမဟုတ်လား ...။ ဘယ်သူမှ ကိုယ်ရာထူးတက်လို့ မပျော်တဲ့သူဆိုတာ မရှိပါဘူး... ကျနော်တို့လို သေမင်းနဲ့ စစ်ခင်းနေသူတွေအတွက် သေကံမရောက် အသက်မပျောက်လို့ တဆင့်မြင့် တာဝန်ထမ်းဆောင်ခွင့်ရတာ ပိုတောင်မပျော်သင့်ဘူးလား ..။ရာထူးကို စုံမက်လို့မဟုတ်ဖူးမေမေ...ကိုယ့်လုပ်ခဲ့အလုပ်အတွက် အသိအမှတ်ပြုခြင်းခံရတာကို ကျနော် တို့ပျော်ရွှင်မိပါတယ် .....ဒါပေမယ့် မလိုသူတွေကကျနော်တို့ကိုပြောကြတယ် ..." အာဏာရူးတွေ"တဲ့....။ ရှိပါစေတော့ မေမေ ကျနော်တို့က သူတို့ပြောနေတဲ့ အာဏာရူး တကောင်ပေါ့....။

မေမေရေ...
ကျနော် ဗိုလ်လောင်းဘ၀က ကြိုးစားခဲ့လို့ "မဟာဘွဲ့လွန်တက်ရန် အရည်အချင်းမှီ သည် "ဆိုတဲ့ စာလေးတကြောင်းပါခဲ့တယ်...ဒါ့ကြောင့် ကျနော် အခု ရုရှားနိုင်ငံမှာ ဘွဲ့လွန်တက်နေတယ် မေမေ...။ဒါပေမယ့် "မဟာဘွဲ့လွန်တက်ရန် အရည်အချင်းမှီ သည်" ဆိုတဲ့ စာလေးပါတဲ့ သူတိုင်း ရုရှားနိုင်ငံမှာ ပညာသင်ကြားခွင့်မရကြပါဘူး ကျနော် တို့တွေ မြန်မာနိုင်ငံမှာ ၀င်ခွင့်စာမေးပွဲတွေ ဖြေရတယ်...စိတ်ဓါတ်စည်းကမ်းကောင်းတဲ့ သူတွေကိုရွေးတယ်...နောက်ပြီး ရုရှား အခြေခံဘာသာစကားကို အောင်မြင်တဲ့ သူတွေသာလျှင် ရုရှားနိုင်ငံမှာ ပညာသင်ကြားခွင့်ရှိခဲ့တယ် ...။ကျနော်တို့ ဒီမှာ အချိန်မဖြုန်းပါဘူး မြန်မာနိုင်ငံအတွက် သာရေးနာရေးတွေမှာ တတ်နိုင်သလောက် ကူညီကြတယ် ....ကိုယ်သိထားတဲ့ နည်းပညာအချီု့ကို ဆိုဒ်လေးတွေထောင်ပြီး မြန်မာနိုင်ငံက သူတွေကို တတ်နိုင်သလောက်ကူညီကြတယ်...နောက်ပီး ကျနော် တို့ သင်ကြားခဲ့တဲ့ပညာမှန်သမျှ ကျနော် တို့ ကိုယ်ကျိုးအတွက် သုံးပိုင်ခွင့်မရှိပါဘူး..တိုင်းပြည်အတွက်ပါ ...ကျနော်တို့ဒီမှာ တလကို $275 ရတယ် ...ဒီနိုင်ငံရဲ့ အောက်ခြေလူတန်းစား လစာက တလကို $ 1000(တထောင်) ကျော်တယ် ...ကျနော်တို့ ချိုးခြံ ချွေတာ စွာနဲ့ လောက်ငှအောင် သုံးနိုင်ပါတယ် ကျနော်တို့တွေက စစ်သားတွေပဲ မဟုတ်လား...ဒါပေမယ့် တချို့သူတွေက ပြောကြတယ်..။ ဘာတွေကို ဘယ်လိုကြည့်ပြီး ပြောကြလဲ တော့ ကျနော် မသိဘူးမေမေ ..ကျနော်တို့ကို နိုင်ငံဘဏ္ဍာဖြုန်းတဲ့ကောင်တွေ ၊ ပြည်သူပိုက်ဆံ ထိုင်ဖြုန်းတဲ့ ကောင်တွေ တဲ့...။ပြောကြပါစေ မေမေ ကျနော်တို့က သူတို့တွေ စွပ်စွဲနေတဲ့ နိုင်ငံဘဏ္ဍာဖြုန်းတဲ့ကောင်တွေ ပေါ့...။

မေမေရေ...
တခါတလေ ကျနော်ကွန်ပျူတာကိုတောင် မဖွင့်ချင်တော့ဘူး...ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းရေးထားတဲ့ မကောင်းသတင်းတွေကိုပဲ နေ့တိုင်းတွေ့နေရတယ်...အမြင်မတူတာကို ကျနော် လက်ခံပေမယ့် တဖက်သားကို အပုတ်ချ မကောင်းသတင်းပြောနေတာကို ကျနော်တို့ နားလည်တတ်အောင် မနည်းကြိုးစားနေရတယ်...။ ကျနော်တို့ရဲ့ မဟုတ်မမှန် သတင်းတွေကို လွှင့် ပြီး ဘာမှ မသိနားမလည်သေးတဲ့လူငယ်တွေကို ကျနော်တို့ကိုအမုန်းကြီးအောင် ၀ါဒဖြန့်နေကြတယ်..ကျနော်တို့တတွေအမှန်ကို ပြန်လည်ဖြေရှင်းပြတော့လည်း အရမ်းဟောင်လွန်းတဲ့ စစ်ခွေးဆိုပြီး အပြောခံရတယ်မေမေ..။
ပြောပါစေ မေမေ ကျနော်တို့က သူတို့ ခိုင်းနှိုင်းတဲ့ စစ်ခွေးတကောင်ပေါ့...။

မေမေရေ...
ကျနော်စီနီယာ ဂါဒီယံ (Guardiam) တယောက်ပြောပြတယ်မေမေ...။ သူရှေ့တန်းထွက်နေတဲ့အချိန်မှာ သူဖေဖေဆုံးသွားတယ်ဆိုတဲ့ ကြေးနန်းဝင်လာတယ်တဲ့ ..။သူအရမ်းပြန်ချင်ပေမယ့်လည်း စစ်မြေပြင်မှာ ရောက်နေတဲ့ အတွက် သူမပြန်နိုင်ခဲ့ပါဘူး...သူရှေ့တန်းက ပြန်ရောက်ရောက်ခြင်းမှာ သူ့အမေ ကျန်းမာရေးမကောင်းလို့ အသည်းအသန် ဖြစ်တယ်ဆိုတဲ့ သတင်းထပ်မံကြားရတော့ သူတပ်ကိုခွင့်တင်ပြီး အိမ်ကိုပြန်ခဲ့တယ်မေမေ ....။လမ်းခရီးဝေးတာက တကြောင်း ခွင့်ရက်က ချက်ချင်းပြန်ကျ မလာတာကတကြောင်းကြောင့် သူပြန်ရောက်တဲ့ အချိန်မှာ သူ့ အမေ အသက်ကိုသူမမှီတော့ဘူး ...အဲဒီအချိန်မှာ သူ့ဆွေမျီုးတွေ သူ့ရက်ကွက်က လူတွေက သူ့ကို မိဘနှစ်ပါးလုံး သေတာတောင် ပြန်မလာနိုင်တဲ့ကောင် မင်းကိုအခုလိုမျိုးပညာတတ်ဖြစ်အောင် ကျောင်းထားပေးတဲ့ မိဘတွေ ကျေးဇူးမှ မထောက်တဲ့ကောင် ၊ ကျေဇူးကန်းတဲ့ ကောင် ဆိုပြီး ၀ိုင်းပြောကြတယ်တဲ့ မေမေ...။
ပြောကြပါစေ မေမေ....ကျနော်တို့တွေက သူတို့အထင် ကျေးဇူးကန်းတဲ့ ကောင်တွေ ပေါ့....။

ရှိပါစေတော့ မေမေ...
သူတို့ပြောနေတဲ့ ကျနော်တို့က
လူသတ်ကောင်တွေပါ....
အာဏာရူး တွေပါ...
နိုင်ငံဘဏ္ဍာဖြုန်းတဲ့ကောင်တွေပါ...
စစ်ခွေးတွေပါ
ကျေးဇူးကန်းတဲ့ ကောင်တွေပါ...

နောက်ထပ်...နောက်ထပ်သော ကျနော်တို့မသိနိုင်တဲ့ အမည်တွေ တပ်ပါစေ မေမေ... ကျနော်တို့ စိတ်ဓါတ်တွေ ဒီလောက်နဲ့ မယိမ်းယိုင်နိုင်ပါဘူး...တနေ့နေ့တချိန်ချိန် မှာ ကျနော်တို့ရဲ့ နေရာ ကျနော်တို့ ရင်တွင်းခံစားချက်တွေကို တနာရီလောက် ၀င်ခံစားမိရင် အခုလိုပြောနေတဲ့ ပါးစပ်ပေါက်တွေ အလိုလို ပိတ်သွားပါလိမ့်မယ်...။သာမည ဆိုတာလည်း အညာတရ ကစပြီး သာမညဆိုတာဖြစ်လာတာပါ...
တော်ဝင် သဇင်ပန်းဆိုတာကလည်း တောကြိုတောင်းကြားကနေမှ အဖိုးတန်တော်ဝင်ဆိုတာဖြစ်လာတာပါ...
ဒီလိုပါပဲ တိုင်းပြည်အတွက် အသက်အပ်နှင်းထားတဲ့ ကျနော်တို့တွေ အတွက် ဘာမဟုတ်တဲ့ဖြတ်မျဉ်းလေးတွေကို ကျနော် ကြိုးစားကျော်လွှားရင်း အခုဆို ကျနော်မှာ နာမည် (၅) ခုရနေပြီ မေမေ....။




ငဖြိုး
Read more →

Friday, August 23, 2013

စုံစီ နဖာ အကုန်ချည် တာ NLD ပါ

,

လုပ်စား ကိုင်စားတာများလွန်းနေပြီဖြစ်သည
့် NLD
==========================
ဆရာကြီး ဒဂုံတာရာဈာပနမှာ ခေါင်းတလားကို ခွပ်ဒေါင်းအလံအုပ်ထားတာတွေ့လိုက်ရပါတယ်။

ဆရာကြီးNLDပါတီဝင်ဖြစ်တယ်လို့လည်း ဘယ်တုန်းကမှမကြားဖူးပါ။
သူ့ဟာသူ အောင်ပန်းမှာ သူမြေးမလေးနဲ့ အေးဆေးနေတာပါ။
ဆရာကြီးသိလိုတဲ့စာတွေ သူ့မြေးမလေးက ဖတ်ပြ၊ဆရာကြီးက
သူရေးလိုတဲ့ စာတွေနှုတ်တိုက်ရွတ်ပြ အေးချမ်းစွာ နေနေကြတာပါ။

ဆရာကြီးမှာ ရန်သူမရှိသလို၊ဂိုဏ်ဂနလည်းမရှိပါ။သူဆီလာလည်သမျှလူတွေကို
ဧည့်ဝတ်ကျေပွန်စွာ လက်ခံတွေ့ဆုံပြီး စကားလက်ခံပြောဖူးတာပဲ၇ှိခဲ့ပါတယ်။

NLDကတစ်ချို့သူတွေ ဆရာကြီးဆီ မကြာခဏသွားပြီး လည်ပတ်နေတာတော့ရှိဖူးမှာပေါ့။

ဒါကိုအခွင့်ကောင်းယူပြီး ဆရာကြီးဆုံးတဲ့အခါ ခွပ်ဒေါင်းအလံကိုအသုံးချတာ
အခွင့်ရေးလက်တစ်ဆုံးးနှိုက်တယ်လို့ ယူဆနိုင်ပါတယ်။ဆရာကြီးကို NLDမှ ကြည်ညိုကြတာ မဟုတ်ပါ။စာပေ၀ါသနာရှင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတိုင်းက
လေးစားချစ်ခင်ကြပါတယ်။ဆရာကြီးက ငါသေရင် ဒေါင်းအလံအုပ်ပေးပါလို့ တောင်းဆိုခဲ့တာလည်း တစ်ခါမှ မကြားဖူးပါ။
ငြိမ်းချမ်းရေးဗိသုကာကြီးတွက် ခေါင်းတလားအထက်မှာအုပ်ချင်းအုပ် ချိုးငှက်အလံအုပ်ရပါလိမ့်မယ်။

သူ့ဟာအေးဆေးနေတဲပ ပုဂ္ဂိုလ်ကြီးရဲ့ ဒီလိုဈာပနမျိုးမှာတောင် နိုင်ငံရေးအသွေးအရောင်တွေ
ရောယှက်နေတာ။

ပုံပါအတိုင်း ကုလားရော၊ဘာသော
မုန့်ဟင်းခါးဆိုင်သော၊ကွမ်းဆိုင်သော
နေကြာစေ့သော ၊ကွာစေ့သော..နောဇာနာမိ ဒို့မသိတဲ့

အုတ်ရောရော ကျောက်ရောရော စုံစီနဖာ အကုန်ချည်တာ NLDပါလို့ဆိုရင်
မှားလိမ့်မည်မထင်ပါ။

(မှတ်ချက်။ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ဗိုလ်ချုပ်အောင်ဆန်း၊
လူထုဒေါ်အမာ၊ဆရာကြီးဒဂုံတာရာ................................
နောက်နာမည်ကြီးဆရာတွေလည်း လုပ်စားကိုင်စားဦးမှာ မြင်ယောင်နေပါတယ်ခင်ဗျာ။)
Read more →

Sunday, August 18, 2013

အဆွေတော် သို့ ပေးစာ

,


အသားထဲကလောက်ထွက်တဲ့ အမျိုးသားသစ္စာဖေါက်ကို အလုပ်ဖြုတ်ပေးပါ ..

ရန်ကုန် - ကော့ကရိတ် / ကော့ကရိတ် - ရန်ကုန် ပြေးဆွဲနေသော ဗုဒ္ဓဘာသာပိုင် "အဆွေတော်"
ယာဉ်လိုင်းရှိ ကားများသည် လမ်းခရီး၌ထမင်းစားနားချိန်တွင် ဗုဒ္ဓဘာသာဆိုင်များတွင်သာကား
ရပ်နားပေးခြင်းဖြစ်ပါတယ် .. ဒါပေမယ့် ယခုပုံပါ ( ၉ ခ / ၇၁၉၅ ) ကားကိုမောင်းသူ ဒရိုင်ဘာ
သည် ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လျက်နှင့် ရန်ကုန်မှကော့ကရိတ်သို့အသွားတွင် ကျိုက်ထိုမှ အဆွေ
တော် ယာဉ်များရပ်နားနေကျ "အောင်မိတ်ဆက်" ဟူသော ဗုဒ္ဓဘာသာဆိုင်ကိုကျော်၍ "၀င်း"
မူစလင်ဆိုင်တွင်ရပ်နားခဲ့၍ ကားပေါ်ပါဗုဒ္ဓဘာသာအများစုမှဆဲဆိုကြိမ်းမောင်း၍မကျေမနပ်ဖြစ်
ခဲ့ကြပါသည် .. ကော့ကရိတ်မှ ရန်ကုန်သို့အပြန်တွင်လည်း အဆွေတော်ယာဉ်များရပ်နားနေကျ
ဗုဒ္ဓဘာသာဆိုင်တွင်မရပ်ပေးပဲ ဘီးလင်းမှ "ရွှေမျက်မှန်" မူစလင်ဆိုင်တွင်သာရပ်နားခဲ့၍ တချို့
ခရီးသည်များ မကျေမနပ်ဖြစ်နေကြပါတယ် .. ထိုသို့မူစလင်ဆိုင်တွင်ရွေး၍ တမင်ရပ်နားပေး
ခြင်းကို အသေးစိတ်စုံစမ်းကြည့်ရာ အဆွေတော်ယာဉ်လိုင်းတွင် ၄င်း ( ၉ ခ / ၇၁၉၅ ) ယာဉ်
တစ်စီးတည်းသာ အသားထဲကလောက်ထွက်၍ မူစလင်ဆိုင်တွင်ရပ်နားပေးခြင်းဖြစ်ကြောင်း
နှင့် ထိုသို့တစ်ခေါက်ရပ်နားပေးတိုင်း အဆိုပါမူစလင်ဆိုင်များမှ ပေးသည့် အခကြေးငွေများ
ရရှိကြောင်းသိရပါတယ် .. ထို့ကြောင့် အဆွေတော် ယာဉ်လိုင်းမှ အဆိုပါ ( ၉ ခ / ၇၁၉၅ ) ယာဉ်
မောင်းသူအား အမြန်ဆုံးအလုပ်ဖြုတ်ပစ်ရန်နှင့် ဆက်လက်၍ မူစလင်ဆိုင်များတွင် ရပ်နားခြင်း
ပြုလုပ်နေဦးမည်ဆိုလျှင် "အဆွေတော်" ယာဉ်လိုင်းအားမြန်မာလူမျိုးများ ရှောင်ကြဉ်လာခြင်းကို ခံရမည်ဖြစ်ကြောင်း သတိပေးလိုက်ပါတယ် ..
Read more →

Wednesday, August 14, 2013

ဒီလို ခရီးသွားဧည့်သည်မျိုးကို ဘယ်လိုသဘောရပါသလဲ?

,


ကျွန်မအတွက် ကတော့....
ဧည့်သည် ဆိုတာ အိမ်ရှင်ဆီ အလည်လာရင် အိမ်ရှင် စည်းကမ်း အတိုင်း လေးစား လိုက်နာသင့် တယ်လို့ထင်တယ်...

ဘာသာတရား ယုံကြည်တာ မကြည်တာ အပထားအုံး နိုင်ငံတစ်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့နေရာကို မထေမဲ့မြင် မပြုသင့်ဘူးလို့ထင်တယ်...

ငယ်ပါဖုံး ရုံလောက် အ၀တ်အစားနဲ့ နယ်ခံ မိန်းမသားတွေရှေ့မှာ ယခုလို ပြုမူတာဟာလဲ ယိုသူမရှက် မြင်သူရှက်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးခြင်းတစ်မျိုးပါပဲ...

နယ်ခံတွေက ဧည့်သည် ပဲလေဆိုပြီး ခွင့်လွှတ်ပေးထားတာကိုတောင် သူတို့ ဘလော့မှာ "Most of them was really exited about our ideas!" လို့ ထင်သွားကြတယ်.... အဲဒါကို သူတို့ က အနုပညာတဲ့....

ဒီလို ခရီးသွားမျိုးကို အမှန်တော့ သက်ဆိုင်ရာက Fine ကောက်ပြီးတောင် အရေးယူသင့်တယ်... မြန်မာပြည် အလည်လာသူများလာတာနဲ့ အမျှ ဒီလိုမျိုး သရုပ်ပျက် tourist တွေကိုလဲ ထိမ်းချုပ်ဖို့ စည်းကမ်းတွေထားသင့်တယ်... အဖြူဖြစ်တာနဲ့ မလွှတ်ပေးသင့်ဘူး..

From : ..Luděk Wellart (model)
Read more →

Saturday, August 10, 2013

စစ်သားပီသချင်သော စစ်သားတဦး

,
 
အင်းးးးးးးးးးးးးး
စစ်သားအလုပ်စစ်သားလုပ်ပါလား ။
တပ်မတော်ရဲ့တာဝန်ဟာ လုံခြုံရေး နဲ့ ကာကွယ်ရေးတာဝန် မဟုတ်လား ဆိုပြီးပြောကြတယ် ။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မှာ စစ်သားတွေ ဝင်ဝင်ပါနေရတာကို အပြစ်တင်ကြတယ် ။
စစ်သား ဟာ စစ်သားအလုပ်ကို လုပ်ချင်ပါတယ် ။
စစ်သားအလုပ်မလုပ်ရတဲ့ စစ်သား ဟာလည်း စစ်သားကွာလတီကျတယ် ။
တကယ်တမ်း တပ်တွေ မှာ စစ်ရေး ၊ တိုက်ခိုက်ရေး ၊ ကြံ့ခိုင်ရေး တွေ လေ့ကျင့် ပြီး ဒေါင်ဒေါင်မြည်ဖြစ်နေရမဲ့ စစ်သားတွေဟာ လူမှုဝန်ထမ်း ၊ နိုင်ငံတည်ဆောက်ရေး ၊ နိုင်ငံရေး တွေမှာ ပါနေရပြီး စစ်သားအရည်သွေးတွေ လျော့နည်းနေရတယ် ။

ဖြစ်နိုင်ရင် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ ကိုအားကိုးချင်တယ် ။ ယုံကြည်ချင်တယ် ။ ဒါပေမဲ့ တပ်မတော် ဟာ နဂို ကမှ စစ်သားတွေပီပီ သံသယ စိတ်နဲ့ ဆန်းစစ် တဲ့ ဝသီရှိရတဲ့ထဲ ၊ အတိတ်က သင်ခန်းစာတွေအရ ခဲမှန်ဖူးတဲ့ စာသူငယ်.. ရွယ်ယုံနဲ့ ကြောက် ဆိုသလို ဖြစ်နေခဲ့ရတယ် ။
နိုင်ငံရေးသမားတစ်ယောက် လုပ်ရပ်မှားသွားတဲ့ခါ နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းသွားတယ် ။ မြန်မာနိုင်ငံ မှာ နေလို့ မရတော့ဘူးဆိုရင် တခြားနိုင်ငံကို အေးချမ်းစွာထွက်ခွါသွားရုံပဲရှိတယ် ။ နိုင်ငံရေးသမားတို့ အချင်းချင်း ပြိုကွဲ မှုဟာ စကားများ ၊ ရန်ပွဲ ၊ တရားစွဲ တဲ့ အခြေအနေပဲရှိတယ်။ ဒါပေမဲ့ အဲဒီ ဂယက်တွေဟာ ဒီတိုင်းပြီးမသွားဘူး ။ တပ်မတော် နဲ့ ပြည်သူတွေဟာ အသက်ပေါင်းများ စွာ ရင်းနှီးပြီးဖြေရှင်းရတယ် ။ သွေးသားရင်းတွေ ချင်းချင်နီအောင် သွေး နဲ့ ရင်းကြရတယ် ။

ကျွန်တော်တို့ ကိုယ်တိုင် စစ်သားဘဝ ကို ခုံမင်နှစ်သက်သလို ၊ စစ်သားအလုပ်ပဲလုပ်ချင်တယ် ။ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ဘေးဖယ်ပြီး ကျွန်တော်တို့ တိတ်တိတ်လေး စောင့်ကြည့်နေပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံရေးသမားတွေကို အားကိုးချင်တယ် ။ယုံကြည် စိတ်ချချင်တယ် ။ နိုင်ငံရေးအရည်ချင်းရှိကြပါ ။ အချင်းချင်း စည်းလုံး မှု တည်ဆောက်ကြပါ ။ နိုင်ငံရေးသမားချင်း စည်းလုံးတဲ့ ခါ အားတစ်ခု ရပါလိမ့်မယ် ။ အရည်ချင်းနဲ့ စည်းရုံးရေးစွမ်းရည်ကောင်းလာတဲ့ခါ တပ်မတော်နဲ့ ပြည်သူက အလိုလို နောက်မှာ ပါပြီးသားဖြစ်နေမှာပါ ။ စလယ်ဝင် ဖင်မမဲ ခင် ကွဲချင် မနေကြပါနဲ့ဦး ။
ရုပ် ဆိုး
Read more →