Showing posts with label အိမ်ရှင်မ မှတ်တမ်း. Show all posts
Showing posts with label အိမ်ရှင်မ မှတ်တမ်း. Show all posts

Monday, October 14, 2013

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ

,


၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

Ref: Awesome Facts
နှိုင်းရင့်နွေမှတင်ဆက်သည်...
Read more →

Thursday, September 26, 2013

အိမ်ရှင်မများအတွက် ကြက်သွန်လှီးနည်း

,


ငါ့ကို ငိုအောင်လုပ်ခဲ့တာတွေအတွက်ငါ့မင်္ဂလာဆောင်ကျရင် နင့်ကိုကြက်သွန်လှီးခိုင်းမယ် တဲ့

တလောက သူငယ်ချင်းတစ်ယောက် status လေးပါအရမ်းသဘောကျမိတယ်ဗျ
တကယ်ထိရောက်ပါပေတယ်မိတ်ဆွေတို့ရော အဲ့လို အခိုင်းခံရရင်ဘယ်လိုလုပ်မလဲ
သူများမင်္ဂလာဆောင်မှာ ငိုမှာလား

ကြက်သွန် (Onion) ဆိုတာ Latin ဘာသာက ဆင်းသက်လာတာပါပုလဲဥကြီးလို့ အဓိပ္ပါယ်ရပါတယ်
ကြက်သွန်လှီးလိုက်ရင် သူက နာကျင်တာကို ပြသတဲ့အနေနဲ့Synpropanethial.S Oxide ခေါ်တဲ့
အင်ဇိုင်းတစ်မျိုးကို ထုတ်ပါတယ်လူလိုဆို ငိုတာပေါ့နော်အဲ့သည့်အင်ဇိုင်းဟာ ကျန်တဲ့ အပိုင်းတွေနဲ့
ဓါတ်ပြုပြီး လေထဲကို Gas တစ်မျိုးထုတ်ပါတယ်အဲ့သည့် Gas ကပဲ သင့်မျက်လုံးကိုဟပ်မိလို့ မျက်ရည်ကျရတာဖြစ်ပါတယ်

ဒါဆို မငိုရအောင် ဘယ်လိုကာကွယ်မလဲ???ပြောပြပါ့မယ်

ဓါးထက်ထက်သုံးပါ။ဓါးထက်ထက်နဲ့ လှီးတာဟာ ကြက်သွန်ကို ဓါးတုံးတုံးနဲ့ ဖိချေတာမျိုး မဟုတ်တဲ့အတွက် enzyme သိပ်မထွက်ပါဘူး တဲ့



မလှီးခင်ကြက်သွန်ကို ရေခဲသတ္တာထဲမှာ ၁၀မိနစ်ခန့် ထားပါ။အအေးဓါတ်က အင်ဇိုင်းတွေကို နှေးကွေးစေလို့ပါဒီနည်းကတော့ နိုင်ငံတကာရုပ်သံတွေမှာ ချက်နည်းပြုတ်နည်း အစီအစဉ်ရိုက်တဲ့ သူတွေသုံးတဲ့နည်းပါသတိထားမိလားသူတို့ကြက်သွန်လှီးရင် ငိုမှမငိုတာ

ပန်ကာအောက်မှာ လှီးပါ။
ပန်ကာလေက ထွက်လာတဲ့ gas ကို သင့်အဝေးကိုရောက်စေလို့ပါ တဲ့

မျက်ကပ်မှန်တပ်ပါ။
မျက်ကြည်လွှာကို လာထိမယ့် Gas ကို ကာကွယ်ပေးနိုင်ပါတယ်

ရေထဲမှာလှီးပါ။
ရေထဲ ဒါမှမဟုတ် ရေဘုံဘိုင်အောက်မှာ လှီးခြင်းအားဖြင့် ထွက်လာတဲ့ အင်ဇိုင်းကို ရေက ဓါတ်ပြယ်စေပါလိမ့်မယ်

လှီးမယ့်နေရာကို ရှာလကာရည် လောင်းထားပါ။
ရှာလကာရည်က အင်ဇိုင်းကို ဓါတ်ပြယ်စေပါတယ်

အနီးမှာ ဖယောင်းတိုင်ထွန်းပါ။
ထွက်လာတဲ့ gas ကို မီးတောက်က ဆွဲယူသွားပါလိမ့်မယ် တဲ့

ပီကေဝါးပါ။
အကြောင်းရင်းအတိအကျ မပြောနိုင်ပေမယ့် ကြက်သွန်လှီးနေရင်း ပီကေဝါးနေတာဟာ မျက်ရည်ကျခြင်းကို ကာကွယ်နိုင်ပါတယ်တချို့တွေကပီကေဝါးနေရင် ပါးစပ်က အသက်ရှူဖြစ်တာမို့
gas တွေကို ပူနွေးစိုစွတ်တဲ့ အာခံတွင်းက ဆွဲသွားတာကြောင့်ပါ လို့ ပြောပါတယ်

ကဲ
မိတ်ဆွေတို့လည်း မင်္ဂလာဆောင်မှာ ကြက်သွန်လှီးခိုင်းရင်ပြုံးပြုံးလေးနဲ့ လှီးပေးလိုက်ပါပီကေဝါးသွားဖို့တော့ မမေ့ပါနဲ့နော


ကိုဆေး

Ref:
WikiHow : How to chop onions without tears?

www.ask.com : How does chewing gum protect crying?

Photo:
Jacqueline's Spencer peeling onions (2011)
Read more →

Thursday, August 29, 2013

ဆီထမင်းနှင့်ငါးသလဲထိုးကြော်

,


ဆီထမင်း

ကောက်ညှင်းဆန် နို့ဆီဗူး ၁ ဗူးကို ရေဆေးကာ မိနစ်၂၀ လောက်ရေစိမ်ထားပြီးရေပြန်စစ်ထားပါ
။ရေစိမ်ထားလျှင် ဆီထမင်းထိုးတဲ့အခါ ကောက်ညှင်းမြန်မြန်ကျက်ပါတယ်။ ဆီထမင်းထိုးမည့် ဒယ်အိုးထဲတွင် ဆီ ၂ ကျပ် ခွဲသားခန့်ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီ ၅ လုံးကို နနွင်းအသင့်အတင့်တို့ ဖြင့်ကြော်ပါ။ကြက်သွန်နီများ ရဲပြီးရွှေရောင်သမ်းလာပါက သုံးပုံ နှစ်ပုံကို ခတ်ယူ၍ ဆီစစ်ထားပါ။ကျန်ကြက်သွန်နီကြော်များထဲသို့ ရေစစ်ထားသော ကောက်ညှင်းဆန်များနှင့်ဆားအနည်းငယ်
ထည့်ပြီး မွှေပေးပါ။ရေနွေးကို ကောက်ညှင်းဆန်မမြုတ်တမြုတ်ထည့်ကာ မွှေပြီး အဖုံးအုပ်ထားပါ
။ရေများကုန်သွားပြီး ကောက်ညှင်းဆန်မာနေသေးလျှင် ရေနွေးနည်းနည်းလေးလောက်ပဲ ထည့်ပြီးမွှေပေးပါ။ရေခန်းပြီး ကောက်ညှင်းအနေတော်ဖြစ်လျှင် ချိုးကပ်နေသော အောက်ဖက်ကို အထက်သို့ လှန်ပေးပါ။ မွှေးပျံ့ပြီးအရသာရှိသော ဆီထမင်းလေးကို ကြက်သွန်နီကြော်
၊နှမ်းထောင်း၊ငါးသလဲထိုးကြော် တို့နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

ငါးသလဲထိုးကြော်

ငါးသလဲထိုးများကို ဆား(သို့)ပြာနှင့်ပွတ်ပြီး ရေစင်အောင် ဆေး၍ ဆား၊နနွင်း တို့ဖြင့်နယ်ကာ ဆီပူပူထဲတွင် မီးအနေတော်ဖြင့် ကြွပ်နေအောင် ကြော်ပေးပါ။ အရသာရှိသော ငါးသလဲထိုးကြော်လေးကို ကြက်သွန်နီကြော်၊ ဆီထမင်းလေးပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။
Read more →

Thursday, August 15, 2013

လီမွန်ထမင်း

,
.................

.................
လီမွန်ထမင်းကတော့ အိန္ဒိယတောင်ပိုင်းရဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
ဆီပြန်အသားဟင်းများနဲ့ လိုက်ဖက်သလို သက်သတ်လွတ်စားချင်သူများအတွက်လည်း
အာလူးချက်ကဲ့သို့ ဟင်းရံများနှင့် စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
....................
• Basmati ဆန် (သို့) ရိုးရိုးဆန် - ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
• လီမွန်အရည် - စားပွဲဇွန်း ၃ ဇွန်း
• မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပျဉ်းတော်သိမ် - အနည်းငယ်
• ချင်း - လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
• မြေပဲဆံ - အနည်းငယ်
• ကုလားပဲခြမ်း - စားပွဲဇွန်း ၁ ဇွန်းခန့်
• ငရုတ်သီးခြောက် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ဆား - အနည်းငယ်
• နနွင်း - လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ

ချက်နည်း
.............
၁။ ဆီကိုအပူပေးပြီး မုန်ညင်းစေ့ကိုထည့်ကြော်ပါ။
၂။ မုန်ညင်းစေ့လေးတွေ အပူကြောင့် ပေါက်လာပြီဆိုရင် မြေပဲနှင့်
ကုလားပဲများကိုထည့်ကာ ရွှေညိုရောင်သမ်းအောင် မီးနဲနဲနှင့် ကြော်ပါ။
၃။ ပျဉ်းတော်သိမ်နဲ့ ချင်းကိုထည့်ပါ။ ငရုတ်သီးခြောက်များကိုလည်း ထည့်ကြော်ပါ။
၎။ နောက်ဆုံးမှာ ဆား၊ နနွင်းထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ။
၅။ ချက်ပြီးသားထမင်းများကို အသာအယာထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ။

...................
Evy's Kitchen
Read more →