Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, November 1, 2013

စစ်သားတစ်ယောက်ရဲ့ ရင်ဘတ်

,

စစ်သားဘ၀ကိုခုံမင်
ပြည်သူတွေကိုလုံခြုံစေဘို့
ခြုံပုဝါအစုတ်ကိုဆွဲ
နဘူးခြုံထဲတိုးအိပ်တဲ့ဘဝ
ဘယ်သူကမှမသနား
စိတ်ထားဖြူစင် ခဲ့ပါရဲ့။

ဟန်ကောထဲရောလို့မွှေ
ခွေးတွေတောင် သွားရေမကျ
စားရတဲ့ ရိက္ခာ
မင်းတို့ကိုပြချင် လည်း
မျက်နှာမွဲဘ၀ သနားကြမှာလား။

လမ်းတွေလည်းဖေါက်
 တံတားတွေဆောက်ဖို့
ကျောက်တောင် တွေခွဲ
 ကျောက်ကျင်းတွေသယ်ရင်း
ဆေးလိပ်ကယ်တဖွါတညို
ရေနှုတ်ခမ်းစိုရုံမျှ
သဒ္ဒါစိတ်မဖြစ်ပေါ်
ကားပေါ်ကခရီးသွားများ
အံကြိတ်ကာမဲ့ရင်း
စကားအတင်းဆို
မျက်နှာညှိုးညှိုးနဲ့
ခေါင်းငုံ့လို့ငိုခဲ့ရ
အဲဒါစစ်သားဘ၀။

"ဟဲ့သား ပညာများမတတ်လို့က
 အဲဒီစစ်သားဘ၀ "
ဆုံးမကာပဲ့ပြင်
မိခင် ရင် ခွင် ထဲကက လေး
မျက်နှာငယ်လေးနဲ့ ကျွန်တော်တို့ကိုမချိမချဉ်ပြုံးပြ
ဘွဲ့ရတဲ့ကိုကိုတွေ ရှင်းမ နေ တော့ပါဘူး။

စစ်သားတွေကိုမုန်း
ဟန်လုပ်လို့ပြုံးနေသူ
နေပူပူ လူဆူဆူမှာ
 နိုင် ငံချစ်တဲ့အ ကြောင်း လက်ဟောင်းလောင်းနဲ့ပြော
သြချရလောက် ရဲ့။

တချိန်ကစစ်သားငယ်ဘဝ
ပြန်လှမ်းကာတွေးမျှော်
အ နောက်ကိုခေါ်မျှော်နေသူတွေကြောင့်
မျိုးဆက်သစ် ရင်သွေး
အ တွေးမမှား ဘေးစကားကြောင့်ပျက်စီး
 စိတ်ဓါတ်တွေအထီးမကျန်ဘို့
ငါခံခဲ့ရတဲ့ဘေး သူတို့လေးတွေပြေးမ တွေ့ရ အောင်
 ကြက်မကြီးလုပ် လုံခြုံအောင် အုပ်ထားလို့
ဒီမိုတစ်သိုက် ငါ့ကိုမိုက်ကြည့်ကြည့်နေ လေရဲ့။

ရေတပ်နည်းပြကြက်မကြီး
Read more →

Monday, October 21, 2013

" ကျွန်တော်တို့ ပုခုံးပေါ်က အိမ် (၂) "

,

====================
စစ် ဆိုတာ ဘာလဲ...သူငယ်ချင်း လို့ ...
လက်တစ်ဆစ်စာ ကျည်ဖူးလေးက
ပုခုံး ပုတ်ပြီး မေးလာတယ်...
ဒီအဖြေကို သိနိုင်တဲ့လူဆိုလို့ နှစ်ယောက်ပဲရှိတယ်
ဟုတ်တယ်.. မင်းရယ်.. ငါရယ်....

တစ်သွေး တစ်သံ တစ်မိန့် လို
ငါ့မှာလည်း အသက်က တစ်ချောင်းထဲ သူငယ်ချင်း...
မင်းသေရမှာ မကြောက်ဘူးလားလို့ မင်းမေးတုန်းက
ငါ ရယ်နေတယ်........
မင်းသေရမှာ မကြောက်ဘူးလားလို့ ငါမေးရင်လည်း
မင်း ရယ်နေပါ...
ကမ္ဘာပေါ်မှာ စစ်ကိုလိုလားတဲ့ စစ်သားဆိုတာ မရှိဘူးဆိုရင်
အပြင်လူတွေ ယုံချင်မှယုံမယ်
အပြင်လူတွေ ဆိုတော့ .....
အထဲမှာ ဘယ်သူတွေရှိလဲလို့ မင်းမေးချင်လာမယ်...
အဲဒါ မင်းရယ်.. ငါရယ်.....

မင်း သိထားတဲ့ ဘဝ နဲ့ ငါ သိထားတဲ့ ဘဝဆိုတာ
ထမင်းသိုး ဟင်းသိုးကနေ မိုးခါးရေအထိ
သဲဝဲစား ရောဂါကနေ ခြေပြတ်လက်ပြတ်အထိ
အောက်ဆီဂျင်ကနေ မိုင်းကွင်းအထိ
ဒီလိုပဲ....
ငါတို့ဘဝဆိုတာ ကိုယ့်ကိုကိုယ်ပြန်လှူထားရတဲ့ ....
မိုးပျံပူဖောင်းလေးတွေလည်း ဖြစ်တယ်
(ငါတို့ ဆိုပေမဲ့လည်း အများကြီး မဟုတ်ပါဘူး)
ဘယ်သူတွေလဲ ဆိုတော့..
မင်းရယ်.. ငါရယ်....

ပလက်ဖောင်းပေါ်က ဂစ်တာသံတွေ
စတိတ်ခ်ျရှိုး လက်မှတ်တွေထက်
တရွှတ်ရွှတ် ဖြတ်ပြေးနေတဲ့ ကျည်ဆံတွေ
တအုံးအုံး ထကွဲနေတဲ့ မိုင်းတွေကို
ငါတို့ ခေါင်းအုံးလုပ် အိပ်ကြတယ်
ဒီလိုပြောလို့ ရယ်ချင်ရယ်နေ ကြလိမ့်မယ်
ရယ် မယ့်လူဆိုလို့လည်း များများစားစား မရှိလှဘူး
အဲဒါ မင်းရယ်.. ငါရယ်....

ငါတို့ဆီမှာ
ဒုက္ခိတတွေ ရှိတယ်
မသန်မစွမ်းတွေ ရှိတယ်
ခြေပြတ် လက်ပြတ်တွေ ရှိတယ်
အားငယ်တတ်တဲ့ ဘယ်ဘက် အိပ်ကပ်ကလေးတွေ ရှိတယ်
သပြေခက် ရှိတယ်....

ငါတို့ဆီမှာ
ရေခြားမြေခြား ရှိတယ်
ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်း ရှိတယ်
ဝင်သက် ထွက်သက်ကလေး ရှိတယ်
ဒုက္ခ ရှိတယ်
တမလွန် ရှိတယ်....

ငါတို့ဆီမှာ
မိုင်ရှည်ခရီး ရှိတယ်
ငိုသံတွေ ရှိတယ်
အိပ်မပျော်တဲ့ ညတွေ ရှိတယ်
သေသွားတဲ့ ရဲဘော်တွေ ရှိတယ်
သေသွားတဲ့ ရဲဘော်တွေကို အလေးပြုနေတဲ့ လက်တွေရှိတယ်
အလေးပြုနေတဲ့ လက်တွေဆိုလို့ .....
ဘယ်သူတွေများလဲလို့ မင်းသိချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်....

သေခြင်းတရား က
trailer ပြလေ့ မရှိဘူး
သေခြင်းတရား ဆိုတာ
မင်း နဲ့ ငါ တစ်ယောက်တစ်ဝက် သောက်ခဲ့တဲ့
စီးကရက် တစ်လိပ်စာလောက်ပဲ သူငယ်ချင်း
စစ်သားဆိုတာ သေခြင်းတရားနဲ့ ပတ်သက်ပြီးလည်း
လူပြောများ တတ်သေးတယ်
ပြောမယ့်လူ ဆိုလို့လည်း နှစ်ယောက်ပဲ ရှိတယ်
အဲဒါ.. မင်းရယ်.. ငါရယ်.....။

နေပိုင်
Read more →

Saturday, October 19, 2013

ခံစားချက် ပြောင်းပြန်လှန်ခြင်း

,
-ဝါသနာ ပါပါ/ မပါပါ စွာခဲ့ရတာဟာ စစ်သား ပါ။
-ပျော်ပျော်/ မပျော်ပျော် လှော်ခဲ့ရတာလည်း စစ်သား ပါ။
-ကြိုက်ကြိုက်/ မကြိုက်ကြိုက် မိုက်ခဲ့ရတာလည်း စစ်သား ပါ။
-အစွယ်လိုသူ မိဖုရား .. အသွားစေခိုင်းသူက မင်းဧကရာဇ် .. လေးပစ်သူ ငမိုက်သားက စစ်သား ပါ။
-အောက်မှာ ဆူးငုတ် .. အပေါ်မှာလည်း ဝါရင်းတုတ် နဲ့ ကြားထဲက ငထွားဟာ စစ်သား ပါ။
-အမိန့်နာခံမှု နဲ့ လောကုတ္တရာ အရေး ကြား ကုက္ကုစ္စ ပွားရသူဟာလည်း စစ်သား ပါ။
-မီးစာတစ်ဖက် .. ရေမှုတ်တစ်ဖက် ကိုင် .. “ နေ ” ဘက်လှည့် ကသိုဏ်းရှု .. ရေငုံထားတဲ့ ကျောက်ရုပ်တု ဟာ စစ်သား ပါ။
-ပရိယေသနာ ကိုယ့်ဝမ်းစာအတွက် .. ဓါးသွားပေါ်မှာ ဇော်က က .. ချော်ကျရင် ပျော်ကြမယ့် ဘဝတွေ ကြားထဲမှာက စစ်သား ပါ။
-နိုင်ငံရေးထက် စစ်ရေးခက် .. လွမ်းရေးထက် ဝမ်းရေးခက် တာလည်း စစ်သား ပါ။
-တာဝန် နဲ့ ကိုယ်ရေးကိုယ်တာ ကြား ဗျာများပြီး ဒိုင်စားခံရတာလည်း စစ်သား ပါ။
-နာဂစ်မှာ လူပန်းသမျှ .. လူကြမ်း ဖြစ်ရပြန်တာလည်း စစ်သား ပါ။
-ပြည်ထောင်အရေး အသက်ပေးနေပေမယ့် .. ရတက်မအေးသူတွေရဲ့ အဘိဇ္ဈာသက်ရောက်ခံရသူဟာ စစ်သား ပါ။
-သောကကို ဟန်လုပ် .. သတိကို ခံကတုတ် .. အလွမ်း၊အဆွေးကို တမံတုတ်ထားရသူဟာ စစ်သား ပါ။
-နောက်တန်းဆိုတာ ပျော်စရာ .. ခွင့်ဆိုတာ ကမ္ဘာ လို့ ထင်နေတာ စစ်သား ပါ။
-တပ်ဆိုတာ ရွာ .. တာဝန်ဆိုတာ ကိုယ့်အိမ်ရာ ဖြစ်နေသူဟာ စစ်သား ပါ။
-ဒီမို ဆိုတာ မျက်မမြင် ပုဏ္ဍား၎ဦး ဆင်စမ်းသလို အထင်နဲ့ မှန်းပြီး ရမ်းမျှော်နေမိသူဟာ စစ်သား ပါ။
-လျှပ်စစ်မီး နဲ့ ရေ ဟာ .. လူ့ အခွင့်အရေးလို့ မှတ်သားနားလည်သူဟာ စစ်သား ပါ။
-
-အနှီ စစ်သား မှာ ဤသို့ဤပုံ ဖြစ်ပါသောကြောင့် .....

-အကယ်၍များ စစ်မှုမထမ်းမနေရသာ ဖြစ်လာခဲ့မယ် ဆိုပါလျှင် .....
သင်(သို့) သင့် သား/သမီး/ညီအစ်ကို၊မောင်နှမများ ဘေးအန္တရာယ်ကြားက သေကံမရောက်သက်မပျောက်ပဲ ပြန်လာခဲ့မယ်ဆိုရင်လေ ...မျက်ရည်လည်ရွဲ နဲ့ ပြေးဖက်ပြီး “ စစ်ခွေးလေး” လို့
သင် ခေါ်မိပါဦးမလား ?????

Read more →

Tuesday, October 15, 2013

ရဲရင့်ခြင်းနဲ့ သစ္စာတရား

,

သောက်ကလေး ခွေးမသား
မလောက်လေး မလောက်စားရုပ်ကလေးနဲ့
ဘွဲ့လဲမရ၊စာလဲမတတ် လောကကြီးကိုလဲ နားမလည်
ဗုံးအကြောင်းတစ်ခုတည်း မင်းသိတာနဲ့
သည်သေမယ့်ဆီ မင်းတိုးတိုးသွား
မင်း လူကိုလူချင်းသတ်မယ့် ပညာလေးအားကိုးနဲ့များကွာ။

ငါ့ညီလိုပဲမြင်မြင် ငါ့သားလို့ပဲမြင်မြင်
ဘိုလိုအမိန့်ပေးရတဲ့ ခွေးနဲ့အတူ
မင်းကို တစဆီ ဆုတ်ဖြဲပစ်မယ့် အရာဆီ မင်းကတိုးတိုးဝင်
အဲဒါကို မင်းကဘာထင်နေလို့တုန်း ခွေးကောင်ရဲ့
သေခြင်းဆိုးနဲ့သေတတ်တယ်။

မင်းကတော့ သည်နေ့အဖို့ မင်းသားပဲ
မင်းရယ် ခွေးရယ် ကင်မရာသမားတွေရဲ့သားကောင်ဖြစ်ရတဲ့ မင်းသား
ငါကြည့်ဘူးတဲ့ရုပ်ရှင်ထဲကလို ထီမထင်ရုပ်လဲငါမမြင်
ငါဖတ်ဖူးတဲ့ ဝထ္ထုထဲကလို စိတ်နာစရာဘဝကြီးလဲရှိမယ်မထင်
ငါသိတဲ့ နိုင်ငံခြားကားထဲစစ်သားတွေလို ဘာမှမယ်မယ်ရရ ရမယ်မထင်ပေါင်
ခွေးကောင်လေး အရဲကိုးကိုးနဲ့ တိုးတိုးသွား
သေသာသွားလို့ကတော့ မင့်ဘဝမင်းဘာမှန်းမသိ
မင်းကိုလဲ သနားမယ့်ကောင်မရှိ
ဒါတွေပြောလဲ သိမယ့်ကောင် ဟုတ်မထင်ပါဘူး။

ဒီမိုကရေစီတဲ့၊
ငြိမ်းချမ်းရေးတဲ့
ပြည်ထောင်စုတဲ့
တရားဥပဒေတဲ့
ယုံကြည်ချက်တဲ့
မင်းမျက်နှာပေါ်လဲ ဘာမှ ငါမတွေ့ရဘူး
အော်ဟစ်ဆူညံ အလံကိုင်ချီတက်

 သေရဲ သတ်ရဲမယ့်ပုံလဲ မပေါ်ဘူး
မင့်ကို ဆဲဆိုနေမယ့် လူအုပ်ကြီးကိုလဲ

 မင်းတွေးမိပုံမပေါ်ဘူး
ကောင်လေး မင်းအသက်ငယ်ငယ်လေး
လူကိုလူချင်းသတ်တဲ့ ပညာအားကိုးနဲ့များ 

သည်အစိုးမရတဲ့ ဗုံးဆိုတာဆီ တိုးတိုးသွား
နဖူးမှာ စီးမထားပေမယ့်
တီရှပ်မှာ စာကပ်မထားပေမယ့်
မင့်ဆီက ငါဖတ်လိုက်ရတာ
ရဲရင့်ခြင်းနဲ့ သစ္စာတရား။ ။

Mg Han

ပြည်သူ့အသက်အိုးအိမ် စည်းစိမ် အတွက် အသက်စွန့်ပြီး  ဗုံးဖြုတ်ပေးခဲ့သည့် BE တပ်သားတစ်ဦးအား ဤကဗျာ ဖြင့် လေးစားစွာ ဂုဏ်ပြုပါ၏

ရွှေသတင်းသစ်
Read more →

Thursday, October 10, 2013

“လူညီရင် ဤကိုကျွဲဖတ် မတဲ့လား”

,


နိုင်ငံရေးသမားများရဲ့ လှည့်ကွက်အောက်
တကယ်ဒုက္ခရောက်ရတာ
တုံးအောက်ကဖား ကျွန်တော်များပါ။

ကျွန်တော်များဆိုတာ စစ်သားနဲ့ ပြည်သူလူထု
ဒီနှစ်ခုပေါ့။

တိမ်တောင်သဖွယ် မင်းရေးကျယ်တိုင်း
လှိုင်းဘောင်ဘင်ခတ်ခံရတာ စစ်တပ်...။
ဝိသေသမျိုးစုံတပ်ခံရတာ စစ်တပ်..။
အသက်သွေးချွေး စတေးရတာ စစ်တပ်...။

...အဲ...
ပဲလှော်ကြား ဆားညပ်တာတော့
..ပြည်သူ...

တကယ့်တကယ်ကျ
ဒီလူက..ဒီလူတွေပါပဲ..။

အသံတူ အကြောင်းကွဲသွားပေမယ့်
သံတူကြောင်းကွဲက...
သံတူကြောင်းကွဲ..
ဒီပုတ်ထဲက ဒီပဲချည်းပါပဲ..။

ခုလည်း..
လုပ်ကြပြန်ပြီ
ရှုတ်ကြပြန်ပြီ
ဒုက္ခရံစီ ဒို့တိုင်းပြည်ပေါ့..။

တည်ငြိမ်တဲ့ရေပြင်ကို ခဲချ
ဂယက်ထမှ
အကွက်လှသတဲ့လား။

အလုပ်သစ်မပြုဘဲ
ဥသျှစ်ထုဖို့ချောင်း
ပြောင်း...ပြောင်းလို့မပြီး
နိုင်
မနီးနိုင်တဲ့ ရွှေပြည်ကြီး
...သွေးချောင်းတွေ....
စီးဦးမယ်
စီးဦးမယ်။

ဒို့တာဝန်အရေးသုံးပါးကို
အားလုံး လေးစားကြပါရဲ့လား။

ပြည်ထောင်စုမပြိုကွဲရေး
နက်နက်ရှိုင်းရှိုင်း တွေးပါရဲ့လား။

တိုင်းရင်းသားစည်းလုံးညီညွတ
်ရေး
လေးလေးနက်နက် တွေးပါရဲ့လား။

အချုပ်ခြာအာဏာတည်တံ့ခိုင်မြ
ဲရေး
စူးစူးရှရှ တွေးပါရဲ့လား။

ကလေးကစားသလို
ဘွာတေးခေါ်မရ..

ထုပ်ဆီးတိုးသလို
ထမင်းရည်ပူလောင်လို့ ခဏထွက်ထိုင်နေလို့မရ..

တိုင်းပြည်ကွ..တိုင်းပြည်..
.
သမိုင်းချီတဲ့ အမှား
ဘွာတေးခေါ် ခဏနားလို့ မရဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေကို
သွန်လိုသွန်...မှောက်လိုမှေ
ာက်
တကယ်ဒုက္ခရောက်မှာ
ငါတို့ပြည်သူနဲ့ စစ်တပ်
သူကြီးအမှု ရွာမပတ်နဲ့။

မင်းတို့လက်နဲ့ရေးမှ
ဘကုန်း ဆိုတာ လှမှလား။

မင်းတို့လက်နဲ့ရေးမှ
ဝလုံးဆိုတာ လှမှာလား။

တို့အားလုံး ဘ၀ဆုံးမယ့်
တို့အားလုံး ဘ၀တုံးမယ့်
ဘကုန်း ဘ
ဝလုံး ၀တော့
မရေးကြပါနဲ့ကွာ။

စစ်သားဆိုတာလည်း
ပြည်သူထဲက ပြည်သူပါ။

မတူတာက
အထက်အမိန့် ခေါင်းညိတ်နာခံ
တစ်သွေး တစ်သံလေ။

မင်းတို့ဆွလို့ ဆူရင်
မင်းတို့ဖွလို့ ပူရင်
အိမ်ရှေ့ပူ အိမ့်နောက်မချမ်းသာတော့
တာဝန်အရ...တာဝန်ကျရာ နေရာပြေး
ကာကွယ်ရေးတွက် လုပ်ရမယ်။

ကာကွယ်ရေးမှာ
ဒို့တာဝန်အရေးသုံးပါး ပါတယ်။

ကာကွယ်ရေးမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပါတယ်။

သပိတ်စုံ..သူပုန်ထအောင်တော့
မလုပ်ကြပါနဲ့ကွာ။

ပြည်သူကိုထိုးကျွေး
ရန်တိုက်မပေးကြပါနဲ့။

အေးအေးလူလူ
သူတို့ဘ၀နဲ့သူတို့
နားပါစေ..နေပါစေ..။

အိမ်ကြက်ချင်းတိုက်
ပန်းမှရိုက်မဟ
မလုပ်လိုက်ကြပါနဲ့။

နှစ်ခြောက်ဆယ်ကျော်တိုက်ပွဲ
များ
တဖွားဖွားတောက်လောင်ခဲ့သမျှ
စစ်လည်းပန်းနေကြပါပြီ။
မြစ်လည်းခန်းခဲ့ကြပါပြီ။

ယာလည်းညက်...ကြက်လည်းပန်း
တို့မီးရှို့မီးတန်းလန်း
(ဖွဲ့စည်းပုံ အကွက်ဆန်းနဲ့)
ဓာတ်ဆီမဖြန်းကြပါနဲ့။

ပြည်ပျက်မယ့် လမ်းစ
တစ်စခန်းမထကြပါနဲ့။

ခင်ဗျားတို့ဘာသာ ခင်ဗျားတို့
ပလ္လင်ဘဲ လုလု
ဘုရင်ပဲ တုတု
သူကြီးအမှု ရွာပတ်
လူညီလို့ ဤကို ကျွဲဖတ်ချင်ဦးတော့
ဖွတ်မရ ဓားမဆုံးနေတဲ့
တုံးအောက်က ဖား
ကျွန်တော်များကို
သနားကြပါ...သနားကြပါဦးခင်ဗျာ။

(တပ်မတော်ရဲ့ အဓိကတာဝန်ကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်မှ တစ်ပါး
အခြားမရှိပါ ခင်ဗျား...................................................)

(Hmuu Yaw Da)
Read more →

Sunday, September 29, 2013

လုံမငယ်တို့ မှတ်သားစရာ

,

ဘာသာမတူ ၊ အိမ်ထောင်မူ...အယူပျက်လိမ့်မည်.....။
အယူပျက်ရာ ၊ ထိုအခါ .....ဘုရားကွယ်လိမ့်မည်......။
ဘုရားကွယ်ရာ ၊ ထိုအခါ ချမ်းသာပျောက်လိမ့်မည်..။
ချမ်းသာပျောက်ရာ ၊ ထိုအခါ......မျိုးပါပျောက်လိမ့်မည်...။
လူမျိုးပျောက်ရာ ၊ ထိုအခါ.....ပြည်ပါပျောက်လိမ့် မည် ....။
ပြည် မပျောက်ရေး ၊ အိမ်ထောင်ရေး ....မနှေးရှောင်ရမည်.......။
လူမျိုးမပျောက်ရေး ၊ အိမ်ထောင်ရေး....... မနှေးရှောင်ရမည်......။
ချမ်းသာမပျောက်ရေး ၊ အိမ်ထောင်ရေး...... မနှေးရှောင်ရမည် ....။
ဘုရားမကွယ်ရေး ၊ အိမ်ထောင်ရေး..... မနှေးရှောင်ရမည်....။
အယူမပျက်ရေး ၊ အိမ်ထောင်ရေး.... မနှေးရှောင်ရမည်.....။ (....သာရဏီယကထာ..........ဒုတိယနာယကဆရာတော်......ဘဒ္ဒန္တကုမာရ ...မြတောင်စာသင်တိုက်..... ပန်းတနော်မြို့  )
Read more →

Friday, September 27, 2013

"အပျိုစင်တစ်ယောက်ရဲ့ည"

,



ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့
ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး

သူ....
ကျမ တကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိုက်ကြည့်တယ်
သူ့လက်တွေခြေတွေနဲ့ ပွတ်သပ်ကျည်စယ်တယ်
အသံကလည်း ပလုံးပထွေးနဲ့ ဘာတွေမှန်းလဲ မသိဘူးရှင်

ပြီးတော့...
ကျမခန္ဓာကိုယ်ရဲ့ တနေရာကိုရောက်တော့
သူ... သူ... သူ့စိတ်တိုင်းကျ
ကျမ အသွေးအသားတွေကို စားသုံးတော့တယ်

သူ့ လိုအင်တွေလည်း ပြည့်ရော
ကျမကို ထားခဲ့ပြီး
သူပြန်သွားပါတော့တယ်...

ကျမမှာသာ တစ်ကိုယ်တည်း
နာကျင်ပြီး ကျန်ခဲ့ရတာပါ... ...

သူကိုက်သွားတဲ့နေရာလေးမှာ
ယားကျိကျိလေးနဲ့
ဖုလေးတောင် ကျန်ခဲ့တယ်

တော်တော်ဆိုးတဲ့ "ခြင်"


သန်၎ကို-ပေါက်ကရရေးသည်
Read more →

Thursday, September 26, 2013

ကိုယ့် လိပ်ပြာကိုယ် မရောင်းပါ

,


=================
လခစားဝန်ထမ်းတစ်ယောက်ပါ
နာမည်တပ်ထားတဲ့ ထိုင်ခုံမှာထိုင်ပါတယ်
သူများခိုင်းတာ လုပ်ပါတယ်
ကိုယ့် ဟာကိုယ်ခိုင်းတာလဲ လုပ်ပါတယ်

လခစားဝန်ထမ်းတစ်ယောက်ပါ
ဆက်ဆံရေးတွေ ကောင်းပါတယ်
အရိပ်အကဲလဲ သိပါတယ်
မရယ်ချင်လဲ ရယ်ပါတယ်
မပြုံးချင်လဲ ပြုံးပါတယ်
မပြောချင်လဲ ပြောပါတယ်

လခစားဝန်ထမ်းတစ်ယောက်ပါ
အချိန်တွေ ရောင်းပါတယ်
ပညာတွေ ရောင်းပါတယ်
လွတ်လပ်မှုတွေ ရောင်းပါတယ်
မာနတွေ ရောင်းပါတယ်
သည်းခံမှုတွေ ရောင်းပါတယ်

လခစားဝန်ထမ်းတစ်ယောက်ပါ
အသပြာရှာဖို့ အလုပ်လုပ်ပါတယ်
စာရိတ္တတွေ မရောင်းပါ
သိက္ခာတွေ မရောင်းပါ
ဘ၀တွေ မရောင်းပါ
တန်ဖိုးထားမှုတွေ မရောင်းပါ
အမှန်တရားတွေ မရောင်းပါ
........................................
ကိုယ့် လိပ်ပြာကိုယ် မရောင်းပါ ။ ။

(မိန်- စာမျက်နှာမှကူးယူပါသည်
Read more →

ခြေရာ တစ်ခု နဲ့ လျှောက်တဲ့လမ်း

,

မြို့ တော်ကို ခြေချခဲ့တယ်
အပျော့တစ်သံ အမာတစ်သံနဲ့ 
စည်းချက်တော့မညီလှဘူး
မင်္ဂလာပါ ရန်ကုန်..။

ဝေလီဝေလင်းအချိန်ပေါ့
အာရုံတက်ချိန်ကို မခံစားနိုင်သေး
အိပ်ကပ်ထဲက တစ်ထောင်တန်
ခပ်နွမ်းနွမ်းလေးကို ကျစ်နေအောင်ဆုပ်လို့ 
အဲဒီနေရာကိုချီတက်ခဲ့တယ်။

လှပါတယ်ရန်ကုန်
ဦးခေါင်းတွေကို အတင်းဆွဲမော့ပစ်ခဲ့တဲ့မြို့ 
နတ်ရေကန်ထဲက ရုတ်တရက် ဆွဲထုတ်ခံလိုက်ရတဲ့မြို့ 
တစ်ဖြေးဖြေး ကုန်းရုန်းထနေတဲ့မြို့ 
မျက်လုံးကလေး လှန်ကြည့်ရုံနဲ့ လုံလောက်ခဲ့တဲ့မြို့ 
ခေါင်းပေါ်က ဦးထုပ်အစိမ်းရောင်ခပ်နွမ်းနွမ်းကိုဖိ
တစ်ဘ၀လုံး မော့ကြည့်ရလောက်အာင်ပြည့်စုံတဲ့မြို့ ပေါ့.။

ဘူတာကြီးကို ဘုရားမှတ်ပြီး ထိုင်ရှိခိုးလောက်အောင်တော့မတုံ
းပါဘူး
လာရာလမ်းကလေးအတိုင်းဆိုတဲ့ ခင်ဝမ်းသီချင်းလို
ဖြေးဖြေးမှန်မှန်လျှောက်
(ရွှေတိဂုံကိုမြင်ရင်) သီချင်းကို ကျတော်ဆိုခဲ့သေးတယ်။

ဆူးလေလမ်းတစ်လျှောက်
ခပ်သွက်သွက်လျှောက်ချင်ပေမယ့်
ဘ၀ပေးအခြေနေအရ
ခပ်ဖြေးဖြေးပဲလှမ်းခဲ့ရတယ်..။

ကုန်သည်ကြီးတွေတည်းဖို့ တဲ့လား
ထရိတ်ဒါးလို့ တော့ရေးထားတယ်
သူဌေးကြီးတွေကို ဗိုက်ထဲထည့်ထားတဲ့ကောင်ကြီး
ပုံစံက စွင့်စွင့်ကားကား
အရပ်ကိုမော့ကြည့်တော့
နတ်ပြည်ကိုနမ်းမိတော့မယ်လေ..။

စိမ့်ကနဲ အေးသွားတဲ့လေအေးတစ်ချက်
ဆာကူယာတာဝါ ရဲ့ လေအေးစက် တွေကောင်းပါဘိ
ဘေးဘီကိုဝဲကြည့်တော့
အမျိုးအစားတောင်မသိတဲ့ ဇိမ်ခံကားကြီးတွေပေါ့..။

ဟုတ်ကဲ့ ကျတော့်မှာလည်းသိနိုင်စွမ်းမရှိ
ပါဘူး
ထရိတ်ဒါးကိုမသိဘူး မြရိပ်ညိုကိုမသိဘူး
ယုဇနပလာဇာဆိုတာကို မော့ကြည့်
ကလပ်ဆိုတာကိုလည်းကျတော်မသိဘူး။
အဲဒီနေရာတွေဝင်ပြီး
ငါးမုန့် ကြော်တစ်ပွဲ အာမီရမ်နှစ်ပက်
ဆာဒါးဟင်းချိုတစ်ခွက် ဆိုရင်
ကျတော့်ကို ခွေးတစ်ကောင်လို ရိုက်ထုတ်ကြမလား..။

လဘက်ရည်ဆိုင်တစ်ခုကိုဝင်
ခွေးခြေခုန်ပေါ်မှာ ဘ၀ကိုချခင်းလိုက်တယ်
(လက်ဘက်ရည်ရိုးရိုး ရေနွေးတစ်အိုး
ကြယ်နီ ၅၀ ဖိုး)
ပုပ်အဲ့အဲ့ မြောင်းပေါ်က ထမင်းဆိုင်ကိုကြည့်
(ဘဲဥဟင်းရည်နဲ့ ထမင်းတစ်ပွဲ)
ကျတော့်ရဲ့ နေ့ လည်စာ
နတ်သုဒ္ဒါထက် ပိုကောင်းခဲ့တယ်လေ။

တစ်နေကုန်တော့ ကျတော့်ရည်မှန်းချက်ဆီ အရောက်ပေါ့
၃၉ ဗိုက်ပူပေါ်ကဆင်းတယ်
ကားပေါ်ကအဆင်း လဲကျတော့
သနားကြည့်တွေ ၀ိုင်းလာတယ်
ကျတော်လဲ ပေစောင်းစောင်းကြည့်မိ
ကျတော်ဝတ်ထားတဲ့ အိုဂျီ အကျီ င်္ အစုတ်က
အဲဒီအကြည့်တွေကိုတော့ သည်းမခံနိုင်ဘူးဗျ...။

ဟော....တွေ့ ပါပြီ ကျတော်တစ်နေကုန်လာနေတဲ့နေရာ
(တပ်မတော် ကုတင် ၇၀၀ ဆေးရုံ)
ရင်ထဲကအလုံးကျပြီ..။
ကျတော်ပြုံးလိုက်တယ် ...။
ပြီးတော့ ဆက်ဝင်လာခဲ့တယ်
(ခြေတုဌာနသို့ )တဲ့..။

ချိုင်းထောက်တစ်လှမ်း ခြေတစ်လှမ်းနဲ့ 
ကုဋေတစ်သန်းကို အရောက်လှမ်းမယ်...။
ပြီးရင် စစ်ခွေးဆိုတဲ့ အသံတွေကို ရင်ဆိုင်မယ်..။

ထူးဝေ

Photo Credit = O.U
Read more →

Thursday, September 12, 2013

အိမ်ပြန်ချိန်

,



ညီလေး......
မင်းအဖေ ကားဒရိုင်ဘာကြီး .....
တပ်ရင်းရှေ့ ဂိတ်မှာ ရောက်လာပြီတဲ့  ....
မင်းအမေ လည်းပါတယ်.....
ဆေးကျောင်း တက်ခါနီး မင်းညီမလေးလဲပါလာတယ်......
မင်းတို့ မိသားစု အကုန်ပေါ့.....။

နူတ်ခမ်းတွေ တဆတ်ဆတ်တုန်ပြီး ....
သွေးဆုတ်ဖြူလျော်နေတဲ့  .....
မင်းအဖေ မျက်နှာကို ကိုယ်ဘယ်လိုကြည့်ရမလဲ.....

မျက်ရည်တွေ တတွေတွေ ကျနေတဲ့.....
ဒယီးဒယိုင်နဲ့  ညီလေး အမေကို ....
ကိုယ် ဘယ်လို အားပေးရမလဲ ......

တဆတ်ဆတ်တုန်နေတဲ့  နူတ်ခမ်းအစုံနဲ့ ......
အမေ့ကို မနိုင့်တနိုင် တွဲထားတဲ့  မင်းညီမလေးကို .....
ကိုယ် ဘာပြောပြ ရမှာလဲ ညီလေး.....

ဗိုလ်ကြီးရယ် ....
ကျွန်တော့်တို့ သားလေးကို ကြည့်ပါရစေလို့ ဆိုရင်.....
တစ်ကိုယ်လုံး ဓားနဲ့ မွှမ်းခံထားရတဲ့  ညီလေးကို ....
ဗိုက်ခွဲ ခံထားရတဲ့  ညီလေးကို ....
ခေါင်းတစ်ခြား ကိုယ်တစ်ခြားနဲ့ ညီလေးကို .....
ပြလို့ မဖြစ်ဘူးဆိုတာ .....
ကိုယ်ဘယ်လိုလုပ် ပြောထွက်ရမလဲ ညီလေးရယ်....

ဗိုလ်ကြီး .......
၂၈ ရက်နေ့ ညက .....
အမေ ရေ.................................................လို့ 
နာနာကျင်ကျင် အော်နေတဲ့  သား အော်သံတွေ ....
ကျွန်မ အိမ်မက်မက်တယ်......
သူ တိုက်ပွဲကျတာ အဲဒီနေ့ လားလို့ မေးလာရင်....
မဟုတ်ဘူး ........
သူ့ ကို အရှင်ဖမ်းမိသွားတာပါ ဆိုတာ...
ကိုယ် ဘယ်လိုရှင်းပြရက်ပါ့မလဲ ညီလေးရယ်...

ဗိုလ်ကြီး ....
ငြိမ်းချမ်းရေးက လက်မှတ်ထိုးထားပြီးသားဆို.......
ဗိုလ်ကြီး .....
သားတို့ က သူတို့  တပ်ရှိတဲ့ မချမ်းဘောနားမှာပဲ လာချခံရတာဆို ....
ဗိုလ်ကြီး ......
သမ္မတကြီးက သားကို သတ်သွားတဲ့ကောင်တွေကို .....
တိုက်ခွင့်မပေးဘူးဆို.....
ဗိုလ်ကြီး .......
ကျွန်တော်တို့ ကို သားမျက်နှာလေးကို ...
နောက်ဆုံးအနေနဲ့ တောင် ကြည့်ခွင့်မပေးတော့ဘူးဆို.......
ဗိုလ်ကြီး......
...............................
ဗိုလ်ကြီး.......
...............................

ညီလေးရေ........
ညီလေး.....................
...................................
ကိုယ်လည်း ဘာတစ်ခုမှ မဖြေနိုင်တော့ပဲ .....
မင်းမိသားစုနဲ့ အတူတူ ရောငိုနေရပါပြီ ညီလေးရယ်.....။

( ငိုနေတဲ့  ရဲမိုး )
Read more →

Monday, August 26, 2013

အဖိုး သခင်ကိုယ်တော်မှိုင်း သို့ 

,


ကွမ်းအစ် တလုံး၊ ယောင်တထုံးနှင့်
ရင်ဖုံး အင်းကျီ၊ ဖျင် ပင်နီနှင့်
ယောထည် ပုဆိုး၊ မင်ကြောင်ထိုးနှင့်
အဖိုး က၀ိ၊ ပညာရှိ။

က၀ိ၏ ဥာဏ်၊ ရဲစွမ်းမှန်လည်း
တော်လှန်ရာ၌ ထက်ခဲ့၏။

က၀ိ၏ ဓား၊ နှုတ်စကားလည်း
ထောင်ထားရာ၌ ထက်ခဲ့၏။

က၀ိ၏ သွေး၊ ကျွန်နံ့  ဆေး၍
အားမွေးရာ၌ ထက်ခဲ့၏။

သူ့ ကျွန်မခံ၊ မျိုးမာန် မချ
မခ, သူ့ အောက်၊ မမြှောက် သူ့ လက်
မမက် ကျွန်ဆု၊ မမှု ကျွန်ဘွဲ့ 
မငဲ့ ကိုယ်ကျိုး၊ ဤအဖိုးကား
အမျိုးနှင့်တူ၊ အေးတူပူမျှ
သူ့ ဘ၀ကို
သမ ရောမွှေ ခဲ့လေပြီ။

အဖိုး၏ သွေး၊ အမျိုး သွေးတည့်။
အဖိုး၏ စိတ်၊ အမျိုး စိတ်တည့်။
အဖိုး၏ ဂုဏ်၊ အမျိုး ဂုဏ်တည့်။

အဖိုး သေလည်း
ဤမြေ ဤရွာ၊ ဤနေရာကို
မခွါ ခွဲချေ၊ စောင့်ရှောက် လေအံ့။

အဖိုး မသေ၊ ရှိပါ ချေလည်း
ဤမြေ ဤရွာ၊ ဤနေရာကို
မခွါ ခွဲချေ၊ စောင့်ရှောက် လေအံ့။

မြန်မာ ပြည်သား၊ လူအများတို့ 
နွမ်းပါးသောခါ၊ အဖိုး လာ၍
သာမှု နာမှု၊ သူကြည့်ရှုအံ့။

မြန်မာ ပြည်သား၊ လူအများတို့ 
ကြီးပွားသောခါ၊ အဖိုး လာ၍
ဝမ်းသာပြုံးတုံ့ ၊ ကွမ်းရာ မြုံ့ အံ့။

အဖိုးမေတ္တာ၊ စေတနာနှင့်
သစ္စာ ဥာဏ်ရောင်၊ နေနှယ် ပြောင်၍
ပြည်ထောင် တလွှား၊ ဝေးမြေ ခြားတိုင်
ထင်ရှား ကျော်စော ခဲ့လေပြီ။

အဖိုး မသေ၊ တို့ မသေနိုင်
တို့ ပြည်မသေ၊ ဖိုးမသေနိုင်
ဂဟေ စွဲသို့  မြဲပြီတည်း။

တင်မိုး (လှေတစင်းနှင့် သီချင်းသည်။ ၁၉၆၃)
Read more →

Thursday, August 22, 2013

မေတ္တာမျှဝေ မနောမြေသို့

,
Read more →

Sunday, August 18, 2013

သူတို.အတွက်...

,

သူတို.အတွက်...

ပြန်လမ်းဆိုတာ မရေရာတဲ.
ဒီနေရာ ဒီဒေသကို
ငါ.အသက် ငါ.ကိုယ်
တိုင်းပြည်အတွက်ဆိုပါလား...

သူတို.အတွက်...

သွားလမ်းက မသာယာ
အပြန်လမ်းမရေရာတဲ.
ဒီခရီး ဒီဒေသ
သမုတ်ရရင်တော.
သောင်းကျန်းသူပေါများ
သေမင်းရဲ.ခံတွင်းစပ်
အသေအပြတ်နဲ.ရင်ဆိုင်
ကိုယ်.သေနတ် ကိုယ်ကိုင်ပြီး
အသက်ကိုလောင်းကြေးတင်
မြန်ပြည်တစ်ခွင်ငြိမ်းချမ်း
သူတို.အတွက်ကတော. သေလမ်းပေါ. ...

သူတို.အတွက်
ကျန်ရစ်သူမိသားစု
ဘုရားမှာအာရုံပြုလို.
သွားလမ်းသာလို.
လာလမ်းဖြောင်.အောင်
ဘုရားမှာ ဆုတောင်း
သူတို.အပေါင်းကတော.
ငါ.နိုင်ငံတော်
ငါ.နိုင်ငံသား
ငါ.တပ်မတော်အတွက်
သစ္စာလေးချက်
ဦးထိပ်ရွက်လို.
သေမင်းနဲ. စစ်တလင်း
ချစ်တင်းနှောဖို.
သွားကြလေပြီ...

ငါမသေ ငါ.စခန်းမကျရ
တပ်မတော်အင်အားရှိ
သူ.ကျွန်မရောက်ရဆိုတဲ.
သူတို.ရဲ.ခံယူချက်
ပယ်ဖျက်လို. အပုတ်ထင်
သရုပ်ပြင်ကာ သမုတ်
အာဏာရှင် လက်ကိုင်တုတ်
စစ်ခွေးယုတ်တဲ.လေ...

ကြားရသည်က
နားဝမှာခါးတယ်
သွားပုတ်လေလွင်.
အပုတ်တွေခွံ.နေတဲ.
ပထွေးကို ဖအေထင်
သွေးတွေ နားထင်ရောက်နေတဲ.
ချစ်လှပါသည် မြန်မာပြည်ဆိုပြီး
ပါးစပ်က ဘုရားဘုရား
လက်က ကားယားကားယားများ
စစ်ခွေးနေရာ တစ်မိနစ်လောက်
သတိဆွဲကြည်.ပါလားဗျာ...( ကျေးဇူးပြု၍)

သူတို.ကတော.
လေးချက်သစ္စာ
မမေ.ကာပဲ
ငါ.နိုင်ငံတော်
ငါ.နိုင်ငံသား
ငါ.တပ်မတော်အတွက်
ငါဧ။်အသက်ကိုစွန်.လွှတ်ရန်
အဓိဌာန်ပြုပါဧ။်တဲ. ...



မိုးနတ်မင်း
Read more →

Thursday, August 15, 2013

ပေးဆပ်သူတို့ နှလုံးသား

,

လေးသိန်းကျော်ကျော်
တပ်မတော်မှာ

တိုင်းပြည်အတွက်

အချို့တဝက်ကတော့
အသက်ကိုရင်း၍ အရိုးဆွေးခဲ့ပြီ။

တချို့တလေ ခြေလက်စွန့်လို့
ဘဝကို ရင်း၍ စတေးခဲ့ပြီအမေ။

အတိတ်ကဆိုးမွေ
ကျွန်တော်တို့ နဲ့မဆိုင်ပေမယ့်။

ခြုံငုံ ဝေဖန် ဆဲဆိုသံတွေကို
ခေါင်းငုံ့အံကြိတ် နှုတ်ဆိတ်နေခဲ့တယ်။

ပစ္စုပန် မှာတည့်တည့်ရှုရင်
အကြည့်တွေစောင်းဆဲ
မျက်နှာတွေ မဲ့ဆဲ
ကဲ့ရဲ့သံတွေ ခါးဆဲ.....။

ဘာလို့လဲ ဆိုတော့......
သူတို့ မြေသြေဇာဖြစ်သွားတဲ့စစ်သားတွေရဲ
အလောင်းကိုမမြင်ဖူးကြဘူး။

လင်သေမုဆိုးမတွေ
ဖတဆိုးကလေးတွေံရဲ့ မျက်ရည်ကို မတွေ့ဖူးကြဘူး။

သားတစ်ယောက်ဆုံးရှုံးသွားလို့
ပူဆွေးသောကယူကြုံးမရဖြစ်နေတဲ့
မိခင်တွေကို
ကိုယ်ချင်းမစာတတ်ကြဘူး။

ဒါပေမယ့်အမေ
အပြောဆိုတွေ အကြည့်တွေက
ပေးဆပ်သူတို့ ရဲ့ နှလုံးသားတွေကိုတော့
အရောင်မပြောင်းနိုင်ပါဘူး။

Waihin Thu Ye
Read more →

Monday, August 12, 2013

မှာတမ်း

,

======
ဘယ်မလဲဆက်ရန်....
မနက်ဖြန်တွက်
လက်ကျန်လေးဆယ်၊ ရှိသေးတယ်ဆို....

ဘယ်မလဲပြော....
မြေသြဇာဖြစ်၊တို့ကျန်ရစ်မယ့်
စစ်သားခေါင်းချ၊အလောင်းမလှတဲ့နေရာ....

ဘယ်မလဲစစ်ခရာ....
အမိန့်စာထုတ်
အလံအုပ်ပြီး၊ဂုဏ်ပုဒ်ရွတ်ဖတ်
သေနတ်မြေစိုက်၊လေးပြုခိုက်မှာ
နာကျင်ကြေကွဲ၊မျက်ရည်ဝဲတဲ့
ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း။

ဘယ်မလဲ ခေါင်းတလား....
ဆင်းရဲသားတောင်၊၀ါးပြားနှီးသပ်
ရိုင်လိပ်ပတ်ပြီး၊အရပ်ထမ်းစင်
ဝါးကပ်တင်လို့၊ပီပြင်ကျန
သေခွင့်ရတာ၊ငါ့မှာတော့လေ
မြေကျင်းအချ၊ကျောကဗလာ
ရှေ့တန်းမှာမို့ ၊
ရရာစောင်ကြား၊ပေါ်ကလွှားလျက်
စစ်သားအချို့၊မျက်ရည်စို့ကာ
တစ်ချို့ခမျာ၊၊အံကြိတ်ကာလျှင်
ရင်နာချန်ရစ်၊မြေဖို့ ပစ်ခွာသွားကြပြီ။

ဘယ်မလဲဘ၀မှန်....
နိုင်ငံ့ဝန်ထမ်း၊သက်စွန့်ခန်းတွက်
ချမ်းသာသမျှ၊
မိန်းမရေ…
ကိုယ့်ဘ၀ကိုယ်ကျောင်း၊ကိုယ့်ဈေးတောင်းကိုယ်ရွက်
မင်းတို့တွက်ပင်စင်၊လာဘ်ဝင်တယ်သဘောထား
(အားကိုးအားထား ထူချင်ထူ)
ကြည်ဖြူကျေနပ် ၊
ငါခွင့်လွှတ်တယ်မှတ်နော်။

ငါမရှိတော့တဲ့နောက်၊
ကိုယ့်လမ်းကိုယ်လျှောက်၊
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်၊
စစ်သားမိန်းမပီသ၊
ရုန်းကန်ပြလိုက်၊
ဘ၀တိုက်ပွဲ၊ရဲရဲသာနွှဲနော်။

သွားရင်းလာရင်း၊လှုပ်ရင်းရှားရင်
မင်းလည်းမင်းဘ၀၊နေသားကျစွာ
ငါ့ကိုမေ့သွားမှာပါကွာ။

တစ်ခါတစ်လေကျ၊သတိရရင်
ငါ့ကိုအမျှဝေ၊ဆုတောင်းနေနော်
နောင်ဘ၀မှာ၊အလောင်းတောင်မှ
မမြင်ရတဲ့၊အန္ဓစစ်သား
လူနွမ်းပါးရဲ့၊မယားဘဝ
မရောက်ရပါစေနဲ့ပေါ့။

ငါကတော့…၊
ဘ၀အသစ်၊လူပြန်ဖြစ်ခဲ့ရင်
တစ်ချို့လူတွေသမုတ်တဲ့
(အာဏာရှင်လက်ကိုင်တုတ်)
ငါ…ငါလေ..

ငါပြန်လုပ်ပါရစေ..မိန်းမရေ…။


(လက်ခုပ်လက်ဝါးတီး .....
ကောင်းချီး ထောပနာပြုခြင်းတွေ မခံရပေမယ့် ......
နိုင်ငံ့တာဝန်ကို သက်စွန့်ကျေပွန်စွာ ထမ်းဆောင်ရင်း ......
လူမသိ သူမသိနဲ့ လူမရှိ သူမရှိသော ရှေ့ တန်းမှာ .....
မြေသြဇာ ဖြစ်ခဲ့ကြရသည့် .....
ခေတ်အဆက်ဆက် အညတရသူရဲကောင်းများအတွက်)

(Credit to Aung Zay )
Read more →

Friday, August 9, 2013

နိဗ္ဗာန်ဆော်

,
အို .......
လူထု မိတ်ဆွေ.....
ရဲရဲတောက် တိုက်ပွဲဝင် သူရဲကောင်းအပေါင်းတို့ .....

အသင်တို့ အနေဖြင့်....
ဒီမိုကရေစီရေး အတွက် တောင်းဆိုသည်ဖြစ်စေ.....
ဆိုရှယ်လစ်ရေး အတွက် တောင်းဆိုသည်ဖြစ်စေ......
ကွန်မြူနစ်ရေး အတွက် တောင်းဆိုသည်ဖြစ်စေ.....။

လက်နက်ဆိုလို့  .....
အပ်တိုတစ်ချောင်းမှ မပါသည်ဖြစ်စေ......
ကြွေးကြော်သံ တစ်ချက်မအော်ပဲ ......
ဝစီပိတ် ချီတက်လာသည်ဖြစ်စေ....
ငြိမ်းချမ်းလွန်းသဖြင့် ....
ချိုးဌက်တို့  မိုးပေါ်မှဝဲပျံ အဖော်ပြု ....
ချီတက်လာသည် ဖြစ်စေ.......

ဒေါင်းအလံကို စွဲကိုင်လာသည်ဖြစ်စေ.....
ဖွတ်အလံကို စွဲကိုင်လာသည်ဖြစ်စေ.....

တိုက်ပုံနှင့် အမျိုးသား ၀တ်စုံကို ၀တ်ဆင်ထားသည်ဖြစ်စေ......
ဂျင်းဘောင်းဘီ နှင့် တီရှပ် ကို ၀တ်ဆင်ထားသည်ဖြစ်စေ....
စွပ်ကျယ်နှင့် ပုဆိုးစုတ်ကို ၀တ်ဆင်ထားသည်ဖြစ်စေ.......

လမ်းပိတ်ဆို့ ကာ.....
ရှေ့ ဆက်တက်မလာရန် အမိန့် ပေးနေသော.....
တပ်မတော် တပ်ဖွဲ့ တစ်ခု၏ ကိုက်တစ်ရာအတွင်းသို့ .....
လူအုပ်စုဖြင့် ......
မည်သည့် အကြောင်းပြချက်နှင့်မှ ....
ချည်းကပ်ခြင်း မပြုနိုင်ပါရန်.......
နိဗ္ဗာန် အကျိုးမျှော်ပြီး ....
နိုးဆော် လိုက်ရပါသည်.....
သူတော်ကောင်း အပေါင်းတို့ ......

( ငြိမ်းချမ်းရေးသမား ရဲမိုး)

(ခေါင်းစဉ်မပါသော ကဗျာ မို့ ခေါင်းစဉ်တပ်လိုက်မိပါသည်။ ရေးသားသူ ကိုရဲမိုး မြင်ခဲ့သော် ခွင့်လွှတ်နိုင်ပါရန်မျှော်လင့်မိပါသည်။)
Read more →

Thursday, August 8, 2013

ကြည်နူး / ၀မ်းနည်း

,

ဒီပုံလေးကြည့်ပီး ...ကြည်နူး သလို ၊ ၀မ်းနည်း သလိုဖြစ်မိတယ် ....

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ဘာ့ကြောင့် ကြည်နူး ရတာလဲ ..... ?
¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
သေမင်း တမန် တံခါး ၀ရောက်ရင် ၊ အချင်းချင်း အသက်ကို ကာကွယ်ပီး ကိုယ့် အသက်ကို စတေးရဲသူ .....
ညီအစ်ကို အချင်းချင်းကို ချစ်ခင် သလို ၊ တစ်သွေး ၊ တစ်သံ ၊ တစ်မိန့် နဲ့ ပြည်သူ နှင့် နိုင်ငံတော်ကို ကာကွယ်သူ .....
ခြောက်တိုင်း မကြောက် ၊ မြှောက်တိုင်း မမြောက် ၊ သေမင်း ရှေ့ရောက်နေလည်း နိုင်ငံတော် တွက် အသက်ပေးရဲသူ .....
ရိက္ခာ ၊ လက်နက် ပျက်လက်နေလည်း ၊ သွေးသား ၊ အသက် ခန္ဓာ ကပ်လျှင် ရှေ့ဆက် တိုက်ခိုက်ရဲသူ .....

သွေးမတော် သားမစပ် ၊
မ ၁၀၀၀ သား ၊ ညီအစ်ကိုများ က .....
သွေးတော်သားစပ် မောင်နှမ များထက် ၊ ချစ်ခင် စည်းလုံး
အစား တစ်ဖက် ၊ တစ်ယောက် တစ်ဝက် ၊ အသက်ဆက် သူ .......

ဘာ့ကြောင့် ၀မ်းနည်း ရတာလဲ ..... ?
¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
တိုင်းတပါး အားကိုး ၊ ကျွန်ပြုမျိုးက ၊
ပေးဆပ်မူ့ မသိ ၊ ရယူခြင်း အတိနဲ့ ၊
ခွေး နဲ့ နှိုင်းပီး ရိုင်းချင်တိုင်းရိုင်း ၊
ခွေး ရဲ့ သစ္စာ ၊ ခွေး ထက်သာလျှင် ၊
အပြော မဟုတ် ၊ အလုပ်ပြလေ ....

ကိုယ်ကျိုးမဖက် ၊ တိုင်းပြည်အတွက် ၊
ပေးဆပ်ခြင်း ၊ အလျှင်း မသိ .....
ပြည်ပ ဒေါ်လာ ၊ ငါ အိတ်သာဝင် ၊
ငါခုံမင်၍ ....
တိုင်းပြည် မကောင်း ၊ စစ် ကောင်းမပြု ၊
ပြည်သူက ကျွေး ၊ ပြည်သူမွေးတဲ့ ၊
ပြည်သူ့ သားများအား ၊ စော်ကား ပါလေ ..... ။
★★★★★★★★★★★★★★★★★★★★★★★★★★★★★
Photo > From ပန်းသဇင် —
Read more →

Monday, August 5, 2013

ဤလူတွေမှသာ နားလည်နိုင်ပါလိမ့်မည်

,




# ခြေထောက်တစ်ချောင်းစွန့် လွှတ်လိုက်ရတဲ့ အငြိမ်းစားစစ်သည်တစ်ဦးရဲ့
ခံစားချက်ကို ခြေတစ်ဖက်ဖြတ်တောက်ဆုံးရှုံးရင်းလောကကြီးကိုရင်ဆိုင်ဖူးတဲ့
သူမှသာ ကိုယ်ချင်းစာ နားလည်နိုင်လိမ့်မယ်။
Read more →

Thursday, August 1, 2013

အလောင်းမပါတဲ့ ဈာပန…

,




သူငယ်ချင်း…
ဆိုးအတူကောင်းဖက် ကျောင်းအတူတက်ခဲ့ရာကနေ…
စစ်မြေမှာ တိုက်ပွဲကျတဲ့ မင်းသတင်းရရချင်း ငါအပြေးလာခဲ့ပါတယ်..
ငယ်တုန်းက ကျောင်းအတူ တက်ခဲ့တာတွေ..
ဆယ်တန်းအောင်စာရင်းထွက်လို့ ပျော်မဆုံးဖြစ်ခဲ့ကြတာတွေ..
စစ်သားတစ်ယောက်လုပ်တော့မယ်လို့ မင်းပြောခဲ့တာတွေ…
ငါတို့အတူ တက္ကသိုလ် တက်မယ်ကွာ၊ မင်း တစ်ခြားလုပ်ချင်ရင် အဝေးသင်တက်ပြီး ဘွဲ့ယူပေါ့..
ငါတို့တွေလည်း မခွဲရ၊ မင်းအိမ်ကလည်း စိတ်ပူစရာ မလိုဘူးပေါ့ဆိုတဲ့ ငါ့စကားနားမထောင်တဲ့ မင်းကို..
ဒေါသထွက်ခဲ့ရတာလည်း ငါပြန်အမှတ်ရနေတယ်။

ဗိုလ်လောင်းသင်တန်းပြီးတော့ စစ်မြေပြင်မှာ တာဝန်ကျတယ် ဆိုပြီး..
နောက်ဆုံးတစ်ခေါက် တွေ့ခဲ့စဉ်တုန်းက မင်းပြောခဲ့စဉ်မှာ ငါမင်းအတွက် တကယ်ကို စိုးရိမ်စိတ်ဖြစ်ခဲ့ရတယ်။
Read more →