Showing posts with label ၈၈ မှတ်စု. Show all posts
Showing posts with label ၈၈ မှတ်စု. Show all posts

Wednesday, November 6, 2013

ဟောပြောပွဲ အငှားလိုက်သည်

,

From : ကိုစိုးကြီး

အခုရက်ပိုင်းမှာ စာပေဟောပြောပွဲတွေ နားထောင်ရင်း စာရေးဆရာ အသစ်စက်စက်လေး တစ်ယောက် စာပေဟောပြောပွဲတွေ  ဟောပြောနေတယ်ဆိုတာ ကြားရတာနဲ. နားထောင် ကြည်.မိတော. ဘယ်သူများလဲလို.ဗျာ… ၈၈ ကျောင်းသားဟောင်းကြီး ဦးမင်းကိုနိုင် ဖြစ်နေ ရှာတာကိုး… ကျောင်းသားဟောင်း ဖြစ်လိုက် ၊နိုင်ငံရေးသမားဟောင်းဖြစ်လိုက်နဲ. ခုတော. စာပေ ဟောပြောပွဲတွေ ဟောနေတဲ. စာရေးဆရာကြီးပါ ဖြစ်လို.နေပါလား.။ ဒါနဲ.ပဲ စိတ်ဝင်စားသွားပြီး နည်းနည်း လေ.လာကြည်.လိုက်တော.… ဦးမင်းကိုနိုင်ကြီးကို စာပေဟောပြောပွဲ တစ်ခါလုပ်ရင် ဟောပြောခ တစ်သိန်းကြီးများတောင် ပေးပြီး ငှားရတယ်တဲ.ဗျာ ။ ဒါဆိုရင် သူက ကြေးစား စာရေး ဆရာပေါ.။ ကျနော်ကြားဖူးတဲ. စာပေပြောဟောပွဲ ဟောပြောတဲ. စာရေးဆရာတွေဟာ သူတို.သိတဲ. တက်ထားတဲ. ပညာတွေ ၊ ဗဟုသုတတွေကို ပြန်လည်မျှဝေတဲ. အနေနဲ. ဟောပြောတာ၊ ရှယ်ယာလုပ်ပေးတာတွေအတွက် နားထောင်တဲ. ပရိတ်သတ် စာရေးဆရာအပေါ် ကြည်ညို လေးစားတဲစိတ် စေတနာအလျောက် ဥာဏ်ပူဇော်ခအနေနဲ. သဒ္ဓါသရွေ. ထည်.ကြတာပဲ ရှိပါတယ် ။ ခုလို စာပေဟောပြောခကို အခကြေးငွေနှင်. ဘယ်၍ ဘယ်မျှ သတ်မှတ်ပြီး ဟောပြောတဲ. စာရေးဆရာမျိုးကတော. မတွေ.ဖူးပါဘူးဗျာ။ ဒီလိုမျိုး ငွေကြေးသတ်မှတ်ပြီး ဟောပြောတယ် ဆိုတာကတော. စီးပွားရေး အင်မတန် ဆန်လွန်းတယ်ပြီး ဦးမင်းကိုနိုင်ဟာ ပထမဆုံး ဖြစ်လိမ်.မယ် ထင်ပါတယ် ။ စာရေးဆရာ အသိုင်းအ၀ိုင်းမှာ ငါးခုံးမတစ်ကောင်ကြောင်. တစ်လှေလုံး ပုတ်ကုန် ပါပြီ ။ ပြီးတော. မင်းကိုနိုင်ဟာ အရင်ကတည်းက စာပေရေးသားတဲ. စာရေးဆရာလည်း မဟုတ်ပါဘူးဗျာ ။ ငယ်ငယ်ကတည်းကလည်း စာရေးတဲ. အလုပ်ကို ၀ါသနာပါခဲ.တာ မဟုတ်ပါဘူး။ သူရေးသားခဲ.တဲ စာအုပ်ဆိုလို. မနေ.တနေ.က မှ ဒါရိုက်တာ ၀င်းထွန်းထွန်း ၀ယ်ခဲ.တယ်လို.ဆိုတဲ. ”နောက်ကြည်.မှန် “ဆိုတဲ.စာအုပ် တစ်အုပ်တည်းရှိတာပါ ။ဘယ်ဈေးနဲ. ၀ယ်သွားတယ်ဆိုတာတောင် အတိအလင်း မကြေငြာရဲပါဘူး ။ ဒီအချက်ကို ကြည်.ခြင်းအားဖြင်.လည်း တမင်တကာ နာမည်ကြီးအောင် မင်းကိုနိုင်ကို မြေတောင်မြှောက်ပေးတဲ. အနေနဲ.၀ယ်ယူလိုက်တယ်ဆိုတာ ရှင်းနေတာပါပဲ ။ တကယ် မှာတော. မင်းကိုနိုင်ဟာ သူရေးထားတဲ. စာအုပ်အတွက် စာအုပ်ရောင်းခ တကယ်ရရဲ.လား ဆိုတာ တောင် ဘယ်သူမှ သေချာမသိနိုင်ပါဘူး ။ သူဝါသနာပါတဲ.အလုပ်က သူ.ဖခင်ရဲ. အမွေဖြစ်တဲ. ပန်းချီဆွဲတဲ. အလုပ်ပါ ။ ခုတော. ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး စာရေးဆရာ ထလုပ်တယ်ဆိုတာ မသိတော.ပါဘူး ။ နာမည်ကြီးချင်လို.၊ ကိုယ်ကျိုးစီးပွားရှာချင်လို.များ  လုပ်နေတာလား ? ဟောပြောတဲ. စကားတွေကလည်း ဗဟုသုတရစရာ ၊ မှတ်သားစရာ တစ်ခုမှ မပါဘူးဗျ ။နိုင်ငံ တိုးတက်ဖို.အတွက် ရှေ.ဆက် ဘယ်လိုလုပ်သင်.တယ်ဆိုတာမျိုးလည်း တစ်ခုမှ မကြားရပါဘူး ၊ အဓိက ပြောသွားတာတွေက ကိုယ်ကျိုးအတွက်တွေချည်းပါပဲ။ လူအထင်ကြီးအောင် ၊ ပရိတ်သတ် များများရအောင် ၊ စာပေဟောပြောဖို. ခဏခဏ လာငှားအောင် လူပိန်းကြိုက်စကားလုံးတွေနဲ.  ရွေးပြီး ပြောခဲ.တာတွေချည်းပါပဲ ။ တိုင်းပြည်တိုးတက်ဖို. ၊ အေးချမ်းသာယာဖို. ၊ပြည်တွင်း လက်နက်ကိုင် တိုင်းရင်းသားတွေနဲ. ငြိမ်းချမ်းရေးရယူဖို.အတွက် အထောက်အကူ ဖြစ်စေမယ် ပညာပေး ဟောပြောမူ.မျိုးတွေ တခွန်းမှ မပါပါဘူး။ ပြောသွားတာတွေက ထုံးစမ်အတိုင်း အစိုးရမကောင်းကြောင်းတွေချည်းပါပဲ ။ ထောင်ထဲမှာ တသက်လုံးနေလာခဲ.တဲ. သူတစ်ယောက်မိုလို. အသိဥာဏ်တွေ ထုံထိုင်းသွားပြီးလား မသိပါဘူး။ ဦးမင်းကိုနိုင်ဟာ မြန်မာနဲ. မွတ်ဆလင် ပဋိပက္ခဖြစ်လာတိုင်း မြန်မာဗုဒ္ဓဘာသာများကိုသာ အပြစ်တင်လေ.ရှိခဲ.ပြီး ပြီးခဲတဲ. ရခိုင်အရေးအခင်း အဓိကရုဏ်းတွေမှာလည်း ရခိုင်ဒုက္ခသည်များ၏ နေအိမ်တွေကို မီးရို.သွားသော မွတ်ဆလင်ဘာသာ ၀င်များကို အပြစ်ပြောဆိုခဲ.ခြင်း မရှိခဲ.ပါတဲ. လူပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ် ။ ဒီလိုမျိုးစိတ်ထားရှိတဲ. သူတစ်ယောက်က စာပေပြောဟောပွဲတွေ လုပ်ပြီး လှည်.လည် ဟောပြောနေတယ်ဆိုတာ ထူးဆန်းမနေဖူးလာဗျာ.။ ကုလားကိုကျတော. ဘာမှမပြောရဲဘဲ မြန်မာလူမျိုးများကိုသာ ဆရာကြီး အထာနဲ. ဟောပြောနေတာ ဦးမင်းကိုနိုင် ပြောတဲ.စကားတွေဟာ ကိုယ်လူမျိုး ကောင်းစားရေး ၊ တိုးတက်ရေးအတွက် ဖြစ်မလာနိုင်ဘူးဆိုတာ အများပြည်သူတွေကို သိစေချင်ပါတယ် ။
Read more →

Wednesday, October 9, 2013

“တပ်မတော်သားများနှင့် ပါရမီ ဖြည့်ဖက်များ” အဖွဲ့မှ ကျဆုံးစစ်သည် မိသားစုဝင်များကို ထောက်ပံ့ကြေးပေးအပ် (2Photos)

,



     ၉-၁၀-၂၀၁၃ ရက်နေ့ (နံနက်-၁၀:၁၅မိနစ်) အချိန်မှာကျဆုံး ခဲ့တဲ့ ဗိုလ်ဇော်မျိုးထက် အပါအ၀င် တပ်မတော် အရာရှိစစ်သည် သုံးဦးအတွက် "တပ်မတော်သားများနှင့် ပါရမီ ဖြည့်ဖက်များ" Group မှ  တစ်ဦးခြင်းအလိုက် ထောက်ပံ့ကြေးများ ပေးအပ်လှူဒါန်း ပြီးစီးခဲ့တယ်လို့ အဖွဲ့တာဝန်ခံ ဦးရောင်နီဦးရဲ့ Facebook စာမျက်နှာ မှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။

    တစ်ဆက်တည်းမှာပဲ ၎င်း ရဲ့ စာမျက်နှာ အလှူကောက်ခံ ရရှိငွေ စာရင်း နဲ့  ပေးအပ်လှူဒါန်းမှုစာရင်းတွေ အားလုံးကိုလည်း ဖော်ပြထားရှိပါတယ်။အလှူကောက်ခံ ငွေအားလုံးပေါင်း  (၉,၁၃၈,၄၀၀ိ ကျပ်တိတိ) ကိုလည်း ကျဆုံးသွားတဲ့တပ်မတော် သား သုံးဦးအတွက် အညီအမျှ (၃ နဲ့ စား၍) ခွဲဝေလှူဒါန်းခဲ့ရာ တစ်ဦးလျှင် (၃,၁၇၅,၀၀၀ ကျပ်) စီကိုအဖွဲ့တာဝန်ခံတစ်ဦး ဖြစ်တဲ့ ဦးရောင်နီဦး ရဲ့ ရုံးခန်းမှာ ကျဆုံး စစ်သည်တွေရဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
    ဒီအလှူ ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ အနယ်နယ် အရပ်ရပ် က အလှူရှင်များ၊ ပြည်ပရောက်မြန်မာ များ ၊စင်္ကာပူ ၊ ရုရှားရောက် မြန်မာ များ နှင့် အလှူရှင်အားလုံး ကို  အဖွဲ့ရဲ့ကိုယ်စား ကျေးဇူးအထူးပင်တင်ရှိကြောင်း နဲ့ နောက်နောင် နိုင်ငံ အတွက် လိုအပ်နေသည့် နေရာများ အားလှူဒါန်းရာတွင်လည်းပါဝင်ပေးကြဖို့  လေးလေးစားစားနဲ့ဖိတ်ခေါ်ကြောင်းကိုလည်းဦးရောင်နီဦးကထုတ်
ဖော်ရေးသားထားကိုတွေ့ရှိရပါတယ်။

မောင်မင်းကြီး (ဗိုလ်တထောင်)

Read more →

Tuesday, September 17, 2013

လောကနီတိ တရားတွေမေ့ပစ်လိုက်တဲ့ ၈၈ ကျောင်းသားတွေ

,

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ သမ္မတကြီးတို့ဟာ သမ္မတကြီးရဲ့လယ်တောအိမ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာကို ကြားရမြင်ရတော့ အနာဂတ်အတွက် လမ်းတွေကောင်းလာပြီဆိုတာကို ယုံကြည်မိလာပါတယ်
 
ဒီတွေ့ဆုံပွဲမှာ အားတတ်စရာ နဲ့ စိတ်ပျက်စရာ ရသနှစ်ခုကိုတပြိုင်နက်တည်း ခံစားမိလိုက်ပါတယ်။ သူတို့တွေ တွေ့တွေ့ချင်းမှာ သမ္မတကြီး ဦးသိန်းစိန်က အပြုံးနဲ့နှုတ်ဆက်ပြီး ဘာများပြောစရာရှိကြလဲမသိဘူး ဆိုတဲ့စကားနဲ့အခမ်းအနားစတင်ခဲ့တယ် ဆိုပဲ ။ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ ။ သူတို့ တွေ့ဆုံကြတဲ့အခါမှာ ပြည်ထောင်စု ၀န်ကြီးတွေက အကြောင်းအရာတစ်ခုစီ ၊ ခေါင်းစဉ်တစ်ခုစီကိုဆွေးနွေးတိုင်း မတ်တပ်ရပ်ပြီးဆွေးနွေးကြတယ်ဗျာ ။မရှင်းလို့ပြန်မေးတာတွေရှိရင်တောင် ထိုင်နေရာကနေ ထပြီး ရှင်းပြတယ်။ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင်တွေက ဘယ်လိုပြုမူတယ် ဆိုတာကတော့ဗျာ။ ဘာပြောပြော ထိုင်ရာကမထ ထိုင်ခုံလက်တင်ပေါ် တံတောင်းလေးထောက်ပြီး တကယ့် ပညာရှင်တွေလိုလို ဘာလိုလို နဲ့ဗျာ။ အမြင် ရိုင်းတယ်ဗျာ။ မခန့်မလေးစား လုပ်လွန်းရာကျတယ်။ ကျွန်တော်ပြောနေတာ ခေါက်ရိုးကျိုးနေတာတွေ ၊ ကြိုးနီစနစ်တွေ ထွန်းကားတဲ့ ဓလေ့အကြောင်း မဟုတ်ဘူးနော် ။ဒါ.မြန်မာနိင်ငံဗျာ။ ကြီးသူကို လေးစားရမယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် တောင် သမ္မတကြီးကို တွေ့ရင် အမြဲ အရိုအသေပေးတယ်။ ခရီးဦးကြိုတယ်။ဒါဟာ လူတစ်ယောက်ရဲ့ စိတ်ထဲ ဘယ်လိုနေနေ ကိုယ့်ထက်ရာထူးကြီးသူ အသက်ကြီးသူကိုဦးစားပေးတယ် ။ရိုသေ ကိုင်းရှိုင်းတာ မြန်မာဓလေ့ပါပဲ ။နောက်ပြီး အခုသူတို့တွေ့နေတာက နိုင်ငံဥသျှောင် သမ္မတကြီးပါ ။ပိုပြီးတော့တောင် ရိုသေရမယ်။ အနည်းဆုံးတော့ စိတ်ထဲမှာ ဘယ်လောက်ပဲ မုန်းနေပါစေဦး။မြန်မာ့ဓလေ့နဲ့ လောကနီတိ ကို လေးစားရမှာပေါ့။
အခုတော့ဗျာ ။၈၈ ကျောင်းသားခေါင်းဆောင်တွေလည်းဆိုသေးတယ်ဗျာ ။ လူကြီးသူမ ကိုရိုသေရ ကောင်းမှန်းလည်းမသိ။ နိုင်ငံတော်သမ္မတကိုလည်း အလေးထားရကောင်းမှန်းမသိ။သူတို့ရဲ့ ကိုယ် အမူအရာ ရိုင်းစိုင်းပုံ ကိုကြည့်ပြီး ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဆိုပြီး လောကနီတိတရားတောင် ခေါင်းပါးတာကိုအံသြမိတယ်။ခေါင်းဆောင် ဆိုတဲ့သူတွေ ကိုယ်တိုင်တောင် ဒီလို သမ္မတရဲ့ ဧည့်သည်ဖြစ်တာနဲ့ပဲ လေးစားသမှူမရှိ ၊ယဉ်ကျေးမှူ လည်း နားမလည် ၊လောကနီတိတောင် မသိ/မလိုက်နာနိုင် ပဲ ပြည်ထောင်စု ၀န်ကြီးတွေကိုတောင် ဂရုမစိုက်ပဲ မလေးမစား အမူအရာပြတာကတော့ လောကနီတိသဘောကို ကျောင်းမတတ်ရလို့ ဆင်ခြင်ပေးနိုင်ရင် ထားတော့(တက္ကသိုလ်ကျောင်းသားဟောင်းတွေဖြစ်ပြီး လောကနီတိသဘောတရားမသိတာတော့ မဟုတ်သေးဘူးဗျနော်) ၊မိဘတွေဆီကပဲ အမွေမရခဲ့တာလား. ဘာသာတရား လိုက်စားမှူမရှိခဲ့တာလားပဲ။
နောက်တစ်ခုက ရှိသေးသဗျ ။ တခြားတော့ မဟုတ်ဘူး စာဖတ်သူရေ။ဆွေးနွေးပွဲလည်းပြီးရော နေ့လည်စာ စားကြသပေါ့။အဲ စုပေါင်းဓါတ်ပုံရိုက်တော့ ပြဿနာကစတော့တာပဲ ။ဓါတ်ပုံရိုက်ပြီဆိုရင် အကျင့်ပါနေလား မပြောတတ်ပေါင်ဗျာ။၈၈ ခေါင်းဆောင်တွေက ကင်မရာရှေ့မှာ စတိုင်ကျကျ မတ်တပ်ရပ်တော့တာပဲ ။သမ္မတကြီးတို့ကတော့ ပြုံးပြုံးလေးနဲ့ တောသားမြို့တက် တွေကို ကိုယ်ချင်းစာသလို သနားသလို အကြည့်နဲ့ ကြည့်နေမိတော့တာပဲဗျို့။ ဘယ်နှယ့် လက်ကလေးတွေရှေ့ချပြီး သမာဓိလူကြီးတွေပုံနဲ့ ဘေးဘီမကြည့် ရှေ့လူနောက်လူမကြည့် အဆိုးဆုံးကတော့ သမ္မတကြီးနဲ့ပြည်ထောင်စုဝန်ကြီးတွေက သူတို့နောက်ကနေ ရသဗျ။အဲလိုတွေ ရှိသဗျို့ ။သမ္မတကြီးဆိုရင် မင်းကိုနိုင်နဲ့ ကိုကိုကြီးကြားက ကွပ်လပ်လေးမှာ ၀င်ရပ်ပြီး သူတို့လိုလက်ကလေးတောင် ရှေ့ချ စတိုင်မထုတ်နိုင်ပေါ်င်ဗျ ။ဓါတ်ပုံရိုက် လူအထင်ကြီးခံချင်တဲ့ ၈၈ တွေကတော့ သြချသဗျ ။ အဲဒီလို ဓါတ်ပုံလည်းရိုက်ပြီးရော ဘာပြောကောင်းမလဲ ။မာကီလက်ကို နီလာသိန်းက ဆွဲလို့တဲ့ ။မာကီ ဇနီး စုစုနွေးက ထပေါက်ကွဲတော့တာပဲ ။ဟုတ်တယ်လေ ။နီလာသိန်း က မာကီလက်ကို ဆွဲချိတ်ထားတဲ့ လက်ကိုကြည့်ဦးလေ။တော်ရုံရင်းနှီးမှူနဲ့ ဆွဲချိတ်တဲ့ပုံမှမဟုတ်။သမီးရီးစားတွေ ၊လင်မယားတွေ က ကိုယ့်ကြင်ဖော်ကိုအားကိုးတကြီး ဆွဲချိတ်ထားတဲ့လက်ပုံဖြစ်နေတာကတော့ မိန်းမချင်းသိတာပေါ့လေဗျာ။ အဲမှာတင် မာကီနဲ့စုစုနွေးလည်း နောင်ဂျိန်တွေ ချကြတယ်ဆိုပဲဗျ။ သိတယ်မလား ၊၈၈ တွေ ခရီးဝေးသွားရင် မိန်းမနဲ့ယောကျာင်္းတွဲသွားခဲ့ရင် ဖောက်ပြန်တတ်တာတွေကလည်း အထင်အရှားကိုးဗျ။ မှတ်မိတယ်မလား ဌေးကြွယ်နဲ့ စန္ဒာမင်းတို့ရဲ့ အရှုပ်တော်ပုံ နောက်မီးနီနီတွေလင်းခဲ့တဲ့ဖြစ်ရပ်ကလည်း ရှိနေတော့ ဒီတစ်ခေါက် ခရီးဝေးသွားတာ ဌေးကြွယ်လည်းပါတယ်ဆိုတော့ မာကီ ကိုများဌေးကြွယ် မြှောက်ပေးသလား အောင်သွယ် ပေးသလား ဆိုပြီး စုစုနွေးက ဒေါသူပုန်ထနေတော့တယ်ဗျို့။ဒီပွဲမှာ နီလာသိန်း နဲ့မာကီတို့ရဲ့ ပြောဆိုမှူက အတော်လေးပွင့်လင်းပုံရတယ်လို့ မျက်မြင်တွေကလည်း ဆိုသဗျ ။
ဂါရဝေါစ တရားလည်းမရှိ ၊ သူတို့ထောင်ကျခဲ့တာကိုပဲ သူရဲကောင်းကြီးလုပ်ပြီးပြောတတ်ဆိုတတ် ၊ ဘာသာခြား တွေဘက်ကပဲ နာတတ် ၊ တစ်ခုခုဖြစ်ရင် စစ်တပ်စနက်လို့ပဲ အော်တတ်တဲ့ ၈၈ ကကျောင်းသား ခေါင်းဆောင်ကြီးများ ၊ ကိုယ်ကျင့်တရားပျက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ရင်တောင် ကိုယ့်အချင်းချင်း ဇာတ်တူသား စားနေတဲ့ ၈၈ ခေါင်းဆောင်ဆိုသူတွေကိုတော့ တိုင်းပြည်အတွက် သူရဲကောင်းမဟုတ်ပြီလို့ ဆိုချင်သေးသဗျ ။  

မောင်မျက်မှန် (Nikon)
Read more →

Friday, September 6, 2013

ကျုပ်တို့ ဆီက Chaos (ဗရမ်းဗတာ) Theory

,

ကျုပ်တို့ဆီမှာဗျာ
-----------------
နိုင်ငံရေးသမားတွေ ဂစ်တာတီးသီချင်းဆိုချိန်မှာ
ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တယ်

စာရေးဆရာတွေ သရဲအကြောင်းရေးတော့
ဘုန်းဘုန်းက အချစ်ကို အဓိပ္ပါယ်ဖွင့်နေတယ်
ဆရာဝန်တွေ ကားပွဲစားလုပ်ပြီး
ဆေးဆိုင်က မာမူကြီးက ဆေးကုတယ်
လယ်သမားတွေ ဆန္ဒပြတယ်
စစ်သားက လယ်ထွန်တယ်
ဓါးမြက ကြီးကြီးကျယ်ကျယ်ပြောတတ်တော့
တိုင်းရင်းသားလက်နက်ကိုင်ဖြစ်လာတယ်
သရုပ်ဆောင်မင်းသားက လူရွှင်တော်လုပ်နေချိန်မှာ
လူကြမ်းတွေ ဆိုက်ကားနင်းကြတယ်
ကျောင်းသားက သူကိုယ်တိုင်မသိတဲ့ အခွင့်အရေးတောင်းချိန်မှာ
ကျောင်းသူတွေက ဖုန်းပြောဖို့ပဲ စဉ်းစားတယ်
အင်ဂျင်နီယာတွေ ကျူရှင်ပြနေတော့
ဘွဲ့ရတွေ ဘက်ထရီပြင်တယ်
Chaos (ဗရမ်းဗတာ) Theory ဆိုတာ
ကျုပ်တို့ကိုများ ကြည့်ထုတ်ထားလားမသိဘူး
~~~နည်းနည်းလေးတော့ လွဲနေတယ်
လွဲလွဲလေးပဲကောင်းပါတယ်
နေတတ်ရင် အေးဆေး~~~


ကိုဆေး
Read more →

KIA မှ ABSDF(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို လက်နက်သိမ်း၍ အကျယ်ချုပ်ဖြင့်ထား

,
KIA နယ်မြေတွင်း အခြေစိုက် စခန်းချလျှက်ရှိသော ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို သြဂုတ် လ ၂၈ ရက်နေ့မှစပြီး KIA ဗဟိုဌာနချုပ်မှ လက်နက် များ ပြည်လည်သိမ်း ဆည်း ကာ နေအိမ် အ ကျယ်ချုပ် ဖြင့်ထားရှိ ကြောင်း ABSDF မြောက်ပိုင်းအဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ လက် ရှိဖြစ်နေ သည့် ပြဿနာမှာ ABSDF မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ မှုကြောင့် ဖြစ်ကြော င်းေ အာက်ပါအတိုင်းပြောကြားခဲ့သည်။

“ABSDF (မြောက်ပိုင်း) အဖွဲ့က KIA အကူအညီနဲ့ ပြန်ဖွဲ့ထားတာ… အရင် တုန်းက အစိုးရ နဲ့ KIA တိုက်ပွဲဖြစ်တုန်းက KIA ဖက်က ပူးပေါင်းတိုက်ခိုက်ဖို့ KIA ဗဟို ကနေ လက်နက်နဲ့ ကျည်တွေပေး ထား တယ်… အခု ABSDF ဥက္ကဌ ကိုသံခဲတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်း ကအဖွဲ့တွေလဲပါလာတော့ KIA ရဲ့ ခွင့်ပြုချက်မရပဲ လုပ်တယ်ဆိုပြီး လက်နက်တွေ အကုန်လိုက် သိမ်းတယ်… ခေါင်းဆောင်တွေကိုလည်း အိမ်မှာပဲနေခိုင်းပြီး စောင့်ကြည့်နေတယ်…” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ABSDF တို့ မေ လတွင် တစ်ကြိမ်၊ ဇူ လိုင်လ ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၄ ရက်နေ့ တွင် တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သြဂုတ် လ ၄ ရက်နေ့ ဆွေးနွေး ပွဲတွင် ABSDF ဥက္ကဌ ကိုသံခဲနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအော င် မင်းတို့ ကိုယ်တိုင်တွေ့ဆုံကာ နှစ်ဖက် သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် သြဂု တ် လ ၂၈ ရက်နေ့တွင် KIA မှ ABSDF အား ထောက်ပံ့ထားသည့် လက်နက် ခဲယမ်းအားလုံး ကို ပြ န်လည်းသိမ်း ဆည်းကာ အဖွဲ့ဝင်များကိုလည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

ယခုအခါ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ကိုမင်းဌေး၊ နိုင်ငံရေး တာဝန်ခံ ဦးလဆိုင်း နဲ့ တပ် ရင်းမှူး ဦးအောင်ဆွေဦးတို့ (၃) ဦးကို KIA ဌာနချုပ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြော င်း သိရပြီး KIA တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ ကိုမင်းဌေး မှ ABSDF တပ်ဖွဲ့ဝင်ဟောင်း များနှင့် KIA မသိအောင် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ABSDF တောင်ပိုင်းအဖွဲ့များနှင့် ပူးပေါင်းရန် ကြံစည်နေမှုကို KIA ဗဟိုက မလိုလား တာကြောင့် လက်နက်များ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရရှိရသည်။

၎င်းအခြေအနေကို ဖြေရှင်းရန်အတွက် ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲနှင့် အဖွဲ့သည် KIAေ ခါ င်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း)အဖွဲ့ အား ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနို င်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်)ဖြစ်ပြီး KIA ဗဟိုဌာနချုပ် ရှိရာ သို့ တောခို ၀င်ရောက် လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ အစည်း အေ နဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင် တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချေ ပးခဲ့တဲ့အပြင် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးကာ KIA တပ်ရင်းများနှင့် စစ်ေ ရးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင် ခဲ့သည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သဘော ထားကွဲ မှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော် ၀ါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ပြိုကွဲသွားပြီး ကျန်ရှိသော ABSDF (မြောက်ပိုင်း) အဖွဲ့ဝင်အ နည်းငယ်မှာ KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ KIA နှင့် စစ်ရေးပူးပေါင်း ဆောင် ရွက်မှု များ လုပ်ဆောင်လျှက်ရှိသည်။

Planet Myanmar Network
Read more →

Friday, August 23, 2013

၈၈တွေအပေါ် နိုင်ငံရေး ဘိုးအေကြီးတွေက ဒီလိုမြင်တယ်

,

အရင်တုန်းက ဦးသန်းဝင်းဆိုတဲ့ လူကြီးကို သဘောမကြခဲ့ဘူး ။
ညနေက ကျွန်တော့်မိတ်ဆွေ ဦးစိမ်းမြင့်က ဦးသန်းဝင်းအတွက်
သီတဂူ ဆရာတော်ကြီးရဲ့ တရားအခွေ သွားပို့ချင်လို့ လိုက်ခဲ့ပါ
ဆိုလို့လိုက်သွားရင်း .....

စိမ်း..ဆရာ နေကောင်းရဲ့လားဆရာ အလုပ်တွေရှုပ်နေတာလား ။

သန်း...အော် ကိုစိမ်းမြင့်တို့ပါလား (ကျွန်တော့်ကိုပါရည်ညွှန်းသည်) ။
နေကောင်းပါတယ်ဗျာ လူကအိုလာတော့လဲ အမြဲတမ်းတော့ ဘယ်
ကောင်းပါ့မလဲ ။ လမ်းကြုံလို့ ၀င်လာတာလား ။

စိမ်း...ဆရာ့အတွက် တရားခွေလာပို့တာပါဆရာ သတင်းတွေရော
ဘာထူးသေးလဲဆရာ ။

သန်း...တရားခွေလာပို့လို့ ကျေးဇူးတင်လိုက်တာ ကိုစိမ်းမြင့်ရယ် ။
သတင်းတွေကတော့လောလောဆယ်ဘာမှမထူးပါဘူး နိုင်ငံရေးလော
က ကတော့ ဒီလိုပဲပေါ့ဗျာ သဗွတ်အူနဲ့ စာဗူးတောင်းလိုပေါ့ ။

စိမ်း...ကျွန်တော်ကြားတာရှိတယ်ဆရာ ။

သန်း...ပြောဗျာ ဘာကြားသတုန်း ။

စိမ်း...ကင်တားနား မိတ္ထိလာကိုသွားတုန်းက မိတ္ထိလာပြည်သူတွေနဲ့
၈၈အဖွဲ့တို့ပူးပေါင်းပြီးဆန္ဒပြကြတယ်ဆရာ ၊ အဲ့ဒါကို ရန်ကုန်အခြေစိုက်
၈၈အဖွဲ့တွေက ကင်တားနားကိုဆန္ဒပြရပါ့မလားလို့ မိတ္ထိလာက ၈၈တွေ
နဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် သတိပေးတယ်တဲ ။

သန်း... (ခေတ္တ ပါးစပ်အဟောင်းသားနှင့် ) ဟေ ဟာ ဒီအကောင်တွေ
လုပ်နေတာတွေမဟုတ်တော့ဘူးကွာ ၊ ကင်တားနားကိုဆန္ဒပြတာ ဘာဖြစ်လဲ
ဒါဟာ မကြိုက်ရင် ဆန္ဒပြခွင့်ရှိတယ်လေ ။ ၈၈လုပ်ပုံတွေမဟုတ်တော့ဘူး
စိမ်းမြင့်ရေ မိမိအဖွဲ့အစည်းတစ်ခု ကမ္ဘာ့အလယ်မှာ မျက်နှာရ ထင်ပေါ်စေ
ချင်တဲ့စိတ်ကြောင့်တော့ အမျိုးသားရေးကိုသစ္စာမဖောက်သင့်ဘူး ။ ဒီကောင်
တွေ အမျိုးသားရေးကိုသစ္စာဖောက်နေတာတွေ တော်တော်များနေပြီ စိမ်းမြင့် ။

ကျွန်တော်...(ဆရာဦးသန်းဝင်း၏လက်ကိုဆွဲ၍) ဆရာ့ဆီက ဒီစကားမျိုးကြား
ရတာ ၀မ်းသာလိုက်တာဗျာ ။

သန်း... ကျုပ်က နိုင်ငံရေးသမားစစ်စစ်ဗျ ၊ ဘယ်သူတွေဘယ်ခြေလှမ်း လှမ်းရင်
ဘာလုပ်မယ်ဆိုတာသိပြီးသား ။

စိမ်း...ဆရာရေ ကျွန်တော်တို့ပြန်အုံးမယ် ။

သန်း... အေးဗျာ...တရားခွေ ပေးတဲ့အတွက် သာဓုပါ ။

အော်....မေ့နေလို့ဗျို့ ...ဦးသန်းဝင်းဆိုတာ 1990ခုနှစ်က NLD ပါတီရဲ့ ဧရာ
ဝတီတိုင်း သာပေါင်းမြို့နယ် အမတ်လောင်း ၀ါရင့်သမ္ဘာရင့် နိုင်ငံရေးသမားကြီး
ကျောင်းဆရာဟောင်းကြီးတစ်ဦးပါ ။ သမိုင်းသင်တဲ့နေရာမှာ အလွန်နာမည်ကြီးတဲ့ဆရာ
ကြီးပါ ။ ပုသိမ်မှာ ဒေါ်စုကြည်လာတော့ ဒေါ်စုကြည်ရဲ့ လုပ်ပုံကိုင်ပုံတွေ ပုံမကျယုံမျှ
မက NLD အတွက်နှစ်ပေါင်းများစွာ ဘ၀တွေစတေးခဲ့ရတဲ့ ဆရာကြီးဦးသန်းဝင်းလို
သမ္ဘာရင့်နိုင်ငံရေးသမား ထေရ်ကြီးဝါကြီးတွေအပေါ်မှာ ထောက်ထားငဲ့ညှာခြင်းမရှိ
တာကြောင့် ဦးသန်းဝင်းအပါအ၀င် NLD အချို့ နှုတ်ထွက်ရလောက်အောင် ပဋိပက္ခ
ဖြစ်ခဲ့ပါတယ် ။ ဆရာဦးသန်းဝင်းကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့လေးဖွဲ့ပြီး ယနေ့တိုင်
နိုင်ငံတော်အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေလျှက်ပါ ။

ဦးစိမ်းမြင့်ဆိုတာ NLD ဟောင်း တစ်ဦးလဲဖြစ်သလို ကျောင်းဆရာဟောင်းတစ်ဦးလဲဖြစ်ပါတယ် ။
ညီသုတ(ပြည်)
Read more →

Thursday, August 15, 2013

KNU နှင့် KNLA အချင်းချင်း ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံး

,
From : ..dvb



ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ရှိ ဘင်ဂျီရွာတွင် သြဂုတ် ၁၃ရက်၊ နံနက် (၉)နာရီခွဲအချိန်က KNU/ KNLA Peace Council တပ်ဖွဲ့ဝင်လေးဦးတို့သည် ကားပေါ်မှာ အချင်းချင်းအကြား အငြင်းပွားကြပြီး သေ နတ်ဖြင့် ပစ်ခတ်ကြမှု ကြောင့် ၃ဦး သေဆုံးသွားခဲ့သည်။

၎င်းပစ်ခတ်မှုတွင် သေဆုံးသူများမှာ စောဘကျမ်း၊ စောထွန်းမြင့်၊ စောနေထူးတို့ဖြစ်ပြီး စောလှဝင်းဆိုသူ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု KNU/KNLA PC ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောဂျိုးဇက်က ကေအိုင်စီသို့ ပြောသည်။

“ဖြစ်ပွားတာက အချင်းချင်းပဲ။ အသက်ရှင် ကျန်ရစ်သူတစ်ဦးကို အခု ဖားအံမြို့မှာရှိတဲ့ (မြန်မာအစိုးရ) တပ်မ(၂၂)က ခေါ်ယူစစ် ဆေးနေ တုန်းပဲ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ဗိုလ်မှူးစောဂျိုးဇက်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ KNU/KNLA PC ဗျူဟာ(၁) တာဝန်ခံ ဗိုလ်မှူးစောအောင်ပိုင်သိမ်းက ထိုသို့ အခင်းမဖြစ် ပွားခင်တွင် ၎င်းတို့လေးဦးသည် နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာတွင် ပြုလုပ်သည့် ကရင်အာဇာနည်နေ့ အခမ်းအနားသို့ အတူတူ သွားရောက်ခဲ့ကြသေး သည်ဟု ဆိုသည်။

သို့သော် ၎င်းတို့သည် သံလွင်မြစ်အနောက်ဘက်သို့အသွား ဘင်ဂျီရွာအရောက်တွင် ရုတ်တရက် အချင်းချင်း ပစ်ခတ်ခဲ့ကြရာမှ ယခုလို သေဆုံးမှုအထိ ဖြစ်ပွားရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ကြသည့် ဘင်ဂျီရွာသားများက ပြန်လည်ပြောပြကြောင်း ၎င်းဗိုလ် မှူးက ဆက်ပြောသည်။

“သူတို့လေးယောက်က ကားတစ်စီးတည်း အတူတကွ စီးပြီး အခင်းမဖြစ်ခင် အဲဒီမနက်မှာပဲ အချင်းချင်း ရယ်ရယ်မောမောနဲ့ ကျနော် တွေ့ရသေးတယ်။ ရုတ်တရက် ဒီလိုဖြစ်ကြတာ အံ့သြမိတယ်”ဟု ဗိုလ်မှူးစောအောင်ပိုင်သိမ်းက ကေအိုင်စီသို့ ပြောဆို သည်။

လက်ရှိအချိန်တွင် ၎င်းပစ်ခတ်မှုအတွင်း သုံးခဲ့သည့် ပစ္စတို (၂)လက်ကိုလည်း အစိုးရစစ်တပ် တပ်မ(၂၂)က သိမ်းဆည်းထားပြီး အခင်းဖြစ်ပွားမှု အသေးစိတ်ကိုမူ ပြည်နယ်ရဲများက ကိုင်တွယ်ဖြေရှင်း အရေးယူသွားမည်ဟု ဖားအံမြို့နယ်မှ တာဝန်ကျ ရဲဝန် ထမ်းတစ်ဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောထင်မောင် ဦးစီးလျှက်ရှိသည့် KNU/KNLA Peace Council အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလက ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး လုပ်ဆောင်ခဲ့သည့်အဖွဲ့ ဖြစ်သည်။


Photo: 
Posted From KIC
Read more →

Friday, August 9, 2013

၈၈ လမ်းပေါ်ထွက်သူထဲ ဒေါ်စု မပါခဲ့

,

ရန်ကုန်မြို့၊ MCC ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၈၈၈၈ ငွေရတု အခမ်းအနား နောက်ဆုံးနေ့ မှာ လူဦးရေ ၅ သောင်းကျော် ဖိတ်ကြားထားခဲ့ပေမယ့် နှစ်သောင်းကျော်သာ တက်ရောက်ခဲ့ကြောင်း ၈၈၈၈ ပြန်ကြားရေး အဖွဲ့ထံမှ သိရပါတယ်။  အဆိုပါ လူ ၂၀၀၀၀ ကျော်ကို ဒံပေါက်နဲ့ အချိုရည်များ ကျွေးမွေးခဲ့ပြီး အဲဒီအချိန်မှာ မွန်ပြည်နယ်  နှင့် ကရင်ပြည်နယ်တွေ၌ ရေဘေးဒုက္ခသည်အများအပြားမှာ စားသောက်စရာ ဘာမှမရှိကြောင်း သိရပါတယ်။

အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် လည်း မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ 

"ရှစ်လေးလုံးတုန်းက လမ်းပေါ်ထွက်သူတွေထဲမှာ ကျွန်မ မပါဘူး၊ အကြမ်းဖက် ဆန္ဒပြမှုက ရေရှည်မှာ အကျိုးမပေးပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
Read more →

Thursday, August 8, 2013

((((((((((``၈၈၈၈ အမှတ်တရ.....´´))))))))))

,

``ဖေဖေ ဒီနေ့ ၈ လေးလုံး ငွေရတုလေ.... အခမ်းအနား ဂုဏ်ပြုပွဲတွေ ရှိတယ်လေ...၊ ဖေဖေ မသွားဘူးလား... ဖေဖေတို့က ၈၈ ကျောင်းသား အစစ်တွေဆို ဘာလို့မသွားတာလဲ.....´´

Read more →

၈၈ လေးလုံး ဆိုတာ

,

၈၈၈၈ လေးလုံးဆိုတာ အမှတ်တရ အခမ်းအနားမျိုး လုပ်သင့်တဲ့အရာမဟုတ်ဘူး ကိုယ့်အိမ်မှာကိုယ်ပဲ ဆိုင်ရာဆိုင်ရာတွေအနေနဲ့ ဘုန်းကြီးပင့် ဆွမ်းကျွေးအမျှဝေရမဲ့ နေ့ရက်မျိုး ဝမ်းနည်းခြင်းဆုတောင်းဆိုတာ
မျိုးလုပ်ရမဲ့အရာ

Read more →

မေ့မရနိုင်ခဲ့သောပုံရိပ်များ

,


၈၈ အရေးအခင်းကာလကပေါ့
ဖေဖေကကျောက်တလုံး ခ.လ.ရ(၈၁) မှာတပ်ခွဲမှူး ဗိုလ်မှူးဘဝနဲ့ ရှေ့တန်းမဲသဝေါစခန်းမှာအသေ အကြေတိုက်နေချိန် ကျွန်မကတော့ရန်ကုန်မှာဆန္ဒပြဖို့
စီတန်းလာတဲ့အဖွဲ့ တွေများစွာကို လမ်းထိပ်ထွက်ကြည့် လက်ခုပ်တီးအားပေးလို့ ဝေလားဝါးလားပျော်နေချိန်ပေါ့အရေ
Read more →

၈၈ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ များပြားသော်လည်း ယနေ့ အခါ လက်တဆုတ်စာလူနည်းစုကသာ အကျိုးခံစားနေရ

,
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၂၅ နှစ် ပြည့်ပြီဖြစ်သည်။ အရေးတော်ပုံကာလ လှုပ်ရှားမှု ဓာတ်ပုံအများအပြားကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေနေသူများရှိသကဲ့သို့ ပြန်လည် ဝေငှသူများရှိသဖြင့် အင်တာနက် စာမျက်နှာများနှင့်
Read more →

Wednesday, August 7, 2013

ကျွန်တော်ဖတ်ဖူးသော ၊ ကျွန်တော်သိသော (၈.၈.၈၈) (၃)

,

August 6, 2013 at 4:41pm
ဒုက္ခပဲ--- မေးလ်ရှည်တာနဲ့ သူများတွေ အနှောင့်အယှက်ဖြစ်မှာစိုးပြီး အပိုင်းခွဲလိုက်တာပါ။ အပိုင်း ၃ ကိုမျှော်နေတယ်ဆိုတော့ ကြုံတွေ့ခဲ့ရတာလေးတွေ ကောက်သင်းကောက်ပြီး နိဂုံးချုပ်ပါ့မယ်။ အရေးအခင်းဖြစ်တာက -(၈-၈-၈၈)  ကနေ (၁၈-၉-၈၈) နေ့ထိဆိုတော့ ရက်ပေါင်း (၄၂) ရက် တစ်လခွဲလောက်ပေါ့။  ဒီအတွင်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ရတာ လည်း တကယ်ပါ။
Read more →

ကျွန်တော်ဖတ်ဖူးသော ၊ ကျွန်တော်သိသော (၈.၈.၈၈) (၂)

,


ကျွန်တော်က ရန်ကုန်မှာ သေကံမရောက် သက်မပျောက် ဖြစ်နေပေမယ့် နယ်က ကျွန်တော့ရွာလေးမှာတော့ ကျွန်တော်က သေလူ ဖြစ်နေပြီ----------  ။
        ဖြစ်ပုံက ဒီလိုဗျ---
Read more →

သမိုင်း အမှန်သာ ချန်ခဲ့ပေးပါ

,
ဟိုတနေ့ က သမိုင်းကိုမရိုင်းစေချင်ပါဘူး
ရိုင်းအောင်လည်း မနှိုင်းစေချင်ဘူး
ခင်ဗျားတို့ ပြောတဲ့ ၈၈
ကျွန်တော်တို့ ၄ နှစ်သားပဲ ရှိသေးတယ် ....

ဆိုပြီး ရေးတော့ ကျွန်တော့် ကို မင်းမမှီ ပဲ နဲ့ သေးသိမ်အောင်လုပ်သလေ ၊ ပေးဆပ်ခဲ့သူတွေ ကိုစော်ကားသလေ ၊ မော်ကား သလေ နဲ့ ကျွန်တော့် ကို ဝိုင်း ဖဲ့ ကြတယ် ။
Read more →

ငရဲခွေးပေါက် လွတ်နေသည်

,
ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန် ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။
အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။”

Read more →

ကျွန်တော်ဖတ်ဖူးသော ၊ ကျွန်တော်သိသော (၈.၈.၈၈)

,

သမိုင်းထဲရောက်သွားသော ၈၈ အရေးအခင်း

Soe Naing
အလုပ်ထဲမှာ အသက်နှစ်ဆယ်ကျော်လူငယ်လေးတွေ အများကြီးတွေ့လာရတော့ ၈၈ အရေးအခင်းဟာ သမိုင်းထဲကိုဝင်စပြုနေပြီ ဆိုတာသတိထားမိလာတယ်။  သူတို့လေးတွေအတွက်  ၈၈ အရေးခင်းဟာ သမိုင်းတစ်ခုဖြစ်သွားပေမယ့် ၈၈ မှာလူရွယ်ဘဝပဲရှိသေးတဲ့  ကျွန်တော်တို့အတွက်တော့စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ ။ အချိန်တွေက ကုန်လွယ်လိုက်တာ--------------။ 
      ၈၈ အရေးခင်းတုန်းက ကျွန်တော့အသက်က ၁၈ နှစ်ပါ။  ဆယ်တန်းကျောင်းသား  အထက ၃ သင်္ကန်းကျွန်း မှာကျောင်းတတ်ပါတယ်။ ကျွန်တော်တို့ကျောင်းက သင်္ကန်းကျွန်း ဘီအိုစီကွေ့ အရင်ဧရာဝတီရုပ်ရှင်ရုံ ဘေးကန သင်္ကန်ျးန်းဘူတာဘက်ကိုအသွားလမ်းချိုးလေးဘေးမှာတည်ရှိပါတယ်။ ပတ်ဝန်းကျင်ရပ်ကွက်မှာတော့ အိန္ဒိယနွယ်ဝင် ဟိန္ဒူမွတ်ဆလင် အများစုရှိတဲ့ရပ်ကွက်ပါ။
Read more →