Wednesday, July 31, 2013

ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက်ရန် အိန္ဒိယ ကူညီမည်

,


ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာ့တပ်မတော် (ရေ) အတွက် ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက် ရန် အိန္ဒိယ အစိုးရက ကူညီမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Time of India သတင်း မီဒီယာတွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၏ လေးရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ် DK Joshi၊ ဗိုလ်ချူပ် Bikram Singh တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ သဘောတူညီခဲ့ကြကြောင်း အဆိုပါ သတင်းများအရ သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကင်းလှည့် သင်္ဘောများကို အိန္ဒိယနိုင်ငံ စစ်တပ်သုံး သင်္ဘောတပ်ဆင်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းခွင်တွင် တည်ဆောက်ပေးရန် အိန္ဒိယ အစိုးရက သဘော တူညီခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မြန်မာ ရေတပ် အရာရှိများကို စစ်ရေး လေ့ကျင့်ပေးမှုများ ပြုလုပ်သည့် အစီအစဉ်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဘော တူညီခဲ့ကြသည်။

အလားတူပင် မြန်မာ့ တပ်မတော် (ကြည်းနှင့် လေ) မှ တပ်မတော်သား များကိုလည်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကျွမ်းကျင်သော တပ်မတော်အဖြစ် ရပ်တည်နိုင်ရန်အတွက် ရေတပ်သုံး ပစ္စည်းများနှင့် အသုံးအဆောင်များ ဝယ်ယူနိုင်ရန် နှစ်နိုင်ငံ တပ်မတော် အရာရှိများက သဘော တူညီခဲ့ကြောင်း ယင်းသတင်း မီဒီယာများတွင် ကိုးကား ဖော်ပြ ထားသည်။
Read more →

ပြည်ထောင်စုလွှတ်တော် နာယက လွှဲပြောင်းပွဲသို့ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ တက်ရောက်မည်

,

ဇူလိုင် ၃၁ ရက် (ယနေ့) ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် နာယကလွှဲပြောင်းပွဲသို့ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှစ်နှစ်နှင့် ခြောက်လကာလအတွင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော်၏ နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် ကျန်သက် တမ်း ကာလများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။

Read more →

၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ် . . .

,


Tuesday, 30 July 2013 15:20
Written by အယ်ဒီတာအဖွဲ့

ယခုတစ်ပတ်ထုတ် The Messenger Journal အတွဲ (၄)၊ အမှတ် (၁၀) တွင် "၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ်..." ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ဦးမင်းဇင်နှင့် အင်တာဗျူးပါ အမေးအဖြေ အချို့အား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

မေး ။ အခုပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မှာ ဖြစ်လာမယ့် အခန်းကဏ္ဍကို လျှော့ချတဲ့ အနေနဲ့ အခုလို အခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို လျှော့ချချင်တဲ့ သူတွေက ဘယ်သူတွေများ ဖြစ်နိုင်မလဲ။

ဖြေ ။ ပြောဖို့ ခက်တယ်ဗျ။ ကျွန်တော် ဒါနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်တယ်။ ဒါပေမဲ့ သေချာတာကတော့ ဒါနဲ့ပတ်သက်လို့ မြန်မာပြည် ၂၀၁၅ မှာ

Read more →

ဆရာတော် ဦးဝီရသူအား အကြမ်းဖက်သမားဟု ဒေါ်စု ၏ နောက်လိုက်များ စွတ်စွဲပြောဆိုနေကြ

,

ဦးဝိရသူ ဟောတဲ့ တရားတွေဟာ Hate Speech တွေဖြစ်တယ်၊ ပြည်တွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ကို ထိခိုက်တယ် အစရှိသဖြင့် တော်တော်လေး ဆိုးဆိုးဝါးဝါး ဝေဖန်ခဲ့တဲ့လူတွေဟာ အခု တလော အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ အစ္စလာမ်ဘာသာရဲ့ ဟောပြောချက်နဲ့ ပါတ်သက်လို့တော့ မှတ်ချက်ပြု သံ မကြားမိသလို ဘာသံမှ ထွက်မလာပဲ ငြိမ်သက်နေတာလည်း အတော်လေး ထူးထူးခြားခြား အံ့သြစ ရာတစ်ခု ဖြစ်နေပြန်တယ်.......

ဟိုက ဟောထားတဲ့ အထဲမှာတော့ ဘာသာခြား (ကာဖိရ်) တွေကို ခေါင်းဖြတ်သတ်ဖို့၊ ဒီလိုခေါင်းဖြတ်သတ်တာဟာ အလ္လာဟ်ရဲ့ အလိုတော်ပဲဖြစ်ကြောင်း၊ ဒါကို ကိုယ့်ဘာသာဝင်ထဲက တားမြစ်သူရှိလာရင် အဲ့ဒိတားမြစ်တဲ့လူကို အရင်ဆုံး ခေါင်းဖြတ် သတ်ပလိုက် ဆိုတာတွေ ဟောထားပါတယ်..... အဲ့ဒိစကားလုံးတွေနဲ့ ပါတ်သက်လို့တော့ Hate Speech အဆင့်မဖြစ်လို့များ ပြည်တွင်းက လစ်ဘရယ်နာမည်ခံတွေ ရှောင်ရှားနေသလား မပြောတတ်ပါ.......

ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ကွာခြားချက်ကတော့ ဦးဝိရသူဟောတဲ့ တရားနဲ့ ပါတ်သက်လို့ ဗုဒ္ဓဘာသာဝင်တွေထဲကကိုပဲ သဘောမတူတာကို အတိအလင်း ထုတ်ပြောခဲ့သူတွေ အများကြီး ရှိကြပေမယ့် အခု အစ္စလာမ် တရားဟောဆရာရဲ့ တရားနဲ့ ပါတ်သက်လို့တော့ သဘောမတူကြောင်း၊ လက်မခံကြောင်း ထုတ်ပြောတဲ့လူ မရှိသလောက် နည်းနေတာကို တွေ့ရပါတယ်...... ဒါကိုကြည့်ရင် ကွာခြားမှုကို တွေ့ပါလိမ့်မယ်......

ဘာပဲဖြစ်ဖြစ်ပါ ဘာသာ နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့အတွက် နှစ်ဖက်စလုံးက ဆင်ခြင်ရမှာပဲ..... ဦးဝိရသူရဲ့ တစ်ချိန်တုန်းက ဟောခဲ့တဲ့ ကုလားတွေကို နေစရာမရှိအောင်၊ စားစရာမရှိအောင် လုပ်မယ်ဆိုတဲ့ တရားကို လက်ညှိုးထိုးပီး ဝေဖန်နေကြတဲ့ လစ်ဘရယ် နာမည်ခံတွေဟာ လက်ရှိ မိတ္ထီလာကိစ္စတွေကို လက်ညှိုးထိုးပီး အားလုံးကို ခေါင်းဖြတ်သတ်ဖို့ ဟောတဲ့ တရားမှာတော့ မသိချင်ယောင် ဆောင်နေတာဟာ လစ်ဘရယ်နာမည်ခံတွေရဲ့ ရပ်တည်မှုကို အထူးတလည် စိစစ်စရာမလိုအောင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာတာပါပဲ......

Read more →

ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်

,
မြေမြိုလို့ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည် ဆိုတဲ့ စကားတခွန်း ကြားဖူးတယ်။ အခုလည်း ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ရဲ့ လုပ်ရပ်တွေက ဒီပုံစံ ဖြစ်နေတယ်။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲစဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန်လကနေ ၂၀၁၂ နှစ်ကုန်ပိုင်းအထိ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ကေအိုင်အေဘက်က တစ်ဖက်သတ်ဆန်လွန်းနေတာတွေ့ရတယ်။ ဘာကြောင့် ကျိန်းသေဒီလိုပြောရသလဲဆိုရင် စစ်တပ်က စစ်တိုက်နေတာ ပျော်လို့စစ်တိုက်နေတာ၊ လက်တည့်စမ်းသဘောမျိုး စစ်တိုက်တာမဟုတ်ဘူး။ သူတို့စစ်တိုက်နေရတာ ရည်ရွယ်ချက်ရှိတယ်။ အဲဒါက နယ်မြေတည်ငြိမ်အေးချမ်းဖို့၊ ဒေသပြည်သူများရဲ့ ဘ၀တွေလုံခြုံအေးချမ်းစေဖို့၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေဖို့စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ချီပြီး ပြောရရင်တော့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ပါ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာစေဖို့အတွက်ပါ။
ဒါဆို ကချင်အဖွဲ့လို့ အလွယ်ခေါ်နေကြတဲ့ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ အနေနဲ့ စစ်တိုက်နေတာကရော ဘာအတွက်ပါလဲ။ နှစ်ပေါင်းများစွာ ကြားခဲ့ရတဲ့ ဟစ်ကြွေးသံကတော့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်ထူထောင်ရေး၊ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ရယ်လို့ ဖွဲ့စည်းပြီး လက်နက်စွဲကိုင်ခဲ့တဲ့ ၁၉၆၀ ခုနှစ် ၀န်းကျင်လောက်ကနေ ဒီကနေ့အထိ ကချင်ပြည်နယ်နဲ့ ကချင်လူထုကို ဘာများ ကောင်းကျိုးပေးခဲ့ပါသလဲ။ မှတ်မှတ်ရရ ဘာအကျိုးများ ပြုခဲ့ပါသလဲ။
Read more →

တပ်မတော် နှင့် အမျိုးသားနိုင်ငံရေး

,
အမျိုးသားနိုင်ငံရေး ဆိုသည်မှာ အမျိုးသားရေးနှင့် နိုင်ငံရေး ပေါင်းစပ်ထားခြင်းဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်။

နိုင်ငံရေးဟူသော အဓိပ္ပါယ်အား အောက်စဖို့ဒ် (Oxford) အင်္ဂလိပ် အဘိဓါန်တွင် “နိုင်ငံရေးဆိုသည်မှာ အစိုးရ၏ သိပ္ပံနှင့် ၀ိဇ္ဇာအတတ်ပညာဖြစ် သည်။ နိုင်ငံတော်တစ်ရပ် သို့မဟုတ် တစိတ်တဒေသ၏ ပုံသဏ္ဍာန်၊ ဖွဲ့စည်းပုံ၊ စီမံအုပ်ချုပ်ရေးတို့နှင့် ပတ်သက်သော ဆောက်ရွက်ဖွယ်ရာများအပြင် အခြားနိုင်ငံတို့နှင့် ဆက်နွယ်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ သိပ္ပံ အတတ်ပညာရပ် ဖြစ်သည်” ဟု ဂရိပညာရှင်များ၏ အဆိုအမိန့်ကို ကိုးကာ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

အရစ္စတိုတယ်ကမူ "လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ လူသားတို့၏ ဘ၀ကို အကောင်းဆုံး အနေ အထားတစ်ရပ်သို့ ရောက်ရှိစေနိုင်စွမ်းသော သိပ္ပံ သို့မဟုတ် ၀ိဇ္ဇာပညာရပ် ဖြစ်သည်" ဟု ဆိုခဲ့သည်။ ( အခြား အဓိပ္ပါယ်ဖွင့်ဆိုချက်များကို http://www.mee-pya-tite.com/2012/03/blog-post.html တွင်ဖတ်ရှုနိုင်သည်။ )

နိုင်ငံရေးဟူသော ဝေါဟာရအပေါ် မြန်မာလူမျိုးတို့၏ အဓိပ္ပါယ်သတ်မှတ်မှုမှာ မြန်မာသမိုင်းနှင့် နိုင်ငံရေးဖြစ်စဉ်များအပေါ်တွင် များစွာမှီခိုလျှက်ရှိသည်။ မြန်မာနိုင်ငံရေးသမားအချို့က နိုင်ငံရေးဟူသော ဝေါဟာရအား "နိုင်ငံရေးဆိုသည်မှာ နိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားမျှတရေး၊ စားရေး၊ ၀တ်ရေးနှင့် နေရေး စသည်တို့ဖြစ်သည်" ဟု ဆိုကြသည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးတို့ နေ့စဉ်နှင့် တွေ့ကြုံနေရသော အရေးကိစ္စပင် ဖြစ်သည်" ဟု သတ်မှတ်သည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ ဘုရင်ဧကရာဇ် အမှုထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ မိမိ၏ ရသင့် ရထိုက်သော အခွင့်အရေး ကို ပြောဆိုခြင်း၊ တောင်းခံခြင်းနှင့် အရတိုင်ယူခြင်း ဖြစ်သည်" ဟု တွယ်တွယ်ကျယ်ကျယ်ပြောဆိုလျှက်ရှိကြသည်။

မည်သို့ဆိုစေ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောအရေးဟု နားလည်နိုင်ပြီး တပ်မတော်သားဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ လူဆင်းရဲဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားလုံးနှင့် သက်ဆိုင်သောအရေးဖြစ်သည်ဟု မှတ်သားနိုင်သည်။

တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကပင်
"နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် တစ်နေ့ကျရင် နိုင်ငံရေးက ကိုယ်နဲ့ လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့.. ရှောင်နေလို့မရဘူး" ဟု ပြောခဲ့သည်။ ယနေ့ နိုင်ငံတော် သမ္မတတစ်ဦးဖြစ်သော ဦးသိန်းစိန်မှလည်း နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်နိုင်ရေးအတွက် တပ်မတော်သားလွှတ်တော်အမတ်များ လွှတ်တော်တွင် ပါရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ တပ်မတော် သားများလည်း နိုင်ငံရေးနှင့် သက်ဆိုင်သည်မှာ ငြင်းနိုင်စရာမရှိတော့ပေ။ ( ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ယနေ့ တပ်မတော်အကြောင်းအား http://www.mee-pya-tite.com/2012/04/blog-post_2131.html တွင်ဖတ်ရှုနိုင်သည်။ )

အမျိုးသားရေးဆိုရာတွင် လူမျိုးတစ်မျိုး၏ နယ်မြေပိုင်ဆိုင်မှု၊ ဘာသာစကား၊ သမိုင်းနောက်ခံ၊ ကိုးကွယ်သည့်ဘာသာ၊ စာပေ နှင့် ယဉ်ကျေးမှု စသည်တို့ပါဝင်ပါဝင်လျှက်ရှိရာ အဆိုပါ အမျိုးသားရေးကိစ္စများအား စပ်လျဉ်းသော စီးပွားရေး နှင့် လူမှုရေးကိစ္စအဝဝကို ကိုယ်ကျိုးအတ္တမပါပဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းအား အမျိုးသားနိုင်ငံရေးဟု မှတ်သားနိုင်သည်။

တပ်မတော်တွင် အဓိက လုပ်ငန်းကြီးသုံးရပ်ရှိပြီး (၁) စစ်တိုက်ရန်၊ (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ (၃) စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန် ဟူ၍ဖြစ်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုသည်မှာ အထက်တွင် ဖော်ပြထားသည့် အမျိုးသားရေးနှင့်သက်ဆိုင်သော စီးပွားရေး နှင့် လူမှုရေးကိစ္စအဝဝအား ကိုယ်ကျိုးအတ္တမပါပဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိပါက တပ်မတော်၏ တာဝန်မှာ အမျိုးသား နိုင်ငံရေးလုပ်ရန်သာ ဖြစ်သည်။

ပါတီနိုင်ငံရေး နှင့် အမျိုးသားနိုင်ငံရေး၏ ခြားနားချက်မှာ အာဏာရယူလိုမှု နှင့် မရယူလိုမှုပင်ဖြစ်သည်။ တစ်ပါတီ စနစ်ပင်ဖြစ်စေ၊ နှစ်ပါတီ စနစ်ပင်ဖြစ်စေ၊ ပါတီစုံစနစ်ပင်ဖြစ်စေ စနစ်အားလုံးသည် ပါတီအာဏာရရှိမှုမှာ ပထမ ဦးစားပေးဖြစ်ပြီး အာဏာရပါတီမှ နိုင်ငံတော်၏ ကိစ္စအရပ်ရပ်ကို တာဝန်ယူအကောင်ထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးတွင် အာဏာရယူလိုမှု မရှိချေ။

ယနေ့မြန်မာ့နိုင်ငံရေးစနစ်မှာ ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်ရာ ယခုအခါ တရားဝင် နိုင်ငံရေးပါတီပေါင်း ၅၀ ခန့် ရှိနေပြီဖြစ်သည်။ ပါတီစုံစနစ်၏ အားနည်းချက်မှာ နိုင်ငံရေးပါတီအချင်းချင်းအကြားတွင် အုပ်စုဖွဲ့ခြင်း၊ နိုင်ငံ့အကျိုးထက် ပါတီအကျိုးကို ဦးစားပေးလုပ်ဆောင်ကြခြင်း၊ ပါတီတွင်း နှစ်ခြမ်း၊ သုံးခြမ်းကွဲခြင်း၊ ပါတီတင်း အာဏာလွန်ဆွဲပွဲများဖြစ်ပေါ်ခြင်း တို့ပင်ဖြစ်သည်။

အမျိုးသားနိုင်ငံရေးတွင်လည်း အားနည်းချက်များစွာရှိသည်။ ခေါင်းစဉ်အမျိုးမျိုးဖြင့် အဖွဲ့အစည်းပေါင်းစုံဖွဲ့ကာ အမျိုးသားရေးကို ဗန်းပြပြီး ငွေကြေးကောက်ခံခြင်း၊ ရံပုံငွေရှာဖွေခြင်း၊ ရသမျှကို စာရင်းအတိအကျမပြပဲ မိမိတို့ ကိုယ်ကျိုးအတွက် သုံးစွဲခြင်း တို့ပင်ဖြစ်သည်။ အချို့ကမူ ငွေကြေးကောက်ခံခြင်း၊ ရံပုံငွေ ရှာဖွေခြင်း လုံးဝမရှိပဲ အမျိုးသားနိုင်ငံရေး လုပ်ဆောင်ကြသည်။ အမျိုးသားရေးဆိုင်ရာ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များကို ကွင်းဆင်းလေ့လာကာ လိုအပ်သည်များကို ရှာဖွေဖော်ထုတ်ကြသည်။ သို့သော် တွေ့ရှိသော လိုအပ်ချက်များအတွက် မိမိတစ်ဦးတည်းမှသော်လည်းကောင်း၊ မိမိအဖွဲ့အစည်းမှသော်လည်း စိုက်ထုတ်ကာ ဖြည့်စည်းထောက်ပံ့ခြင်းမရှိပဲ လိုအပ်သမျှ စာရေးကာ အစိုးရထံ စာပို့ခြင်း (သို့မဟုတ်) ကြေငြာချက် ထုတ်ခြင်း တို့ ကို အသီးသီးလုပ်ဆောင်ကြသည်။ ယင်းကို အလွန်လွယ်ကူပြီး လူတိုင်းလုပ်နိုင်သော အမျိုးသား နိုင်ငံရေး အလုပ်ဟု မှတ်သားနိုင်သည်။

လူတို့၏သဘာဝအရ တစ်ခုပေးဆပ်ပါက တစ်ခုပြန်လိုချင်ကြသည်။ လူအများစုမှာ မိမိအနေဖြင့် လက်တလော နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်လဲ စဉ်းစားဖို့ထက် နိုင်ငံတော်မှ မိမိအတွက် ဘာလုပ်ပေးခဲ့ဖူးသလဲဆိုတာကို စဉ်းစားကြသည်။ အထူးသဖြင့် မြန်မာလူမျိုးတို့သည် အဖွဲ့အစည်းတွင်း တပည့်မွေးကြသည်။ ဆရာမွေးကြသည်။ ထို့နောက် တစ်ဖွဲ့မှ နှစ်ဖွဲ့ကွဲသည်၊ နှစ်ဖွဲ့မှ သုံးဖွဲ့ကွဲကြသည်။ မြန်မာ့သမိုင်းကိုပြန်ကြည့်ပါက အကွဲအပြဲပေါင်းများစွာကိုတွေ့မြင်နိုင်ပြီး တပ်မတော်မှ နိုင်ငံရေးအာဏာကို လွှဲပြောင်း တာဝန်ယူခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။
အမျိုးသားနိုင်ငံရေးဆောင်ရွက်ရာတွင် အရေးအကြီးဆုံးမှာ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အယူဝါဒစွဲများကို လုံးဝရှောင်ရှားရန်လိုအပ်သည်။ ရှောင်ရှားနိုင်မှသာလျှင် စစ်မှန်သော အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ တပ်မတော်သည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိ၊ ငွေကြေးကောက်ခံခွင့်မရှိ၊ ရံပုံငွေရှာဖွေခွင့်မရှိသည့်အပြင် နိုင်ငံအဝှမ်းမှ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စနစ်တကျ စည်းကမ်းပြည့်ဝ စွာဖွဲ့စည်းထားခြင်းကြောင့် ဒေသစွဲ လုံးဝ မရှိသလို နှစ်ဖွဲ့၊ သုံးဖွဲ့ကွဲစရာအကြောင်းလည်း မရှိပေ။ သို့ဖြစ်၍ ယနေ့ မြန်မာ့ တပ်မတော်သည် အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်ရန် အကောင်းဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

တပ်မတော်သည် အမျိုးသားနိုင်ငံရေး လုပ်ဆောင်နေကြောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၉) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင်
"တို့တပ်မတော်က အမျိုးသား နိုင်ငံရေးကို အလေးထားဆောင်ရွက် နေခြင်းဖြစ် လို့ ရဲဘော်တို့ အနေနဲ့ မိမိတို့ ရောက်ရှိရာ ဒေသ အသီးသီးမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်" ဟု ပြောဆိုခဲ့သည်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတိုင်းတွင် အလေးအနက်ထား မှာကြားလျှက် ရှိသည်။ ( နိုင်ငံသားတိုင်း အခြေခံဥပဒေ ဖတ်ရှုရန်လိုအပ်ကြောင်းကို http://www.mee-pya-tite.com/2012/08/blog-post.html တွင် ဖတ်ရှုနိုင်သည်။ )


တပ်မတော်အရာရှိတိုင်းသည် နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ ရှိနေရမည်ဖြစ်ပြီး တပ်မတော်သားတိုင်းသည်လည်း အမျိုးသားနိုင်ငံရေး လုပ်ဆောင်ရမည်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမူကြမ်း၏ စာမျက်နှာ (၁၄)၊ အခန်း(၁)၊ ပုဒ်မ ၆။ (စ) တွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်" ဟု ဖော်ပြပါရှိသည်။အင်္ဂလိပ်ဘာသာဖြင့် "Enabling the Defence Services to be able to participate in the National political leadership role of the State" ဟု ရေးသားထားသည်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ သမိုင်း၊ စာပေ နှင့် လူမှု စီးပွား ကာကွယ်စောင့်လျှောက်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် လွန်စွာမွန်မြတ်သော အလုပ်ဖြစ်သည်။ အင်တာနက်စာမျက်နှာ တစ်ခုခုတွင် အတ္တလုံးဝမပါ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲမပါပဲ အမျိုးသားအရေးရှေ့ရှုပြီး တစ်စုံတစ်ခု မှတ်ချက်ရေးသားခြင်းပင်လျှင် မွန်မြတ်သော အမျိုးသားနိုင်ငံရေး လုပ်ဆောင်မှုတစ်ခုဟု သတ်မှတ်နိုင်သည်။


by : SGF
Read more →

ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူတို့ထောင်ထားသော မိုင်းနှစ်လုံးပေါက်ကွဲပြီး အပြစ်မဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရ

,

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ၀ါရာဇွတ်ကျေးရွာအုပ်စု၊ ရှဒူဇွတ်ကျေးရွာ အတွင်းရှိ ဒေသအခေါ် ၀ါခါးရွှေမှော်တွင် လုပ်ကိုင်လျက်ရှိသည့် မောင်ကျော်လွင်(၂၂)နှစ်၊ (ဘ)ဦးမောင်ကျော်မြင့်(ရခိုင်/ဗု)၊ သရက်ချောင်းကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူနှင့် မောင်ညီပုတို့ နှစ်ဦးသည် ၀ါခါးရွှေမှော်မှ ရှဒူဇွတ်ကျေးရွာသို့ လမ်းလျှောက်ထွက်ခွာခဲ့ရာ လော့ဒ်ဂျာအနီးသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၄နာရှိခွဲအချိန်ခန့်တွင် ရောက်ရှိစဉ် ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံးအား မောင်ညီပုမှ နင်းမိပေါက်ကွဲခဲ့
Read more →

အခါးသီးဆုံး သင်ခန်းစာ

,
၈၈၈၈ တော်လှန်ရေးကို ၂၅ နှစ် အကြာမှာ ပြန်လည်သုံး သပ်သည့်အခါ အကြီးမားဆုံး သင်ခန်းစာတစ်ခုကိုရသည်။ တပ်မတော်ကို ဒီမိုကရက် တစ်အဖွဲ့အစည်းတစ်ခုဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကျပျောက်သွားသော “အနာဂတ်တစ်ခု” ဆိုသည့် သင်ခန်းစာဖြစ်ပါသည်။

သန်းနှင့်ချီသည့် ပြည်သူများ၏ ဆန္ဒကို ငြင်းပယ်ခဲ့ခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့များ၏နှလုံးသားတွင် တစ်စုံတစ်ရာအကြီးအကျယ် မှားယွင်းနေပြီကို ပြသခဲ့သည်။ တပ်မတော်ကို ပြည်သူနှင့်ဝေးကွာ အောင်ပြုလုပ်ခဲ့ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ခေါင်းတလားထဲထည့် ပြီး နောက်ဆုံးရိုက်လိုက်သည့် သံမှိုတစ်ချောင်းဖြစ်ခဲ့ပါသည်။

Read more →

ဒီမိုကရေစီ ဘိုးအေ အမေရိကန်တွင် ကလေးပြည့်တန်ဆာ ၁၀၅ ဦး ဖမ်းမိ

,

အမေရိကန်ပြည်ထောင်စုတခွင်မှာ ၃ ရက်ကြာ စစ်ဆင်ရေးအရ ပြည့်တန်ဆာအဖြစ် အသုံးချခံနေရတဲ့ အရွယ်မရောက်သေးသူ ၁၀၅ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့  FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရိုက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတ၀ှမ်း စစ်ဆင်ရေးမှာ အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာလုပ်ငန်းအတွက် အသုံးချနေသူတွေနဲ့ ခေါင်းပုံဖြတ်နေသူ ၁၅၀ ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုတ၀ှမ်းက မြို့ကြီး ၇၆ မြို့က ဒေသခံ၊ ပြည်နယ်နဲ့ ပြည်ထောင်စု တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။  ၂၀၀၃ ခုနှစ်က စတင် အကောင်အထည်ဖော်ခဲ့ပြီး အရွယ်မရောက်သေးသူ ၂၇၀၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 


source:voa
Read more →

Tuesday, July 30, 2013

အရူးအိတ် မှ စိပ်ပုတီး

,
ဒီနေ့မနက် စောစောအိပ်ယာ ထ ဖြစ်သည်။ နိုးနိုးချင်း ပြတင်းတံခါးအဖွင့်မှာ ဖြတ်တိုက်လာတဲ့ လေပြေအေးကြောင့် အ၀တ်လဲ၍လမ်းဆင်းလျှောက်ချင်တဲ့ စိတ်တို့ ဖြစ်ပေါ်မိသည်နှင်အမျှလမ်းလျှောက်ထွက်ခဲ့မိ၏။နံနက်ခင်း၏ အလင်းစ နှင့် တိတ်ဆိတ်ခြင်းတို့က အလွန်ကို ပနံရလှ၏။တစ်နေရာ အရောက်သော် တိတ်ဆိတ်ခြင်းကိုဖောက်ထွက်ပြီး အော်သံဟစ်သံ ဆူညံသံတွေက ဖုံးလွှမ်းလျှံထွက်နေလေသည်။် ထိုအခြင်းအရာသည် ဈေးပဲဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။သို့သော် ကျွန်တော် ၏ အထင်သည် ထိုအနားကို ကျွန်တော် ရောက်မှ တတ်တတ်စင်အောင် လွဲနေမှန်း သိခွင့်ရပါတော့သည်။ အမှန်ကား ထိုနေရာသည် ဈေးမဟုတ်ပါ။ ပြေးသူက ပြေး ၊ အလံကိုင်သူက အလံကိုင် ၊ ဆိုသူက ဆို ၊ခါး လေးလှုပ်နေသူက လှုပ်နေ စသည်ဖြင့် အမူအနေအထားအမျိုးမျိုးနှင့် လှုပ်ရှားနေကြသော လူငယ်လူရွယ်တို့ဖြစ်ကြပါသည်။သို့နှင့် ကျွန်တော် သည် အမှုမဲ့ အမှတ်မဲ့ပင် မိမိလျှောက်လိုရာ နေရာအထိ လမ်းလျှောက်ပြီး ပြန်ရောက် ရေမိုးချိုး၍ တစ်နေ့တာ လုပ်ငန်းများအား ခေါင်းထဲ အစီအရီထည့်ရင်း တစ်နေ့တာ လုပ်ငန်းများ အတွက် စတင်ချီတက်ခဲ့ပါသည်။အလုပ်လုပ်နေ ၍ဖြစ်မည်ထင်၏ အချိန်ကား အကုန်မြန်လှသည် ထင်ရသည်။ ကျွန်တော် လက်မှ နာရီပင် ကျွန်တော်အား ၁၁ နာရီထိုးကြောင်း အသံတိတ်ညွှန်ပြနေလေပြီ ဖြစ်သည်။ကျွန်တော် အလုပ်မှ နေ့လည်စာစားရန် ပြန်လာခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော့်၏ စူးစမ်းချင်စိတ် တို့သည် ကျွန်တော် ၏ ဆာလောင်စိတ်အား လွှမ်းမိုးသွားသည် ထင်ပါ၏။ အကြောင်းမှာ - မနက်ခင်း လမ်းလျှောက်စဉ် က အမူအယာ အမျိုးမျိုး နဲ့ ဆူဆူညံညံ လူရွယ် အုပ်စုသည် ထိုအချိန်ထိ နေပူကျဲကျဲတွင် လေ့ကျင့်နေကြဆဲ ဖြစ်သည်။ ကျွန်တော် အထင် သူတို့လေးတွေသည် ကျောင်းပြပွဲ (၀ါ) ကျောင်းကပွဲ တစ်ခုခု အတွက် လေ့ကျင့်နေကြသည်ဟု ထင်မိပါသည်။ သို့ ဖြင့် ကျွန်တော် လဲ စိတ်ဝင်စားခြင်းကြောင့် ရပ်၍ ခနကြည့်မိပါသည်။ ကြည့်ကောင်းကောင်းဖြင့် ကျွန်တော် ရပ်ကြည့်နေရင်း ငါးမိနစ် ခန့်အကြာလောက်ရှိမည်ထင်သည် သူတို့လေးတွေ လူအုပ်စု ခွဲကြလေသည်။ ချက်ချင်းပင် ထမင်းစား နားကြသည် ဖြစ်မည်ထင်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ထို့နောက် ထမင်းစား နားဖို့ ကျွန်တော် အနားက နေ ဖြတ်သွားတဲ့ လူရွယ်တစ်ယောက်ကို ဘာအတွက်လေ့ကျင့်နေကြတာလဲ ဟု မေးမိပါသည်။ "ညီလေး မင်းတို့ ဘာအတွက်လေ့ကျင့်နေကြတာလဲ"......"sea game "ဖွင့်ပွဲအတွက် လေ့ကျင့်နေကြကြောင်း သူပြောမှ "ဟာ" ဟုတ်ပေသားပဲ ကျွန်တော် မေ့နေတာဖြစ်သည်။ဒါ့ထက် "မနက်ထဲ က အကိုမြင်တယ် ...နေ့လည်နေ့ခင်းအထိတောင် ..နေကလဲပူတယ်..မပင်ပန်းဘူးလား "်ဟု လူငယ်စိတ် ကို သိချင်စောနဲ့ ခပ်စွစွလေး မေးကြည့်လိုက်ပါသည်။"ပူတာတော့ ပူတာပေါ့ အကိုရာ..ဒါပေမယ့် နိုင်ငံတကာ နဲ့ ယှဉ်နွဲရမယ့် ပွဲမှာ ကျွန်တော် တို့က မှ ဖွင့်ပွဲ အတွက်လေးပဲ လေ့ကျင့်ကြရတာ ..ပြိုင်ပွဲဝင်တဲ့ သူတွေဆို နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေ ရဖို့ အပြင်းအထန်ကြိုးစားနေကြတာ" ..။ ထိုလူငယ် လဲ ထမင်းစာလာသည် ထင်မည် ပြောပြီး ဆက်ထွက်သွားတော့သည်။ဒါပေမယ့် ကျွန်တော် ကိုတော့ အတွေးများဖြင့် ကျန်ခဲ့စေပါသည်။ ကျွန်တော် မြင်မိဖူးသော လူငယ်များထဲတွင် ထိုလူငယ်သည် ထူခြားသော တစ်ယောက်ဖြစ်သည်။သူအဖြေ လေးကို လဲ ကျွန်တော် သဘောကြမိသည်။ယခုခေတ် လူငယ်များသည် နိုင်ငံအတွက် ကြရာနေရာမှ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေကြသည်။ လဘက်ရည်ဆိုင်များတွင် အချိန်တိုင်း လူပြည့်၍နေကြသည်။ကျောင်းသား တစ်ယောက်၏ နိုင်ငံအတွက် တာဝန်မှာ စာကို ကောင်းစွာ သင်ကြားရန်ဖြစ်သည်။သို့သော် ကန်မ်တင်း မှာ သာ လူပြည့်နေသည်။ပြသသည့် ဇာတ်ကားများသည်ပင် တက္ကသိုလ်ကျောင်းသား ဇာတ်ကားသည် ကန်မ်တင်းမှာ သာ ထိုင် ရည်းစားရ ဇာတ်လမ်းသိမ်းကြသည်.။ ထိုကြောင့် လူငယ်တို့အတုယူမှားသည် ကို အပြစ်မဆိုသာ။ ဒါပေမယ့် ထိုလူငယ်လို စိတ်မျိုး ဖြင့် နိုင်ငံ တာဝန်ကို ကြရာထမ်းဆောင်ချင်စိတ်ကလေး ရှိကြလျှင်ပင် ဖွံ့ဖြိုးဆဲဖြစ်သော ကျွန်တော် တို့ နိုင်ငံအတွက် တစ်တပ်တစ်အားပင်ဖြစ်သည်။ တစ်ခါက နိုင်ငံခြားသား မိတ်ဆွေ တစ်ယောက်က ပျက်ရယ်ပြုခြင်းကို ကျွန်တော် အောင့်သက်သက်ဖြင့် ခံရဖူးသည်။ ကျွန်တော် နဲ့ သူ တစ်နေ့ လမ်းလျှောက်ထွက်ရင်း သူက ထူးဆန်းတဲ့ မေးခွန်းတစ်ခု မေးခဲ့တယ်။"ရေခံမြေခံ နဲ့သာယာ တဲ့ မင်းတို့ နိုင်ငံမှာ လူငယ်တွေက တစ်နေကုန် လဘက်ရည်ဆိုင်ထိုင်ပြီး ဘာလုပ်နေကြတာလဲ" ဆိုတော့ ကျွန်တော် မှာ အဖြေမရှိဖြစ်ခဲ့ဖူးသည်။ ယနေ့ထိလဲ ထိုမေးခွန်းကို ဘယ်လိုဖြေရမလဲ ကျွန်တော် မသိပါ။ နိုင်ငံတာဝန်ထမ်းဆောင် တယ်ဆိုတာ နက်နက်နဲနဲ တွေးစရာမလိုပါ။နိုင်ငံအတွင်းသန့်ရှင်းအောင် အမှိုက်ကိုစည်းကမ်းရှိစွာ ပစ်ခြင်းသည်ပင် နိုင်ငံတာဝန် ထမ်းဆောင်ခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုလျှင်ပင် မှားနိုင်မည် မထင်ပါ။ သို့သော် ထိုကဲ့သို့သေးသေးမွှားမွှား များကိုပင် အလေးထားခြင်းမရှိသော ကျွန်တော်တို့နိုင်ငံသည် စည်းကမ်း မရှိသော အခါ မည့်သူသမ္မတ တက်တက် အခက်တွေနဲ့ ရတက်ပွေနေရမည်ဖြစ်သည်။ထို့အတူ ၁၉ နေ့ရောက်လျှင်သာ ငမ်းငမ်းလျ ချစ်ပြကြပြီး ၊ ဗိုလ်ချုပ်အသံမာမာ နဲ့ ပြောခဲ့တဲ့ "စည်းကမ်း" နှင့် ပတ်သတ်ပြီး ပြည်သူချစ်သော ဗိုလ်ချုပ်အသံဖြင့် ပြောခဲ့သည်ကိုပင် မေ့ခြင်းအမျှ မေ့ထားကြသည်။" နိုင်ငံတစ်ခု ၏ အနာဂါတ်သည် ထိုနိုင်ငံအတွင်း ရှိလူငယ် ဖြစ်သည်"ဟု ကျယ်ကျယ်လောင်လောင်အော်ကြငြားလည်း ၊ စည်းကမ်းနဲ့ စိတ်ဓာတ် ခံယူချက်ယုတ်လျော့သော လူငယ်တို့နှင့် အနာဂါတ် နိုင်ငံတော် သည် "အရုးအိတ် မှ စိတ်ပုတီး "လို ပင်ဖြစ်နေပါတော့မည်။
Read more →