အကယ်ဒမီ
ထွန်းအိန္ဒြာဗိုကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးအဖြစ်
ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ facebook
စာမျက်နှာမှ)
အခုတလောမှာ အကယ်ဒမီ မင်းသမီး ထွန်းအိန္ဒြာဗိုတယောက် ရုပ်ရှင်ဇာတ်ကားတွေ
မရိုက်တော့ဘူး ဆိုတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ တကယ်လည်း သူ ရုပ်ရှင်ရိုက်
နားထားတာ ၆ လလောက်ကျော်ပြီလို့ သိရပါတယ်။
ဒါပေမယ့် ထွန်းအိန္ဒြာဗိုကတော့ ရုပ်ရှင်လုံးဝ မရိုက်တော့တာ မဟုတ်ဘူး၊
သူနဲ့ သင့်လျော်တဲ့ ဇာတ်ရုပ်မတွေ့သေးလို့သာ မရိုက်တာပါလို့ ဧရာဝတီကို
ပြောပါတယ်။
“ကျမက အပျိုကြီး၊ အဒေါ်၊ အစ်မ၊ ယောက္ခမ ဆိုတဲ့ ဇာတ်ရုပ်တွေကိုပဲ...
Tuesday, November 19, 2013
လှိုင်သာယာမြို့နယ်တွင် ခိုးမှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးရမိ
Posted by
ရွှေသတင်းသစ်
,
at
1:40 PM

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ၁၅.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန်တွင် မမြမြသန်း(ရောင်း/၀ယ်)(ဘ)ဦးသောင်းတင်၊အမှတ်(၁၉၅၇)၊ကျန်စစ်သားလမ်း၊ရွှေလင်ဗန်းကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူသည် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရသဖြင့် နေအိမ်အတွင်းစစ်ဆေးရာ ဈေးရောင်းရာတွင်အသုံးပြုသည့် သေတ္တာငယ်အတွင်းထည့်ထားသော ငွေစက္ကူရောရာငွေကျပ် (၁၀၀၀၀) ပျောက်ဆုံးနေသည်ကိုတွေ့ရ၍ ထပ်မံစစ်ဆေးစဉ် အိပ်ယာခေါင်းရင်းတွင်ထားသည့် ရွှေထည်ပစ္စည်းနှင့်ငွေများထည့်ထားသောသေတ္တာမှာလည်းပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ နေအိမ်နှင့်မျက်နှာချင်းဆိုင်ရှိ နေအိမ်ခေါင်းရင်းမှ အဆိုပါပျောက်ဆုံးသေတ္တာအားပြန်လည်တွေ့ရှိရသဖြင့်စစ်ဆေးရာငွေစက္ကူ...
ဆေးလိပ်ဖြတ်ချင် သူများအတွက် စီးကရက်ဆိုင် ဖွင့်မည်ဟု မင်းသမီး ဆုပန်ထွာကပြော
Posted by
ရွှေသတင်းသစ်
,
at
1:28 PM

ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ်စီးကရက်ဆိုင်ကို ဒီဇင်ဘာလတွင်
ဖွင့်လှစ်မည်ဟု မင်းသမီး ဆုပန်ထွာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ယင်းဆိုင်နာမည်ကို "Vape city" ဟု အမည်ပေး ထားပြီး အမေရိကန်နိုင်ငံမှ
ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။
“ဒီဆေးလိပ်က ဆေးလိပ်စွဲနေသူတွေအတွက် အများကြီးထိရောက်မှုရှိပါတယ်။ နောက်ပြီး
ဖွာနေရင်လည်း အငွေ့ထွက်ရင်ဘေးနားကလူတွေအတွက်ရော၊ ကလေးတွေအတွက်ရော
ထိခိုက်မှုမရှိပါဘူး။အဲယားကွန်း ခန်းမှာလည်းသောက်လို့ရပါတယ်။ ဆေးလိပ်ပြာလည်း
ခြွေစရာမလိုပါဘူး။ နီကိုဒင်းလည်းမပါတော့ ထိခိုက်မှုမရှိပါဘူး၊ မီးခြစ်လည်း
မလိုပါဘူး”ဟု မင်းသမီး...
***ဗုဒ္ဓသာသနာအတွက် အလားအလာ မ ကောင်းတော့ကြောင်း အင်းစိန် ရွာမဆရာတော် ဘုရားကြီး၏ သတိပေးချက်***
Posted by
ရွှေသတင်းသစ်
,
at
1:24 PM
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ.(ဗဟို) မှဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော
အင်းစိန်ရွာမဆရာတော် အရှင်တိလောက ဘိဝံသ ဆရာတော်ကြီး၏ ယနေ့ ဗုဒ္ဓဘာသာ
ခေါင်းဆောင်များအတွက် "သတိပေးချက်" " "ယနေ့ဗုဒ္ဓဘာသာဝင်
ခေါင်းဆောင်အများစုသည်........ ၁။မြတ်ဗုဒ္ဓ ဘုရားဖြစ်ခါစက မိန့်ကြားခဲ့သော သာသနာပြုလမ်းစဉ်လိုက်သူ မရှိသလောက်ဖြစ်နေပြီ။ ၂။မိမိနေရာ၌သာနေထိုင်ပြီးစာပေပို့ချနေခြင်းကို ပရိယတ္တိသာသနာပြုနေသည်ဟု ထင်နေကြသည်။ ၃။ပြည်ပနိုင်ငံရောက်ရဟန်းတော်များသည်ပြည်ပမှာရောက်နေသည့်မိမိနိုင်ငံ သားဗုဒ္ဓဘာသာဝင်များ၏အကြည်ညိုခံသက်သက်ဖြင့်ကျေနပ်နေကြသည်။ ၄။ဘာသာခြားများကို သီမ်းသွင်းသာသနာပြုနိုင်မှု မရှိသလောက်ရှားသည်။ ၅။ပြည်တွင်းနေရဟန်း၊သာမဏေအများစုမှာလည်း...
Monday, November 18, 2013
ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ
Posted by
ရွှေသတင်းသစ်
,
at
11:30 AM
ကထိန် အလှူခံပွဲ တခု (ဓာတ်ပုံ – စည်သူ)
ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင်
အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊
အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊
သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက် နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့
Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက
ပြောပါတယ်။
အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့ အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင်
ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင်
မလျော်ညီတဲ့...
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးမည့် အခြေခံဥပဒေဟောပြောပွဲ ခွင့်ပြုချက်ရပြီ
Posted by
ရွှေသတင်းသစ်
,
at
9:21 AM
နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို တရားဝင်
ခွင့်ပြုချက်ရပြီဟု ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းသူက မဇ္ဈိမကို ပြောသည်။နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာတွင်
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးမည့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး
လူထုဟောပြောပွဲအခမ်းအနားကို နိုဝင်ဘာလ၁၈ရက်၊ နံနက်၈နာရီခွဲတွင်
ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပွဲကျင်းပခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်များက
ဟောပြောပွဲ ကျင်းပရေးကော်မတီ၏ လျှောက်လွှာကို ငြင်းပယ်မှုများရှိခဲ့သည်။
ယင်းအတွက် ဇမ္မူသီရိမြို့နယ်၊...
Friday, November 15, 2013
ငါးကြီးဆီများ နှင့် အမျိုးသားရောဂါအန္တရာယ်
Posted by
ရွှေသတင်းသစ်
,
at
12:06 PM

" ၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိပ်ဓာတ်ခွဲစမ်းသပ်ချက်များအရ (က)အိုမီဂါ၃ ဖက်တီးအက်ဆစ် ဖြည့်စွက် စာငါးကြီးဆီများထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့ က အမျိုးသားများသုက်ရည်ဂလင်းကင်ဆာ
ဖြစ်နိုင်ချေ အလားလာ ၄၅% ထိရှိစေကြောင်း၊ (ခ) အကယ်၍ DHA
ဗီတာမင်အမြောက်အများပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ
ကင်ဆာဖြစ်နိုင်ချေထက်အလားအလာထက်ပင် ၂-ဆမျှပိုကဲနေကြောင်း၊ (ဂ) ထို့ ပြင် အဆီများသောငါးကြီးတွေ လွန်ကဲစွာစား သောက်ခြင်းကလည်း ဖော်ပြပါကင်ဆာဖြစ်လာစေကြောင်း ” National Cancer Institute(ခေါ်)ကျမ္မာရေးဂျာနယ်တစ်စောင်မှာ
ဖော်ပြခဲ့ခြင်းကို အင်တာနက်သတင်းလွှာ(Academic...
Thursday, November 14, 2013
ကျွန်တော်တို့နိုင်ငံကြီးက အဲဒီလိုလားဗျာ
Posted by
ရွှေသတင်းသစ်
,
at
10:28 AM
Written by ခြိမ့်ဖေ
သိပ်မကြာသေးခင်က
မြေပဲပြုတ်ရောင်းတဲ့ ကလေးတစ်ယောက်ဆီက ကျွန်တော်မြေပဲပြုတ်ဝယ်စား တယ်။
မြေပဲပြုတ်ငါးရာဖိုးဆိုတာ သိပ်အများကြီး မဟုတ်ပေမယ့်
ကျွန်တော်တို့နှစ်ယောက် စားမယ်ဆို လည်း စားလို့ရတဲ့ ပမာဏရှိပါတယ်။
ဒါပေမဲ့ဒီကလေးကနောက်ထပ် ငါးရာဖိုးယူပါလား။ သူပိုထည့်ပေး ပါမယ်လို့
စကားဆိုလာပါတယ်။ ခက်ပြီလို့စိတ်ထဲတွေးရင် သူ့ကိုလည်းအားတုံ့အားနာ
ဖြစ်လာတယ်။
ဒါဆိုလည်း
ဒီလိုလုပ်ကွာ ပိုတဲ့ပိုက်ဆံကို ပြန်မအမ်းနဲ့တော့လို့ ပြောလိုက်မိတယ်။
အဲဒီမှာ ချက်ချင်းဒီ ကလေးက ကျွန်တော့်ကို ပိုက်ဆံငါးရာပြန်ပေးတယ်။
ကျွန်တော့်စိတ်ထဲ ဒီကလေးအားနာနေလို့...
ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရရှိ ...
Posted by
ရွှေသတင်းသစ်
,
at
8:21 AM
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်
၁၁ နာရီ ၁၅ မိနစ်နာရီ၊ လှိုင်သာယာမြို့နယ် အလင်းပဒန်ကျေးရွာ အမှတ် ၃/၄ ရှိ
ကျော်ဆန်းဦး ပိုင်ဆိုင်သည့် SKY အအေးခန်းဧည့်ရိပ်သာသို့
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ၀င်းနိုင် ဦးဆောင်သည့်
ရဲတပ်ဖွဲ့ဝင်များရောက်ရှိပြီး ၀င်ရောက်ရှာဖွေရာ တည်းခိုခန်းအမှတ် ဘီ-၁၅
တွင် တည်းခိုနေထိုင်သည့် တင်မောင် အသက် ၃၄ နှစ်၊ ဘ - ဦးစံဝင်း၊
ကျောင်းရပ်ရွာ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်နေသူထံမှ pvc ပိုက်ဖြင့်
ပြုလုပ်ထားသည့် ယမ်းတောင့်နှစ်တောင့်၊ ယမ်းထည့်ထားသည့် ပုလင်း ၂ လုံး
အပါအ၀င် စုစုပေါင်း စပ်ဆက်ပစ္စည်း ၁၄ မျိုးအား ဖမ်းဆီးရမိကြောင်း၊
ဖမ်းဆီးချိန်တွင် အမည်မသိသူ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊...
Wednesday, November 13, 2013
ဖုန်း Bill ဖြည့်မရဖြစ်နေပါသလား!!!!!
Posted by
ရွှေသတင်းသစ်
,
at
3:44 PM

ခုတလော ငွေဖြည့်မရတာ၊ ငွေလွဲပို့ရင်မရောက်တာတွေ တော်တော်များများကြားလာရ ပါတယ်။ ရောင်းသူနဲ့ ဝယ်သူကြားမှာတစ်ယောက်နဲ့တစ်ယောက် သံသယ စိတ်တွေဝင်ပြီး ပြဿနာ တက်ရတာလဲ ဖုန်းဆိုင်တိုင်း၊ငွေဖြည့်ကဒ်ရောင်းသူတိုင်း ဖုန်းကိုင်ဆောင်သူတိုင်း ကြုံခဲ့ပြီးသားဖြစ်မှာပါ။ဒီပြဿနာမှာ ဝယ်သူရော ရောင်းသူရော မမှားကြပါဘူး။ ဝယ်သူနဲ့ရောင်းသူကြားထဲက သံသယ စိတ်တွေကင်းစေဖို့ သက်ဆိုင်ရာ sever ဖုန်းကိုခေါ်ဆိုမေးမြန်းခြင်းဖြင့် သိရှိ နိုင်ပါတယ်။ငွေဖြည့်ကဒ် error များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ...GSM/WCDMA ကဒ်များအတွက် 01-555476CDMA 800 MHz(73 ဖြင့်စသော)၊450 MHz ကဒ်များအတွက် 09-731111111500...
ဆူညံသံတွေ လျှော့ပေးပါ
Posted by
ရွှေသတင်းသစ်
,
at
1:40 PM
ယနေ့
ကမ္ဘာကြီးတွင် ရေထုလေထု ညစ်ညမ်းမှု၊ ရေဒီယို သတ္တိကြွ အန္တရာယ်၊၊
အိုဇုန်းလွှာကိစ္စ၊ စက်ရုံအလုပ်ရုံ မော်တော်ယာဉ်နှင့် အဆိပ်ငွေ့ ပြဿနာ၊
ပင်လယ်ပြင် ညစ်ညမ်းမှု၊ သောက်သုံးရေ မသန့်ရှင်းမှု စသည့် ပြဿနာ အရပ်ရပ်သည်
လူသားများနှင့် သက်ရှိ သတ္တဝါများ သက်ရှည် ကျန်းမာမှုကို ဆိုးဆိုးဝါးဝါး
စိန်ခေါ်နေကြပါသည်။ အဆိုပါ သိသာထင်ရှားသော ဘေးဒုက္ခများအပြင် ထင်သာမြင်သာ
မရှိဘဲ ဒုက္ခပေးနေသော အန္တရာယ်ဆိုး တစ်ရပ်လည်း ရှိနေသေး၏။ ဤသည်ကား ‘ဆူညံသံ’
အန္တရာယ်ပင် ဖြစ်ပါသည်။
ဆူညံသံတွေ လျှော့ပေးပါ
By Administrator - Tue Nov 12, 8:06 pm
လူသားများနှင့် သက်ရှိသတ္တဝါ အားလုံးကို ကျန်းမာရေး ထိခိုက်စေသော...
တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ
Posted by
ရွှေသတင်းသစ်
,
at
1:22 PM

ဒေါက်တာစွမ်း (ဆေး-၂) မေး။ ။ ဒေါက်တာခင်ဗျ၊ ကျွန်တော်တို့
တစ်အိမ်လုံး တုပ်ကွေး မိနေပါတယ်။ ကျွန်တော်ကနေ စဖြစ် လိုက်တာ အိမ်သူရော၊
သားတွေ၊ သမီးတွေပါ အကုန်လုံးကို ကူးကုန်တာ၊ အခုတော့ တစ်မိသားစုလုံး နေ
မကောင်း ဖြစ်နေကြပါပြီ။ ကျွန်တော်ကတော့ ဆေးခန်း သွားပြလိုက်လို့ အပျောက်
မြန်ပေမဲ့ ကျန် မိသားစုဝင် များကတော့ အိမ်မှာပဲ ဆေး ဝယ်သောက်ကြပါတယ် ဆရာ။
ဆေး ဝယ်သောက်တာ အဖျားဒဏ် တော့
သက်သာကြပေမဲ့ နှာစေး၊ ချောင်းဆိုးကတော့ အတော် ဆိုးပါတယ် ဆရာရယ်။
တုပ်ကွေးရဲ့လက်ကျန် နှာစေး၊ ချောင်းဆိုးကို ဘယ်လို တိုက်ထုတ်ရမလဲ။
တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ ဆိုတာ သိချင်လို့ပါ။...
Specialist အထူးကု
Posted by
ရွှေသတင်းသစ်
,
at
1:06 PM

ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့
ဘွဲ့လွန် တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ်
ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်
ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့
ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊
ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။
ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။ အစောပိုင်း ကာလတွေတုံးကပါ။
ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ
တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး...
ဒေါ်အောင်ဆန်းစုကြည်ဇာတာနှင့်မြန်မာပြည်အလားအလာ
Posted by
ရွှေသတင်းသစ်
,
at
12:15 PM

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတလုပ်လိုသောဆန္ဒရှိကြောင်း
ထုတ် ဖော်ခဲ့ပါသည်။ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်
လေးစားမှုရှိသည့်အားလျော်စွာ သမ္မတ ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ရှိကြပါ သည်။ တိုင်းရင်းသားများဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟုယုံကြည်ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ ထောက်ခံအားပေး လျက်ရှိကြသည်။ ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။
ဤမေးခွန်းသည် ပြည်သူအများ လိုလိုလားလားသိလိုကြသော ဆန္ဒများ...
ပြည်တွင်းနည်းပညာတက္ကသိုလ်များတွ င် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်မည်
Posted by
ရွှေသတင်းသစ်
,
at
12:00 PM
=================================== ချိုကို|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များတွင်
ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင်
ဆောင်ရွက်ပေးမည့် ပညာရေးစနစ်ကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနစက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောကြားသည်။
ယင်းစနစ်ကို သင်ကြားရာတွင် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသော
ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တက်ရောက်စဉ် ပညာသင်နှစ်အတွင်းမှာပင်
နို်င်ငံခြားရှိ နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးများကိုပါ ဖြေကြားကာ...
မန္တလေး စန္ဒာမင်းကုန်တင်မော်တော်မီးလောင် လူရှစ်ဦးဒဏ်ရာရ
Posted by
ရွှေသတင်းသစ်
,
at
11:57 AM

ဧရာဝတီမြစ်ကမ်းနားဘေး မန္တလေးမြို့ရှိ မရမ်းခြံဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော မန္တလေး-ထီးချိုင့် ပြေးဆွဲနေသည့် စန္ဒာမင်းကုန်တင်မော်တော်တစ်စင်း၏
စက်ခန်းအတွင်း အင်ဂျင်စက်နှိုးရာမှ မီးထပွင့်ပြီး ယနေ့မွန်းလွဲ ၁၂နာရီ
၁၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူရှစ်ဦးဒဏ်ရာရရှိသွားသည်။
အဆိုပါမီးလောင်မှုကြောင့် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်အပါအဝင်
လူရှစ်ဦး မီးလောင်ခံရပြီး ကာလတန်ဖိုး ၁၁၂ သိန်းဆုံးရှုံးခဲ့ကာ
မီးလောင်ခံရသူ ရှစ်ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံတွင်
အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
''မီးလောင်မှုမှာ မီးသတ်အင်အားများပေမယ့် မီးငြှိမ်းတဲ့နေရာမှာ
အကျိုးသက်ရောက်မှု...
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုကြရန် အမေရိကန်သံအမတ် အကြံပြု
Posted by
ရွှေသတင်းသစ်
,
at
11:53 AM
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ညှိနှိုင်း
ဆောင်ရွက်သင့်ပြီး ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုလုပ်ဆောင်ရန်
ရခိုင်ပြည်နယ်အစိုးရသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
ဒဲရစ်မစ်ချယ်က တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁ ရက်က သွားရောက်ခဲ့ပြီး
ပြည်နယ်အစိုးရနှင့် စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် တွေ့ဆုံစဉ်
အမေရိကန်သံအမတ်က တိုက်တွန်းသွားခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့
ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က နိုဝင်ဘာ ၁၂ ရက်တွင်
မဇ္ဈိမကို ပြောသည်။
“ရှေ့ဆက်ပြီး ပဋိပက္ခတွေထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို
အလေးထားပြီးညှိနှိုင်းဖို့ပဲ...
နိုင်ငံရေးဩဇာရှိသူ ရုရှားသူဌေးကြီးပိုလန်စကီး ကမ္ဘောဒီးယားတွင်ဖမ်းမိ
Posted by
ရွှေသတင်းသစ်
,
at
11:45 AM

[ Ref: Cambodia Daily ACSP ၊ ဖနွမ်းပင် ၊ နိုဝင်ဘာ ၁၂ ] နိုင်ငံ ရေးဩဇာအာဏာရှိပြီး ချမ်းသာ ကြွယ်ဝသည့်
ရုရှားလူမျိုး ဆာဂီ ပိုလန်စကီးအား တနင်္လာနေ့က ကမ္ဘောဒီးယားနိုင်ငံရှိုသ့
ျွသညါ အပန်းဖြေစခန်း တောတွင်းတစ် နေရာတွင် ကမ္ဘောဒီးယားရဲများက
မ်းဆီးလိုက်ကြောင်း သိရသည်။ အသက်၄၁နှစ်အရွယ်ရှိ စီး ပွားရေးသမား
ပိုလန်စကီး ဖမ်း ဆီးမှုအတွက် ရုရှားအာဏာပိုင် များထံ အကြောင်းမကြားသေး
သော်လည်း ဖြစ်နိုင်သမျှ မြန်မြန် ၎င်းအား ရုရှားနိုင်ငံသို့ လွှဲအပ် မည်ဟု
ယခုအမျိုးသားရဲပြောခွင့် ရ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။
မစ္စတာပိုလန်စကီးအား ရင်း နှီးမြှုပ်နှံသူ ၈ဝတို့၏...
နောက်ရွေးမည့်သမ္မတ အသက် ၄၀ ထက် မကြီးရန် မြို့ကြီး ရှစ်မြို့ရှိ လူထု ဆန္ဒရှိနေဟုဆို
Posted by
ရွှေသတင်းသစ်
,
at
11:22 AM
၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်မည့် သမ္မတ၏အသက် ၄၀ နှစ်အောက်ဖြစ်ရန် နေပြည် တော်အပါအ၀င် မြို့ကြီးရှစ်မြို့ရှိ ဒေသခံများက ဆန္ဒရှိနေသည်ဟု မြန်မာနိုင်ငံ ရှေ့နေများအသင်း(MLA) မှ ရှေ့နေဦးကျော်စိုးဦးက နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုသည်။ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ က အခြေခံဥပဒေနှင့်ပတ်သက်ပြီး အများပြည်သူနှင့် ဆွေးနွေးရန် ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံ ရှေ့ နေများအသင်းနှင့် မြန်မာဥပဒေပြု အထောက်အကူပြုကွန်ရက်တို့က ဦးဆောင်ပြီး နိုဝင်ဘာ ၃ ရက်မှ စ တင်ကာ မြို့ကြီးရှစ်မြို့ရှိ ဒေသခံများနှင့် ဆွေးနွေးရာ မြို့အားလုံးက အထက်ပါအတိုင်း ဆန္ဒပြုသည်ဟု ၎င်းက...
ရန်ကုန်မြို့ OIC ဆန္ဒပြပွဲတွင် ၈၈များ၊ NLD ပါတီဝင်များ နှင့် ဖယောင်းတိုင်ကိုင်ခဲ့သူများ မပါ
Posted by
ရွှေသတင်းသစ်
,
at
8:54 AM

From :
.. eleven
OIC
မြန်မာပြည်သို့ လာရောက်လေ့လာမည့် အစီအစဉ်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂
ရက်နေ့ နေ့လည် ၂ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရား
အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ ဆူးလေစေတီ၊
မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်နေကြောင်း
သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် သံဃာနှင့် ပြည်သူများ ပါဝင်ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး
ဗဟန်းမြို့ နယ်နှင့် ကျောက်တံ တားမြို့နယ် ရဲစခန်းတို့မှ ခွင့်ပြုချက်
ရရှိပြီးဖြစ်ကြောင်း မကွေး ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခက
မိန့်ကြားခဲ့သည်...
Subscribe to:
Posts (Atom)