Monday, September 30, 2013

ခြင်ကိုက်သက်သာပြီး ခြင်ပြေးစေရန်

,
(၁)ကြက်သွန်ဖြူကို ဆီနှင့်ရော၍ (၂၄)နာရီထားပါ။ ထို့နောက် ရေ လက်ဖက်ရည်ပန်းကန်လုံး (၂)ခွက်၊ လတ်ဆတ်သောသံပရာရည် စားပွဲ ဇွန်း(၁)ဇွန်းရောထည့်ပြီး အ၀တ်နှင့် စစ်ပါ။ဖျန်းဘူးထဲထည့်၍ လှုပ်ခါပြီး အခန်းထောင့်ကို ပက်ဖျန်းပါ။ (၂)ယူကလစ်ဆီကို သံပရာရည်၊နေ ကြာဆီနှင့်ရော၍ အသားတွင် လိမ်း ပေးပါ။ (၃)ရှာလကာရည် Venigar ကို လိမ်းပေးနိုင်သည်။ အသားတွင် လည်းကောင်း၊ မိမိထိုင်သည်ခုံ၊ အလုပ်လုပ် သည့်စားပွဲခြေတိုင်များ တွင်လည်းကောင်း လိမ်းထားပါ။ (၄)လင်ဗင်ဒါဆီကို နားရွက်အနောက်၊ ခါး၊လည်ပင်းတို့တွင် လိမ်းထားပါ။ ရနံ့သင်းရုံမက ခြင်ကို လည်း ပြေးစေသည်။ အထက်ပါနည်းများမှာ ခြင်သေစေရန်...
Read more →

တက္ကစီ စီးသူများ ဤကဲ့သို့ ယုတ်မာသောဖြစ်ရပ်ကို သင်ခန်းစာရယူပါ

,
သမိုင်းမှ လှိုင်သာယာဗစ်တိုးရီးရာသို့AA-.. နံပါတ်ဖြင့် ကားကို ငှားစီးခဲ့ရာ ၄င်းကားတွင် ဖုန်းကျကျန်ခဲ့ပါသည်။ ၁၅မိနစ်ခန့်ကြာသော အခါတွင် ဖုန်းပျောက်ကြောင်း သတိထားမိခဲ့ပါသည်။ ထိုအခါ ဖုန်းကို အတူပါလာသောသူငယ်ချင်းဆီမှဖုန်းဖြင့် ဆက်ကြည့်ရာ ဖုန်းပြန်လိုချင်လျှင် ပိုက်ဆံ (၅၀၀၀၀) ကျပ်ကို သူအားပေးရမည် ဟု တောင်းပါသည်။ exchange မှ ဖုန်းလိုင်းပိတ်ပြီး အသစ်ပြန်လုပ်လျှင် လည်း ကျွန်မတို့အနေနှင့် ၀န်ထမ်းများဖြစ်သောကြောင့် အချိန် မလုံလောက်သောကြောင့် ထိုယာဉ်မောင်းအား တောင်းပန်၍ ညှိုနှိုင်းခဲ့ ပါသည်။  ထိုအခါ ယာဉ်မောင်းမှ သူနှင့်အတူ သူငယ်ချင်း(၅)ယောက်အား...
Read more →

အဖေသို့ သမီးပေးစာ

,
၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ ချစ်သော ဖေဖေ ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး...
Read more →

NLD လူထု ဆန္ဒ စစ်တမ်းကောက်မည်ဆိုရာဝယ်..

,
  ဖွဲ.စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး .....NLD ပါတီက လုပ်မည့် .....လူထုဆန္ဒ စစ်တမ်းကောက်ယူမှုရလာဒ်များသည် .....တရားမျှတပြီး သမာသမတ်ကျတဲ့ မဖြေများ မဖြစ်နိုင်ပါ..... Reliable, Fair & Objective ဖြစ်တဲ့ ....လူထုဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည့် အဖြေများဖြစ်အောင်လည်း .....ဖော်ထုတ်နိုင်မည် မဟုတ်ပါ...... NLD အနေဖြင့် သီးသန်.လွတ်လပ်တဲ့ .....third party & Independent ဖြစ်ပြီး .....စနစ်တကျ လူထု စစ်တမ်းတွေကို ကောက်ယူတတ်တဲ့ .....ဘယ် Media & Communication ကုမ္မဏီတွေ .....PR Firms ငှားမှာ ဆိုတာလည်း မေးစရာပါ....... Survey တွေကို စနစ်တကျ ကောက်တဲ့...
Read more →

၂၅ နှစ်အတွင်း တိုင်းပြည်အတွက် ဘာမှ မယ်မယ်ရရ မလုပ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ၀န်ခံ

,
သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။ “ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် တိုးတက်လာသည့် အခြေအနေ ရှိသော်လည်း ပြည်သူတို့၏ လူနေမှုဘဝများမှာ တိုးတက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်စုကြည်က ပြောကြားသည်။ ...
Read more →

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်

,
ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင် ( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။    ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက်ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့...
Read more →

အသက်အရွယ်က စကားပြောတယ်

,
CIA ရဲ့ အကြီးအကဲဟာ စုံထောက် အသစ်သုံးယောက်ကို ခန့်ဖို့အတွက် စစ်ဆေးနေပါတယ်။၂၅ နှစ်၊ ၃၅နှစ် နဲ့ ၄၅ နှစ် ရှိပြီဖြစ်တဲ့ အသစ်လူသုံးယောက်ကို သေနတ် တစ်လက်စီ ပေးလိုက်ပါသတဲ့။နောက်ပြီးတော့ သူတို့ရဲ့ မိန်းမတွေကို အခန်းတစ်ခုစီမှာ ထည့်ထားပြီးတော့“ကောင်းပြီ၊ မင်းတို့ မိန်းမတွေ ထည့်ထားတဲ့ အခန်းထဲကို ၀င်သွား၊ ပြီးရင် ဟောဒီ သေနတ်နဲ့တေ့ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်”အသက် ၂၅ နှစ်အရွယ်ရှိတဲ့ စုံထောက်ကောင်လေးက ချက်ချင်းပြန်ဖြေတယ် “ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော့်မိန်းမကို ကျွန်တော်အရမ်းချစ်တယ်”အသက် ၃၅နှစ်၊ သေနတ်ကိုင်ပြီး အထဲကို ၀င်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာတယ်.. “ကျွန်တော်...
Read more →

တပ်မတော်၏ ဒို့တာဝန် အရေးသုံးကို ထိပါးလျှင် ပြောင်းလဲမှု နှေးကွေးသွားနိုင်သည်

,
မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ဆိုးသည့်ဘက်မှာပဲဖြစ်ပါစေ၊ ကောင်းသည့်ဘက်မှာပဲဖြစ်ပါစေ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်သာဖြစ်သည်။ ဒါကိုတော့ မည်သူမျှမငြင်းနိုင်ပါ။တစ်ခါတစ်ရံ တပ်မတော်၏ အခန်းကဏ္ဍကို ဆိုးသည့်ဘက်မှ ရှုမြင်မည်ဆိုပါက တပ်မတော်၏ ရပ်တည်ချက်သည် အငြင်းပွားစရာများ ရှိနေမည်ဖြစ်ပြီး ကောင်းသည့် ဘက်မှရှုမြင်လျှင်လည်း တပ်မတော်အပေါ် ရှုမြင်သုံးသပ်မှုများမှာေ၀၀ါးနေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပြီး အနာဂတ်နိုင်ငံရေးတွင်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အရေးပါနေဦးမည်မှာလည်းသေချာနေသည်။တချို့ကမူ...
Read more →

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

,
ရန်ကုန်၊ စက်တင်ဘာ ၂၉ ၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင် လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်း...စဉ် ၎င်း Game စက်အတွင်း၌ မသင်္ကာ ဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး(ရန်ကုန်)သို့ ကျော်စွာဝင်းအား Game စက်နှင့်အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ...
Read more →

တပ်ဦးမကျွံသင့်ပါ

,
( ပိုက်တင် )( the voice weekly , today issue )မဆလ ခေတ် အဆုံးသတ်ခါနီး အချိန်တုန်းက သမ္မတတွေ တစ်ယောက်ပြီးတစ်ယောက်ဖြုတ်ခနဲ ဖြုန်ခနဲ ထွက်ပေးရတာ မှတ်မိကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင်အချိန်လေးမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။ဦးစိန်လွင် သမ္မတရာထူးယူလိုက်တဲ့အချိန်မှာ စိန်လွင်ခြောက်တန်း တဇောက်ကန်းသောက်ရမ်းမလုပ်နဲ့ ဆိုတဲ့ အော်သံတွေ ရန်ကုန်တစ်မြို့လုံးညံပါတယ်။ ဦးစိန်လွင်လည်းအခြေအနေကို မထိန်းနိုင်ခဲ့ပါဘူး။ဒီအကြောင်းတွေ ပြန်ပြောနေရခြင်းက တပ်ဦးကျွံခဲ့လို့ ....ကျွန်တော်တို့တွေ ဒုက္ခတွင်းထဲ မှာနှစ်ရှည်လများ နစ်ခဲ့ရတဲ့ အကြောင်းကို...
Read more →

ရေမချိုးသင့်သော အချိန်များ

,
✰ ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ ? ❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ။ ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့ အလွယ်တကု မှုးလဲတတ်ပါတယ် ။ ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။ ❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူ တချို့ ကျန်းမာရေးချို့တဲ့ တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ ။ နဂိုက ခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်း ကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူက...
Read more →

ထန်းတပင်မြို့နယ်တွင် လူသတ်မှုဖြစ်

,
  (အမေကို သတ်တဲ့သား)  ၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊စန္ဒယော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာနေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊...
Read more →

စောင့်ကြည့်၍သာ နေပါမည်

,
         မကြာသေးတဲ့ကာလတစ်ခုက“NLDပါတီထက်အရည်အချင်းရှိတဲ့ပါတီရှိရင်ပြ”ဆိုတဲ့ပြောလိုက်သံကိုကြားမိပါ ရဲ့။မောင်ဘ ကတော့ ပြုံးစိစိ ပဲ ဖတ်လိုက်ပါတယ်။တကယ်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က မြန်မာ နိုင်ငံမှာ အဖွဲ့ဝင် အင်အားအရ ရော ၊ ပြည်သူ့ထောက်ခံမှု ရခဲ့တာရော ကျန်သော နိုင်ငံရေးပါတီတွေနဲ့ယှဉ်ရင်တော့အင်အားကြီးတဲ့ပါတီဆိုတာတော့ငြင်းမရတာအမှန်ပဲမဟုတ်လား။ဒါပေမယ့် NLD ထဲမှာဘယ်လိုလူမျိုးတွေ ပေါင်းစု နေလဲဆိုတာတော့ မောင်ဘ မပြောတော့ဘူးနော် ။ဒါနဲ့ အင်အားကြီးတိုင်း အရည်အချင်း ရှိပါ့မလားဆိုတာတော့ မေးစရာရှိတယ်။ဥပမာ ပြောရရင် ကာယဗလမောင်တိုင်း...
Read more →

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

,
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။ ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော်...
Read more →

အသေ တတ် သည် ဆို ရာ ၀ယ်

,
   သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်း အကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလို ဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေက ခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့...
Read more →

ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေကနေ အကြမ်းဖက် ဆူပူမှုတွေ အထိ ဖြစ်ခဲ့

,
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။ ဦးကျော်စံလှကို...
Read more →

"နောက်နေ့လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် တော်သို့ ဆက်လက်ချီတက်ခြင်းမပြုရန် တိုင်းသံဃာ့နာယကဆရာတော်နှင့် တိုင်းအဆင့်တာဝန်ရှိသူများမှ မေတ္တာရပ်ခံ""

,
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာမှာပါနေတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ် ကို ချမ်းသာပေးဖို့ တောင်းဆိုချီတက်နေတဲ့ရဟန်းသံဃာဦးဆောင်သူများသီတင်းသုံးညအိပ်ရပ်နားရာ ကောင်း မှုတော် အနောက်မုဒ်၊ စည်တီးရွာရှိ စည်တီး ဘုန်းကြီးကျောင်း ကို စစ်ကိုင်းတိုင်းဒေသကြီးက တိုင်းသံဃာ့နာယကဆရာတော်များ၊တိုင်းတရားသူကြီးနဲ့၊တိုင်းအုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး နောက်တစ်ရက်မှာ လက်ပံတောင်းတောင်ကို ဆက်လက်ချီတက်ခွင့် မပြုကြောင်း လာရောက်လျှောက်ထားတယ်လို့ သိရှိရပါတယ်၊ရဟန်းသံဃာဦးဆောင်သူများမှလည်းမူလရည်မှန်းထားသည့်အတိုင်းလက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်...
Read more →

"မြန်မာနိုင်ငံခေါင်းဆောင်သည် 'မူဆလင်ဆန့်ကျင်ရေး'ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ် ပေးလျက်ရှိ" ဟု BBC မှ စွပ်စွဲ အပုပ်ချ ရေးသား

,
(BBC သတင်းဝက်ဘ်ဆိုက် 24 June 2013 ရက်စွဲပါ ဆောင်းပါးလေးပါ။ မြန်မာစာ ပရိသတ်အတွက် စီစဉ်ပေးလိုက်တာပါ။ ဆက်လက်တင်ပြစရာတွေလည်း ကျန်ပါသေးတယ်။ ဘယ်အရာဟာ ဓမ္မ၊ ဘယ်အရာဟာ အဓမ္မ။ ဘယ်သူဟာ လူကောင်း၊ ဘယ်သူဟာ လူဆိုးဆိုတာ တစ်နေ့မှာ ကမ္ဘာကြီးကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ အဲဒီအချိန်ကျရင် BBC လဲ မြောင်းထဲ ရောက်သွားတော့မှာပါ။ BBC ကို ချစ်တဲ့ပရိသတ်ကြီး BBC နွံနစ်မသေအောင် ဆွဲတင် ကယ်ထုတ်ဖို့ ပြင်ဆင်ထားကြပါဦးနော်။) မြန်မာနိုင်ငံခေါင်းဆောင်သည် “မူဆလင်ဆန့်ကျင်ရေး” ဝါဒဖြန့်ဘုန်းကြီး အရှင်ဝီရသူအား ကာကွယ်ပေးလျက် ရှိ။ ၁။ အစုအဖွဲ့လိုက် ဖြစ်ပွားသော အကြမ်းဖက်မှု ၂။ အကြမ်းဖက်မှုနောက်ကွယ်မှ...
Read more →

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း

,
ကျော်ဝင်း ------------------------------------ အစွဲ နှင့် ခေါင်းဆောင်မှု မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးကမှတ်ချက်ပြုဖူးသည်။ဤအချက်ကဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်စေရေးအတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေ သည်ဟုလည်း သူက ကောက်ချက်ချခဲ့သည်။စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဥာဏ်မီ သလောက်ဆိုရလျင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာ သွေးထွက်အောင်မှန်သည်ဟု ထင်ပါသည်။ ...
Read more →

ညီသုတ(ပြည်) မှ NLD သို့ အိတ်ဖွင့်စာပေး၍ စိန်ခေါ်

,
  NLD စွတ်စွဲသလို ဦးဝီရသူဟာ စစ်အစိုးရရဲ့ လက်ကိုင်ဒုတ် မှန်ကြောင်းသက်သေပြပါကညီသုတ(ပြည်) အမျိုးသားရေးလဲမရေး / မလုပ်သည့်အပြင် NLD ပါတီသို့ ချက်ခြင်းဝင်မည်+++++++++++++++++++++++++++++++++++++++++++++++++++မနေ့ညက NLD ကိုထောက်ခံတဲ့ ညီလေးတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ကိုညီရယ်တဲ့ ကိုညီက NLD မကောင်းကြောင်းတွေရေးပြီး အတို့အထောင်တွေသိပ်မလုပ်ပါနဲ့တဲ့ ။ ဗုဒ္ဓေါ သူပြောလိုက်မှ ကိုယ့်အမှုက ပိုကြီးသွားသလိုပဲ ကိုယ်ကပဲ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသလိုလို ၊ အဓိကရုဏ်းတွေဖြစ်အောင်ပဲ ဖန်တီးရေးသား ၀ါဒဖြန့်နေသလိုလိုဖြစ်နေပြီ ။သူကပြောသေးတယ် ဦးဝီရသူဆိုတဲ့...
Read more →

ရန်သူ့ အင်္ဂါ ( ၁၆ ) ပါး

,
တစ်စုံ တစ်ယောက်က မိမိအပေါ် ရန်သူသဖွယ် ဆက်ဆံနေတယ် လို့ ထင်နေမိရင်ကိုယ့်ရဲ့ အထင် မှန် မမှန် ဆိုတာကိုဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါ . . .ရန်သူ့ အင်္ဂါ ( ၁၆ ) ပါး -(၁) ကိုယ့်ကိုမြင်လျှင် မပြုံးရွှင်။(၂) ကိုယ့်အသံကြားသော်လည်း မနှစ်သက်။(၃) မျက်လုံးချင်းပင် မဆုံချင်၊ မျက်နှာလွှဲ၏။(၄) ကိုယ့်ကို အမြဲ ဆန့်ကျင်၏။(၅) ကိုယ်နှင့် မတည့်သူတို့နှင့်သာ ပေါင်း၏။(၆) ကိုယ်နှင့်တည့်သူတို့နှင့် မပေါင်း။(၇) ကိုယ့်ကို ချီးမွမ်းလျှင် မကြိုက်၊ တားမြစ်၏။(၈) ကိုယ့်ကို ဆဲရေးကဲ့ရဲ့လျှင် ကြိုက်၏။(၉) ရန်သူတို့၏ လျှို့ဝှက်ချက်ကို ကိုယ့်ကို မပြော။(၁၀) ကိုယ့်လျှို့ဝှက်ချက်ကို လျှို့ဝှက်မပေး။(၁၁)...
Read more →

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

,
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်” တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့် စိတ် အတော်ကြီးမားသွားသည်။ ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုး ရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။ အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည်...
Read more →