Pages - Menu

Pages

Pages

Pages

Thursday, November 7, 2013

မယမုံဦးရဲ့ ဘ၀လေးကို ကယ်တင်ကြပါ



ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုတွင်နေထိုင်သည့် ဆိုင်ကယ်ကယ်ရီသမား ကိုကျော်လှိုင်၊ ဇနီးဖြစ်သူ မနုနုခိုင်တို့ မွေးဖွားခဲ့သည့် အသက် (၁နှစ် ၁လ)ခန့်ရှိ မယမုံဦး၏ ဦးခေါင်းနောက်တွင် အသားလုံးအပိုကြီး လူကြီး လက်သီးဆုပ်ခန့်ထွက်ရှိနေပါသည်။ အဆိုပါ မယမုံဦးသည် တတိယမြောက်သမီးလေးဖြစ်ပြီး အစ်ကိုကြီး နှစ်ယောက်လည်း ရှိသေးသည်ဟု သိရပါသည်။
မွေးရာပါရောဂါပါလာသည့် မယမုံဦး၏သနားစရာအဖြစ်ကို မိဘနှစ်ပါးမှ ပဲနွယ်ုန်းတိုက်နယ်ဆေးရုံကို ပြသခဲ့သော်လည်း တာဝန်ရှိသူများမှ မကိုင်ရဲကြောင်း၊ ထိုရောဂါမျိုး မတွေ့ဖူးကြောင်း၊ အသက်မရှင်နိုင်ကြောင်းပြောပြီး ပြန်လွှတ်ခဲ့သည်ဟု သိရပါသည်။ ထို့နောက် စာရေးဆရာမ မသန္တာမြတ်သောင်းမှတဆင့် နယ်လှည့်ဓမ္မကထိက ဆရာတော်အရှင်ဇ၀န (ပဲခူး)ထံ စေလွှတ်အကူအညီတောင်းခံခဲ့သလို ဘာသာရေးမဂ္ဂဇင်းတစ်စောင်မှလည်း ကူညီပေးမည်ဆိုသဖြင့် မိဘနှစ်ပါး ၀မ်းသာခဲ့ကြသော်လည်း နာမည်ကြီးဆေးရုံတစ်ရုံတွင် သမားတော်ကြီးနှင့် ပြသခဲ့ရာ ငွေကြေးမတတ်နိုင်သဖြင့် ခွဲစိတ်ခြင်း မပြုနိုင်ခဲ့ကြောင်း သိရပါသည်။ သနားစရာ မယမုံဦး၏ရောဂါ ခွဲစိတ်ကုသနိုင်ရန်အတွက် ပါဝင်ပေးကြပါရန် ဓာတ်ပုံနှင့်တကွ တင်ပြအသနားခံအပ်ပါသည်။
မယမုံဦးနှင့် ပတ်သက်ပြီး အရှင်ဇ၀န(ပဲခူး) 09425024913၊ Eternal Light မဂ္ဂဇင်း (01-210800 ၊ 0931719229 ) တို့ထံ ဆက်သွယ်ကူညီနိုင်ပါကြောင်း ကုသိုလ်အကျိုးမျှော် နှိုးဆော်အပ်ပါသည်။ ကျေးဇူးပြုပြီး ထပ်ဆင့် share ပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ကြပါစေ။

No comments:

Post a Comment