Pages - Menu

Pages

Pages

Pages

Monday, September 30, 2013

အသက်အရွယ်က စကားပြောတယ်



CIA ရဲ့ အကြီးအကဲဟာ စုံထောက် အသစ်သုံးယောက်ကို ခန့်ဖို့အတွက် စစ်ဆေးနေပါတယ်။

၂၅ နှစ်၊ ၃၅နှစ် နဲ့ ၄၅ နှစ် ရှိပြီဖြစ်တဲ့ အသစ်လူသုံးယောက်ကို သေနတ် တစ်လက်စီ ပေးလိုက်ပါသတဲ့။

နောက်ပြီးတော့ သူတို့ရဲ့ မိန်းမတွေကို အခန်းတစ်ခုစီမှာ ထည့်ထားပြီးတော့

“ကောင်းပြီ၊ မင်းတို့ မိန်းမတွေ ထည့်ထားတဲ့ အခန်းထဲကို ၀င်သွား၊ ပြီးရင် ဟောဒီ သေနတ်နဲ့တေ့ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်”

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ စုံထောက်ကောင်လေးက ချက်ချင်းပြန်ဖြေတယ် “ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော့်မိန်းမကို ကျွန်တော်အရမ်းချစ်တယ်”

အသက် ၃၅နှစ်၊ သေနတ်ကိုင်ပြီး အထဲကို ၀င်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာတယ်.. “ကျွန်တော် မပစ်ရက်ဘူး.. ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်သေးတယ်”

အသက် ၄၅ နှစ်၊ သေနတ်ကိုင်ပြီး အထဲဝင်သွားတယ်…. ခြောက်လုံးပြူး သေနတ်က သေနတ်သံ ၆ ချက်ထွက်လာတယ်… ပြီးတော့ လင်မယားနှစ်ယောက် စကားများသံတွေ ထွက်လာတယ်။

စုံထောက် အကြီးအကဲ အခန်းထဲကို ပြေးဝင်လာတယ်…

စုံထောက်အသစ်ကပြောတယ် “ဘယ်ငတုံးက သေနတ်ထဲကို ကျည်ဆံအတုတွေ ထည့်ထားတာတုံး… ဒီမှာ ၆ ချက်ပစ်တာတောင်မှ တစ်ချက်မှ ကျည်မထွက်ဘူး”

တိန်....ကောာင်းဗျ

ရီမောနိုင်ပါစေ

by lon elys..................

No comments:

Post a Comment